![]() |
ဘုပုံလဲကွ..နကောင်မလေး အငယ်ပုံနဲ့ တူထှာ..ညီညီရာ |
အတိတ်ဆိုတဲ့ အရိပ်က
တိတ်တဆိတ် တိုးဝင်လာ
နင့်ကို သတိရ တာတွေ ရှိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
မလွမ်းနဲ့ တော့တဲ့...............။
ချစ်တယ် ဆိုတဲ့ စကားလုံး
မုသားတွေ သုံးကာ
နင်ပြောခဲ့ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
မုန်းလိုက် တော့တဲ့.................။
သစ္စာ တရားကို
အပေါစား သဖွယ်သုံး
နင် ငါ့ကို ပစ်ခဲ့တုန်းက
ခံစားရ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
နာကျည်း လိုက်တော့တဲ့.................။
ချစ်သူရေ......
နှလုံးသားဆိုတာ
ဦးနှောက်ရဲ့ စေခိုင်းချက်မှာ
တိကျစွာ လိုက်လျော လျှက်ဆိုရင်
ငါလည်း နင့်ကို မေ့လိုက်ချင်တယ်..............။
"လူတွေ ပြောကြပါ သေးတယ်
အချိန်ဆိုတာ သမားတော်တဲ့"
ချစ်သူရေ....
အချိန်ဆိုတာ
ငါ့အတွက် အမှန်စင်စစ်
သမားတော် မဖြစ်ခဲ့ ဘူးဆိုတာ.......................။
ညီညီ(မြန်အောင်)
3 မှတ်ချက်:
ဟုတ်တယ်လေ အချိန်ဆိုတာအကောင်းဆုံးသမားတော်ပါပဲ
ဘိုးဘိုး ကောင်းမလေးကချောလိုက်တာနော်
ဘိုးဘိုး အသဲကွဲမယ်ဆိုလဲ ကွဲလောက်ပါတယ်
အားပေးသွားပါတယ်ဘိုးဘိုး
သစ္စာ တရားကို
အပေါစား သဖွယ်သုံး
နင် ငါ့ကို ပစ်ခဲ့တုန်းက
ခံစားရ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
ခွင့်လွှတ် နားလည် ပေးလိုက်ပါတဲ့..........။
:)))))
Post a Comment