ကျောင်းလွယ်အိတ်ထဲက
ခေါင်းလောင်းသံတွေကိုထုတ်ထုတ်ကြည့်မိတိုင်း
ငယ်ဘ၀တွဲလက်ဟောင်း
ဈေးဦးပေါက်စံပယ်တင်မှဲ့ကလေး ကိုလွမ်းဆွတ်
တစ်ဖက်ကိုတစ်ဖက်ကမေ့ပစ်မရခဲ့တဲ့
အကြွေစေ့လိုသတိရချက်က ခက်တယ်။
ဘ၀ပြေးလမ်းတစ်ဝက်တိတိ
ဆွဲထားတဲ့မျဉ်းဖြူလေးဟာ
မင်းပေါ့.........မင်းပဲပေါ့ လဲ့ဝင်းဝါ
ငါဟာ...
မျဉ်းသေကိုမှမြတ်နိုးမိခဲ့တယ်။
အောင်မှူးဝေ
၂၇.၂.၂၀၁၂
အောင်မှူးဝေ
၂၇.၂.၂၀၁၂
4 မှတ်ချက်:
လဲ့ဝင်းဝါဆိုတာ ဘီသူတုံး ကဗျာဆရာရဲ့..အားပေးသွားပါတယ်
ဖတ်သွားပါတယ်
(အောင်မှူးဝေ)
လဲ့ဝင်းဝါဘူဖစ်ဖစ်ကွာမမေးနဲ့
လူကြီးကိုရှက်အောင်
ဟဲ
တစ်ဖက်ကိုတစ်ဖက်ကမေ့ပစ်မရခဲ့တဲ့
အကြွေစေ့လိုသတိရချက်က ခက်တယ်။
Post a Comment