ငါ ပုံအောထားတာ နင်မသိတာ
အလိုရှိမှ အခင်ဆုံး နင်သုံးတတ်တဲ့စကားလုံး
သုံးသပ်ဖို့ ခက် ဆုံးဖြတ်လို့ မတတ်
နင်မုန်းသွားရင် အရင်ဆုံးဖျားမှာ ငါ့နှလုံးသားလေ...
သတိရလားမမေးနဲ့  နင့်အကြောင်းပဲတွေး
ညှိလို့ မရနေ့ ည နင့်ငါ့ကိုပြုစားထားတယ်
ကုစားဖို့ အတွက် နွေးထွေးတဲ့လက်တစ်စုံ
ဒီတစ်သက်ပုံကာပေးဖို့  အကုန်သာတွေးတော့...
ဆုံမှတ်တွေဝေး ငါ့ရင်ခုန်သံ အေးစက်ခဲကုန်ရပြီ...
နင်ရှိရင်ငါပျော်တယ် နင်ရှိအောင်ငါမျှော်ဖို့ 
ရောင်နီလင်းသစ် တစ်ပေါက်လောက်တောင်
ငါ့မှာခံစားခွင့်မရှိနိုင်တာသိနေတယ်....
ဆာလောင်မှုနဲ့ နှလုံးသားငယ် အပြုံးစကားအလည်
အရှုံးများလွယ် ရုန်းအားငယ်တော့...
ကံဆိုတာယုံ ပုံကာရယ်သက်ဆင်း
နင့်ခြေရင်းက ငါ့အချစ်...
နင်းချေပစ်မယ်ဆိုလည်း ငါမငြင်းပါဘူး...
ဘာဖြစ်ဖြစ်ချစ်နေချင်တာဆိုတာထက်
ဘာလုပ်လုပ်ခွင့်လွှတ်ပေးတတ်တာ
ရယူလိုခြင်းအတ္တတွေလို့  နင့်စာရင်းမှာမပါရင်
အနာဂတ်ရဲ့ နှစ်ဦးသားလမ်း ပန်းတွေတော့မခင်းတတ်ဘူး
ပျော်ရွှင်ခြင်းတစ်ခင်း ငါစိုက်ပျိုးရင်း
လက်တစ်ကမ်းမှာတော့ရှိနေမယ်
နင်ကျေနပ်မှာပါ....
လေလွင့်လူ(ကမာမြေ)
5 မှတ်ချက်:
ကျေနပ်လိုက်ပါကွယ် သနားပါတယ် :D
အရေးအသားကတော့လန်ထွက်နေတာဘဲဝေးး
ကောင်းသဟ ကောင်းသဟ ဆက်လုပ် ဆက်လုပ်
အားပေးလျှက်
အင်းးးးးးးး
လေလွင့်လူတော့
ဘာတွေပုံအောထားလဲ......။
ရှိသမျှပုံအောတာတွေကုန်နေပြီထင်တယ်....
စားစရာတော့ချန်ထားအုံးကိုယ့်လူ...အဟဲ :P
ကောင်းလိုက်တဲ့ကဗျာ
ကောင်းတယ်ကွာ( မေရယ် အထင်မလွဲလိုက်ပါနဲ့  ငါ့လူလည်း ကဗျာတွေ ရေးရလွန်းလို့  တေတော့မယ်..နားလည်ပေးလိုက်ပါတော့နော်)
နားလည်မပေးတော့လည်း ငါကဗျာများများရတာပေါ့ လို့ ....တိန်
Post a Comment