ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ယောင်္ကျားတွေဟာ ဘယ်လောက်ကောင်းလဲ ဆိုတာ သက်သေတွေ့ ပြီ

2006 လောက်က Friendster Social ကခေတ်စားတယ် ကျနော်အဲ့တုံးက ကူးခဲ့တဲ့ပုံ

ဒီစာလေးကို ဖတ်မိတာ အနာဂတ်ကြယ်ပွင့်လေးမှာ မနိုင်းနိုင်းစနေ ဘာသာပြန်သည်
လို့ ရေးထားတယ် မူရင်းလင့်လေး ဖတ်လိုက်တော့ အတော်လေးသဘောကျလို့  ပြန်
ပြိးမှတ်တမ်းတင်ထားတာ ခဏခဏ ဖတ်လို့ ရတာပေါ့ မှန်တယ်ထင်တယ် မှားတယ်
ဘယ်ပြောမှာလဲနော..သူရေးတာအမှန်တွေချည်းပဲ ...ဖတ်ကြည့်လိုက်ပါ.............။

တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။ 

စာတွေက မဆုံးသေးပါဘူး မူရင်းလင့် မှာ ကုန်အောင်သွားဖတ်စေချင်ပါတယ်

မူရင်းပိုင်ရှင်လင့် - http://www.99sanay.com/2012/02/blog-post_13.html 


10 မှတ်ချက်:

လွင်ပြင်လှိုင်းငယ် said...

လန့်သွားတာပဲ ခေါင်းစဉ်ကြည့်ပြီးတော့
မှတ်သားထိုက်တဲ့ စာသားလေးတွေပါပဲ

Anonymous said...

မလန့် ပါနဲ့ ယောက်ခမရယ် သူတို့ ကို သိစေချင်လွန်းလို့ ပါ မဒမ်လွင်ပြင်ကို အမီးဆွဲပြီး ဖတ်ခိုင်လိုက်.....တိန်

ချစ်စံအိမ် said...

ဝ ဖတ်တွားတယ်နော် ဒီနေ့ကစပြီထက်မြတ်တဲ့မိန်းမပဲဝလုပ်တော့မယ်:)

Anonymous said...

အဲ့လိုပဲဖြစ်ရမယ် ၀ တို့ မန်းမတွေ တိအောင် ကူးပြီးတင်ပြတာ ၀များများ သိမှဖြစ်မယ် ပူညံ ပူညံ မလုပ်နဲ့ နော်..

maywin789 said...

ဝေးးးးးးးးးးလူလေး
မမကြီး လာဖတ်သွားတယ်နော်
မမကြီးတို့က ဘယ်လိုမိန်မလဲ တိဝူးနော်းးး????

ရစ်ငှက် said...

အင်း ဘယ်လိုမိန်းမဖြစ်မယ်
မဖြစ်ဘူး ပြောမရပေမယ့်
သေချာတာတခုကတော့
ယောက်ျားနဲ့ မယှဉ်တာကောင်းတယ်

ဝိုင်(ငဖဲ) said...

ဒီblogရဲ့ အဖွဲ့ ဝင်ဖြစ်ချင်လို့ ပါဘယ်လို့ register လုပ်ရမလဲဆိုတာပြောပြပေးစေလိုပါတယ်

ဝိုင်(ငဖဲ) said...

ကျွန်တော့်blog ကိုဒီဘလော့ဂ် မှာတင်ပေးလို့ ရမလားခင်ဗျာကျွန်တော့်ဘလော့ဂ်က
http://zawmyotun.blogspot.com ပါ

ဝိုင်(ငဖဲ) said...

ကျွန်တော့်blog ကိုဒီဘလော့ဂ် မှာတင်ပေးလို့ ရမလားခင်ဗျာကျွန်တော့်ဘလော့ဂ်က
http://zawmyotun.blogspot.com ပါ

Anonymous said...

ဝိုင်ငဖဲ ရေ ချိတ်လို့ ရပါတယ်ခင်ဗျာ မန်ဘာဝင်ချင်ရင် ဒီဝက်ဆိုဒ်၇ဲ့အောက်ဆုံးနား ချက်ဘောကါအထက်မှာ၇ှိပါတယ် အရင်ဝင်ထားတဲ့ Follower 234 ဆိုတာလေးနားက Join This Site ကို နှိပ်ပြီး ၀င်လိုက်ပါ..ကျေးဇူးတင်ပါတယ်..

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here