![]() |
From Google image serch |
ပိတ်ဆည်းကြပ်တည်း
လေးဘက်လေးတန်ကာရံထားစရာ
အိမ်တဲ့ဗျာ..။
လုံခြုံရုံတင်ပြီးရော
ခုတော့
စေ့ကျပ်မဟ
ပြတင်းဝကလည်းမနှစ်မြို့စရာ
ဒဿနလေပြေလေးတွေ
ယဉ်ကျေးနေခြည်နွေးတွေ
မိုးမှုန်မွှားသံစဉ်သွားတွေ
လင်းကျင်းရှင်းသန့်
လွတ်လွတ်လပ်လပ်ဝင်လာပစေပေါ့။
အရေးကြီးတာက
ရပ်တည်ဆဲ
ကိုယ့်ခြေထောက်တွေ
ယိမ်းယိုင်လဲပြိုမသွားဖို့ပဲ
အဲ့ဒီ
မိုး လေ နေ တွေ ကြောင့် လေ။ ။
(3.2.97 စိတ်ရှုပ်ထွေးတဲ့ညကရေးတယ်။)
ချိုတကူး(ကလေး)
8 မှတ်ချက်:
နာလည်အိမ်ကိုသတိရတယ်
တားတားလည်းသတိရတယ် ကဗျာကောင်းလေး အားပေးသွားပါတယ်ဗျာ
ဒဿနလေပြေလေးတွေ
ယဉ်ကျေးနေခြည်နွေးတွေ
မိုးမှုန်မွှားသံစဉ်သွားတွေ
လင်းကျင်းရှင်းသန့်
လွတ်လွတ်လပ်လပ်ဝင်လာပစေပေါ့။
အရမ်းကြိုက်တယ်.........။
အောင်မှူးဝေ။)-=နာလည်းကြိုက်တယ်။
အောင်မှူးဝေ။)-=နာလည်းကြိုက်တယ်။
ငမောင်..
ငါနေတဲ့အိမ်-၁
ငါတို့နေတဲ့အိမ်မဟုတ်ဘူးဟပြင်လိုက်ဦး။
အိမ်မှာနေတဲ့သူက
အိမ်လွမ်းစရာမလိုပေမယ့်
အိမ်လွမ်းနေသူများနဲ့ထပ်တူ
ကဗျာလေးကို ခံစားအားပေးလျှက်ပါ.....။
ဖတ်လာပါတယ်။
Post a Comment