Tuesday, February 7, 2012

ငြိနေတဲ့အကြည့်တွေအကြောင်း..အောင်မှူးဝေ

 အိုအောင်မင်းအောင်မပေါင်းရချင်ေ

အိုအောင်မင်းအောင်တော့ကောင်းစေချင်ပါတယ်

စိတ်ကိုပစ်ချလိုက်တဲ့အခါ

ပျော်ရွှင်မှုဟာကျတဲ့နေရာမှာငြိမ်နေဖို့

တစ်ခါတစ်ရံ

အကြောင်းတစ်မျိုးမျိုးပြပြီးငိုရတယ်

ဆွံ့အသွားတဲ့ငိုသံမှာ

အချစ်ကအကြောင်းတရားပါပဲ။

တစ်နေ့လုံးလည်နေတဲ့ဘီးမှာ

အတွေးဟာ ပလတ်စတစ်အိတ်နဲ့အတူတူ

ငြိပြီးလည်နေတယ်

နေ၀င်သွားတာတောင်

ငိုသံတွေက၀င်မသွားတော့

ထွက်လို့ရသလောက်

ဒေါသတွေပဲထွက်လာ

ပွင့်ချလိုက်တဲ့အကြည့်တိုင်း

ဒဏ်ရာတစ်ခုထဲသင်းပျံ့တယ်

ငါ..

တစ်ကပြန်စလိုက်ရင်ကောင်းမလား

အနက်ရောင်ရင်ကွဲစကတ်ကလေးက

ငါ့အာရုံကိုပြဋ္ဌာန်းထားတာဟာ

မီးသဂြိုဟ်စက်ထဲရောက်နေတဲ့

ဂျူးပေါက်စလေးလိုဖြစ်နေခဲ့

ပူလောင်မှုက

သံသရာနဲ့ပြိုင်နေပြီ။ ။



အောင်မှူးဝေ


2 မှတ်ချက်:

မေဝင်း789 said...

ပူလောက်မှုက
သံသရာရာနဲ့ပြိုင်နေတယ်တဲ့လား
ကိုကဗျာဆရာရဲ့
အားပေးသွားပါတယ်ဗျနော်

အောင်မှူးဝေကဗျာများ said...

(အောင်မှူးဝေ)
ပြိုင်မယ့်ပြိုင်ကြီးတာနဲ့ပြိုင်လိုက်တာကောင်းတယ်လေ။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here