Sunday, February 26, 2012

ဆေးရောင်လှလှ ခြယ်ချင်တယ်...............


ပေးလိုက်ရတာက "အချိန်" တွေ
ပြန်ရလိုက်တာက "ငွေ"
မေမေရေ.......
"အဿပြာ" ဆိုတဲ့ စကားက
လူတွေအတွက်ကတော့ ဒုတိယ ဘုရားပဲ...........။

လိုချင်ခဲ့တဲ့ "ဓန" အတွက်
ပေးခဲ့ရတဲ့ နေ့ရက်တွေက
မာန တွေကို အညွန့်ချိုး
လောဘ တဏှာနဲ့ အစပျိုးတော့
ဖေဖေရေ......
သောကတွေက နောက်မှာ တနင့်တပိုး နဲ့..............။

လူမှုရေး ဆိုတာ ခေါက်ထား
ဘက်လိုက်တဲ့ "လူမျိုး"တွေရဲ့ကြား
ဒူးထောက်လို့ ခစားနေရ
ငွေပေးခိုင်းတဲ့ သဘာဝ
စိတ်ထဲမှာ အထာမကျ ပေမယ့်
"မြန်မာကွ" လို့လည်း မကြွေးကျော် ရဲခဲ့ဘူး..............။

သင်းကွဲ ငှက်ရဲ့ တေးသံ
ကြားသူ နားမှာ မသာယာပြန်
တဒုန်းဒုန်း စက်သံတွေရဲ့ကြား
အချိန်က ဇရာ ကို စားသုံး
တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးနေတုန်းပေါ့................။
 မြန်မာပြည်ကို တမ်းတ
အိပ်မပျော်တဲ့ ညမှ
လောဘ ဆိုတဲ့ ငရဲခန်း အောက်
သောက ဆိုတဲ့ သရဲက ခြောက်နေတုန်း ခုထိ.............။
မျှော်လင့် သလို လက်ရာမမှီ
ကိုယ်တိုင်ရေးတဲ့ ပန်းချီက
အခါခါ ပြန်ကြည့်မှ မှားမှန်းသိ
အော်.....
ဆေးရောင်တောင် ငါ မခြယ်မိခဲ့ဘူး.................
                                                                            ညီညီ(မြန်အောင်)


5 မှတ်ချက်:

စံပယ်ချို said...

ညီညီရေ
ဒီတခါ အတွေးတော်တော်ကောင်းတာပဲ
ခင်မင်တဲ့ sis jasmine

မောင်(စွယ်စုံကျမ်း) said...

ခံစားချက်ချင်းတူတယ်ညီညီရာ...ရင်ဘတ်ကြီးနဲ့ ခံစားသွားတယ်

ညီညီ said...

ဖြစ်ရပ်မှန်လေးတွေပေါ့ မမဂျက်ရေ........
ကဗျာလေးတွေရေးပီးတော့ပဲ ခံစားရတာလေးတွေ
ဖွင့်ပြခွင့်ရနေတာလေ.........
ငမောင့်ကိုလည်း အရမ်းကျေးဇူးတင်တယ်.........
ရင်ထဲမှာ ခံစားနေရတာလေးတွေ နည်းနည်းတော့ လျှော့သွားတာပေါ့........။

ချစ်စံအိမ် said...

အရေးအသားတွေတိုးတက်လာပါလာနော်
ကောင်း၏လူမှုရေး ဆိုတာ ခေါက်ထား
ဘက်လိုက်တဲ့ "လူမျိုး"တွေရဲ့ကြား
ဒူးထောက်လို့ ခစားနေရ
ငွေပေးခိုင်းတဲ့ သဘာဝ
စိတ်ထဲမှာ အထာမကျ ပေမယ့်
"မြန်မာကွ" လို့လည်း မကြွေးကျော် ရဲခဲ့ဘူး....

ရစ် said...

ငွေဟာ လူတွေအတွက်
ဒုတိယ ဘုရားသခင်ဆိုတာကို
လက်ခံတယ်..................။
ကမ္ဘာမှာ မြန်မာပြည်က
သယံဇာတ ပေါကြွယ်ဝပြီး
ဆင်းရဲတဲ့နိုင်ငံအဖြစ်ရှိနေခဲ့တာ
ဘာကြောင့်လဲ................။
ကမ္ဘာမှာ မြန်မာလို့ ကြွေးကြော်လို့ မရဘူးဖြစ်နေတယ်နော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here