Wednesday, February 22, 2012

ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။


ဟိုလိုလို .. ဒီလိုလိုနဲ့ စပြီး
ဒီလိုလို ... ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ဖေဖေပြောဘူးတဲ့စကား
သားရင်ထဲမှာ မှတ်ထားတယ်..........။။

ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။

ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
အားအင်များအဖြစ် ဖန်တီးပေး
သားဘဝ သုည(၀)လေးမဖြစ်စေရဘူး...........။။

ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်ပြီ............။။
                                                                                      
ညီညီ(မြန်အောင်)


6 မှတ်ချက်:

ချစ်စံအိမ် said...

ကဗျာလေးဝခံစားသွားပါတယ် မီပူနဲ့တော့ ဒေါသလည်းမထွက်နဲ့တော့နော်

စံပယ်ချို said...

ဒီလိုလို ... ဟိုလိုလို
လမ်းလျှောက်ရင်းဖတ်ခဲ့ပါတယ်
ခင်မင်တဲ့ sis jasmine

Anonymous said...

ကဗျာလေးဖတ်ရင်း
ဒီလိုပါပဲကွယ်လို့ပဲ တိုးတိုးလေးရွတ်သွားခဲ့တယ်


မောင်ဘကြိုင်

မေဝင်း789 said...

ဟိုလိုလို .. ဒီလိုလိုနဲ့ စပြီး
ဒီလိုလို ... ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ုမှန်လိုက်တာ ဘိုးဘိုး
မြေးလေး အားပေးသွားပါတယ်နော်

ညီညီ said...

သူငယ်ချင်းအားလုံး ကျေးဇူးပါနော်.....

ရစ် said...

အင်း .......
ညီလေးတော့ ဒုက္ခရောက်နေပြီထင်တယ်
အဖေ `တ´ နေတယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here