ခင်မင်မှုနဲ့ အစပြုခဲ့တဲ့သံယောဇဉ်
ယုံကြည်စွာ ရစ်ပတ်ခဲ့ပြီးမှ
မေ့ပစ်လိုက်ဖို့ ငါဘယ်လိုအင်အားရှိမှာလဲ.........။
အတူကြည်နူးခဲ့တဲ့ နေ့တွေ
ပြန်တွေးတိုင်း ငါ့ရင်မှာလွမ်းနေမိတယ်
ထာဝရ အတွက်ပေါ့.....................။
ပိုင်ဆိုင်ခွင့် မရှိပေမယ့်လည်း
အဝေးကနေပြီး ကြည့်ခွင့်လေးတော့ ရချင်သေးတယ်
နှုတ်ဆက် လမ်းခွဲချိန်အထိပေါ့.......................
အရာရာမှာ စည်းခြားနေတော့လည်း
ချစ်ခွင့်မရှိတဲ့ ငါ့နှလုံးသားဟာ
လွမ်းနေရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ..................။
ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်မလာတဲ့ဘဝမှာ
နှုတ်ဆက်လမ်းခွဲချိန်အထိ
ငါတို့ ဖြူစင်စွာနဲ့ (သူငယ်ချင်း) တွေပေါ့နော်.......................။
ပုသိမ်သား
11 မှတ်ချက်:
နှုတ်ဆက်လမ်းခွဲချိန်အထိ
ငါတို့ ဖြူစင်စွာနဲ့ (သူငယ်ချင်း) တွေပေါ့နော်.......................။
ဒီစာသားလေးကိုအကြိုက်ဆုံးပဲဗျ
မတီပီမဲ့ အားပေးသွားပါတယ်နော်
ဟာ..ဟ
ရိုးရိုးလေးပဲ ဒို့ချစ်ခဲ့တယ် သူငယ်ချင်းရယ်......
သူငယ်ချင်းလေးပါတဲ့..သူငယ်ချင်းလေးပဲတဲ့ကွယ်.... ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်.......
သူငယ်ချင်း...
ရှေ့ဆက်မင်းဘဝဟာ အမြဲချိုမြိန်ပါစေ..အောင်မြင်ပါစေ......
ဟဲသွားတယ်... ဟဲသွားတယ်.......
သူ့အပေါ်မှာ ပင်စွဲလန်းနေတဲ့ ဒို့ရဲ့သံယောဇဉ်..အဟိ..
သူငယ်ချင်းလို့ပဲ ဆက်၍ ခင်စေချင်....
အဒူဒူနေတာဆိုတော့ တိဒယ်..ရင်းတွင်းညစ် ကဗျာလေး အားပေးတွားပါတီ......။
အဝတ်အစားတွေ မီးပူတိုက်ဖို့ ဝယ်ပေးခဲ့တာ နာပါပဲ.....
နင်စားဖို့ ချော့ကလက်တွေ အကြွေးဝယ်ပေးတာ နာပါပဲ.....
နင့်အကိုတွေ အိမ်လည် လာလို့ သွားကြိုပေးတာ နာပါပဲ.....
နင်စားဖို့ အစိမ်းကြော်တွေ ကြော်ပေးတာလည်း နာပါပဲ......
ခရီးသွားတိုင်း ပိုက်ဆံလိုလို့ ထုတ်ပေးတာလည်း နာပါပဲ..
သူငယ်ချင်းထက် ထူးပီးမလာခဲ့ တကယ်တော့ငါ အရူးကြီးပါပဲ.....
အဟဲ..အဟဲ..ဗြဲ.... အဒူဒူနေတာဆိုတော့ တိဒယ်...
နာဒယ်..နာဒယ်... တကယ်နာဒယ် ရင်တွေ....။
ကြိုက်လယ်ရာရာမှာ စည်းခြားနေတော့လည်း
ချစ်ခွင့်မရှိတဲ့ ငါ့နှလုံးသားဟာ
လွမ်းနေရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ..................။
ချစ်သူကိုလွမ်းတဲ့ကဗျာလေးဖတ်နေပါတယ်နော်
လမ်းခွဲချိန် တိုတာ ချစ်သူတွေမှာမရှိစေချင်ပါဘူးဟယ်
ပြောရင်းနဲ့စားလုံးပေါင်းကမှားနေပြီ
ဆိုတာလို့ရေးတာပါ
လမ်းခွဲချိန် ကဗျာကိုဖတ်ရတာ
သတိရစရာတွေပါ
အဟဲ......
အားပေးပါတယ်
အရူးတစ်ပိုင်းနဲ့ရူးခဲ့တဲ့သူငယ်ချင်း....... မင်းနေတိုင်းအရက်ပုလင်းတွေ.... ရင်မှာပိုက်ခဲ့တာ....စာနာပါတယ်ကွာ.... .ဟဲ...ဟဲ...
အခုလို လာရောက်အားပေးတဲ့ သူငယ်ချင်းအားလုံးကို
အထူးပဲ ကျေးဇူးတင်ပါသည်။ ဆက်လက်ကြိုးစားပါဦးမည်။
အခုလို ခံစားတင်ပြခွင့်ရတဲ့အတွက်
သူငယ်ချင်း မောင်(စွယ်စုံကျမ်း)အား
အထူးပင် ကျေးဇူးတင်ရှိပါကြောင်း.......မဖွကြေးနော်...ဟဲ...ဟဲ..
Post a Comment