Thursday, February 16, 2012

ကွန်ပျုတာ ၀ယ်ယူဖို့  အကာင်းဆုံး တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင်


မေးထဲကနေ မေးလာတဲ့ မေးခွန်းတစ်ခုကို ဖြေရင်း ဗဟုသုတ ပြန်တင်လိုက်ရပါတယ်

ကွန်ပျုတာ ၀ယ်ဖို့ အတွက် ဘယ်ဟာအကာင်းဆုံးလဲ သိပါရစေတဲ့ သူမေးတာတွေက

Graphics Card အတွက် ဘယ်အမျိုးစား ကောင်းသလဲ..? ။ အခု 2012 အထိ အသုံး

ပြုမှု အများဆုံး Graphics card 10 ကို ဖော်ပြပေးလိုက်ပါတယ်........................။

(1) AMD Radeon HD 6990

(2) Nvidia GeForce GTX 590 

(3) ATI Radeon HD 5970

(4) Nvidia GeForce GTX 580 

(5) AMD Radeon HD 6970 

(6) Nvidia GeForce GTX 480 

(7) ATI Radeon HD 5870  

(8) Nvidia GeForce GTX 470 

(9) ATI Radeon HD 5850 

(10) Nvidia GeForce GTX 285

အကောင်းဆုံး ကွန်ပျုတာရယ်လို့  ပြောရအတော်ခက်တယ် နည်းပညာတိုးတက်လို့ 

ဒီဟာအကောင်းဆိုပြီး ၀ယ်လိုက်။ နောက်ထပ် အဲ့ထက်ကောင်းတာပေါ်လာပြန်ရော

မေးတဲ့သူက Game အတွက် လိုချင်တာဆိုတော့ ကောင်းတာကိုပဲ ရွေးပေးလိုက်၏

Window                        Window 7 Home Premium 64 bit
Video Card                    Dual NVIDIA GeForce GTX 580 
Core Clock                    1544MHz
Video Memory               6GB 
Audio                           7.1 HD Surround Sound 
Sound                          7.1 HD Surround Sound
Processor Type              Intel Core i7-980X
CPU Speed                    3.33GHz
Cores                          
Threads                       12
RAM                            12GB DDR3 
Primary Storage            80GB SSD
Secondary Storage        1TB HDD 
Motherboard                MSI X58A-GD45 X58

အကောင်းဆုံး  ဆိုပေမယ့်လည်း  Window 7 Home Premium က  သုံးတဲ့ အခါမှာ

Group Policy Editor ကို ၀င်လို့ မရဘူးလို့  တွေ့ နေရတယ် ။ 64 bit ဟာလည်း 32

ထက်ကောင်းတယ်ဆိုပေမယ့် ဆော့ဝဲတွေ အင်စတောလုပ်တဲ့အခါမှာ အခက်ခဲ အချို့ 

ရှိတယ် အရင်ဆော့ဝဲအများစုက 32 bit အတွက် ဆိုတော့ Zaw gyi ထည့်တာကအစ

64 bit က အနည်းငယ် အလုပ်ပိုတယ် ။ဒါပေမယ့် ကွန်ပျုတာ လုံခြုံ မှု နည်းလမ်းအရ

64 bit က  ဟက်ကာတွေ  ၀င်ရောက်ထိုးဖောက်ဖို့    မလွယ်ဘူးရယ်လို့    မန်နေဂျာ

ကျနော်ဆရာ  ကိုဝတုတ်  ထံမှ ဗဟုသုတများကို မျှဝေလိုက်ပါ၏ ။မသိရင် အလုပ်မှာ

မန်နေဂျာကို မေးပါတယ် ။သူက အကုန်ရှင်းပြ၏ ။သရက်သီးနဲ့ ဆား ဘက်ကျနေတာ

အလုပ်မလုပ်ပဲ ကွန်ပျုတာတွေအကြောင်း ဆွေးနွေး လေကန်နေကြတာ ။ ဒါပေမယ့်

သူများ မသိတော့ ကိုယ့်ကိုမေးတယ် ကိုယ်မသိတော့ မန်နေဂျာ မေးကြည့်ရတာပေါ့

တရုတ်နှစ်ကူး ပိတ်တုန်းက ကလန်တန်ပြည်နယ်သွားချင်တာ ခရီးစဉ် လမ်းညွှန်ပါဦး

ဆိုတော့ Googel Earth နဲ့  သေသေချာ ရှင်းပြပေးတာ အခုလည်း ကျနော်မေးတာ

ကို သူကရှင်းပြတယ် အဲ့တာကိုမှ မေးတဲ့သူဆီလည်း ပြန်စာရေးရင်း ဘလော့ပေါ်မှာ

အမှတ်တရ တင်ပေးထားလိုက်ပါကြောင်း................................................။

Orginal Ref  link: http://computers.toptenreviews.com/gaming/

3 မှတ်ချက်:

Angelhlaing(May everybody be happy and healthy! said...

အမျိုးအစားက HP Window 7 Home Premium 64 bit ကျန်တာတော့ နားမလည်ဘူး အဲဒီ လက်တော့ ကောင်းမကောင်း ကြည့်ပေးပါ ..ဆရာမောင် ...:P

Anonymous said...

မနောက်ပါနဲ့  ဒေါ်လေးရယ်..သားသားကအတည်ပြောနေတာကို အပေါ်ယံကတော့ ကောင်းပါတယ်..ဟိဟိ System အပြည့်စုံမှ မသိရတာ.. ဘီလိုပြောရမတုံး...

Shine Lay said...

ကျနော်စက်က asus core i3, CPU @ 1.80 GHz,RUM 4.00GB. 64bit. 720 m .. အခြေအနေလေးသိချင်လို့ပါ။ ကောင်းမကောင်း ကြည့်ပေးပါ ဦး ။ အဲဒါနဲ့ 720M ဆိုတာက ဘာကိုပြောတာလဲ ခည

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here