အညာရယ် တစ်ခါကွယ် ပြန်ကာလွမ်းတော့...
ဆူးပုတ်ဝယ် ပဲကြီးခတ်၊ခရမ်းချဉ်ချက် နီစပ်စပ်
ငရုပ်ကယ်တဲ့ ထိုးထောင်ထောင်
ပူလေတယ် ဖြူလေတဲ့ ထမင်း အာခေါင်ကယ်သွင်းလို့  လွေး...
မိုးမျှော်က အာကိုလောင်လို့ 
လက်ဖက်ရည်ကြမ်း၊ထန်းလျက်ခဲနှင့်ပဲလှော်ကြီးတို့ 
ကူးရတယ်လေး...
အရှေ့ ကယ်မျှော် ညို့ ကာမှိုင်း ရိုးမရိုင်းက သိုင်းထားတယ်
ရှု့ ချင်ဖွယ် မျှော်ကယ်မဆုံး ပျိုးခင်လယ် စာကယ်ခြောက်
ခပ်တောက်တောက်နဲ့  ကိုစာခြောက်...
သေလ္လာခြေ မာလာဖူးရယ် မျစ်ဦးငယ်တူးပါလို့ 
ပင်ညောင်ချဉ် ဖူးရစ်ကယ် ပုရစ်ဖူး
တို့ အညာ ထိုအင်တောမှ ဖက်ခုတ်ခဲ့ ပြန်ချိန်(နေ)စောင်းလို့ 
ခွေးပိန်ငယ် လျှာတလှပ်လှပ် သခင်အပါးယဉ်ကယ်ပါး
ထပ်ချက်ပေါ့လေ...
ကြံစုန်နွား ပြေးလမ်းတဆုံး ဖုန်လုံးတွေလည်းလိမ့်လို့ ရယ်
ခြူသံမြိန် မိုးထိစွန့် မလေး ပြေးကြပေါ့လေး....
ခါချိန်ဝယ်ဂိမ္မာန်လပေမို့ 
ဒဟတ်ပန်းကြွေလေမှာဝဲ စင်္ကြာနှယ်လေး
ပင်ဇီးဖြူ ညှာတံပွတ်၊ပန်းစကားတို့  အလှကြွယ်
အရိုင်းငယ်တောင်ငယ်ပန်းရယ်နှင့် ဆွတ်ပျံ့ ဖွယ်
ပန်းချီမှုန်း သီကုံးရယ်မှီစာကိုစီ တုမနိုင်ပါ့မလေး
ပင်လက်ပံ ခြေအောက်ရင်းက ပွင့်ခင်သဏ္ဍာန်
ကောဇောခင်းနှယ်ရဲနေပေါ့လေး...
ဇရပ်၊ချိုး၊ခါး၊ဘုတ်ငယ်နှင့်ဘီလုံး၊ကြက်တူ...သာတကာစုံ
ပျော်ရွှင်ရွယ်မြူး ဆိုသီကြူးကာ ဝတ်ရည်ကိုငုံကြတယ်
တောလုံးကယ်မြူး.....
ပင်လက်ပံ တောင်ကိုင်းဖျားက ပျားကယ်ပုံ အုံကြတယ်
ဆန်ကောလောက်ကို ကြီး....
တောင်တော်ပြင် ရွှေမြင်တင်နှင့်လှေကားနင်းချီတက်ရင်းက
အမောထူ တောသူလေအား လေပြေကူ ထူကာပေးလို့ 
ဆည်းလည်းသံ တချွမ်ချွမ်နှင့် တောင်ပေါ်မှာ စေတီသာအား
ဦးခိုက်စို့ လေး....
အညာနွေ ပူပုံထူးရယ်
တနောင်း၊ဇီး၊မကျဉ်းနှင့် ဆူးပင်ကများ လေတွေရူးတဲ့
ဒီလရယ် တန်ခူးမှာက ခံစားလွယ် စကားမကြွယ်သူမှာ
အညာလမ်း တမာတန်းနှင့်
အလွမ်းတွေနဲ့ လူး............
လေလွင့်လူ(ကမာမြေ)
7 မှတ်ချက်:
အညာရယ် တစ်ခါကွယ် ပြန်ကာလွမ်းတော့...
ဆူးပုတ်ဝယ် ပဲကြီးခတ်၊ခရမ်းချဉ်ချက် နီစပ်စပ်
ငရုပ်ကယ်တဲ့ ထိုးထောင်ထောင်
ပူလေတယ် ဖြူလေတဲ့ ထမင်း အာခေါင်ကယ်သွင်းလို့  လွေး...
မိုးမျှော်က အာကိုလောင်လို့ 
လက်ဖက်ရည်ကြမ်း၊ထန်းလျက်ခဲနှင့်ပဲလှော်ကြီးတို့ 
ကူးရတယ်လေး...
အမလေးးးးးး ပြောကာမှပဲ စားချင်သဖွယ်
အညာဒေသရဲ့အစားစာ အရမ်းကောင်းသလို
ကဗျာဆရာရဲ့ အရေးသားတကယ်ပြောင်မြောက်လှပါတယ်
နာလည်အညာသူလုပ်မလို့ ဒီကဗျာဖတ်ပြီမှတ်ထားမယ် :P
အညာမြေအကြောင်းလေးဖတ်ရတော့ ပိုပြီးလွမ်းမိတယ်ဗျာ
ကိုယ့်မြေ..ကိုယ့်အိမ်လေးကို ချက်ချင်းပြေးမြင်ယောင်မိတယ်..
သရုပ်ပေါ်အောင် ဖော်နိုင်ပါ့ဘိ....။
အညာကိုမရောက်ဖူးပါဘူး ကဗျာထဲမှာတွေ့လိုက်ရတယ်
တောင်တော်ပြင် ရွှေမြင်တင်နှင့်လှေကားနင်းချီတက်ရင်းက
အမောထူ တောသူလေအား လေပြေကူ ထူကာပေးလို့ 
ဆည်းလည်းသံ တချွမ်ချွမ်နှင့် တောင်ပေါ်မှာ စေတီသာအား
ဦးခိုက်စို့ လေး....
အညာတောင် ပြောင်းနေချင်လာပီ.. ခိခိ.........။
http://www.zwmnna.com/2012/01/gmail-gtalk.html
လွန်ခဲ့သော သုံးနှစ်ကျော်လောက်က ရေးခဲ့တဲ့ ဒီကဗျာလေးကို တော်တော် များများနေရာလေးမှာ တွေ့ရတော့ ဝမ်းသာကျေနပ်မိပါတယ်... အတိတ်ကို ပြန်လည် သတိရမိပါတယ်.. ဒါတောင် ဟိုးအရင်က မေးလ်လိပ်စာလေး ကို မြင်မှ သတိရသွားလို့ပါ.. :)
Post a Comment