![]() |
လက်ရှိသုံးနေတဲ့ သားသားလေးရဲ့ ဆိုဒ်ဒီဇိုင်းလိုချင်ရင်ယူသုံးပါ ဟန်ဂျီအင်းတော့ မပါဘူးနော် |
ဒါကတော့ကျနော်သုံးနေတဲ့ လက်ရှိ ဒီဇိုင်းပုံစံကို မျှဝေလိုက်တဲ့ သဘောပါ ။လိုချင်တဲ့
အခြေခံပညာသင် ၀ါသနာရှင်တွေအနေနဲ့ မိမိတို့ ရဲ့ ၀က်ဆိုဒ်မှာ ပုံစံတူ ယူသုံးချင်ရင်
ပေးထားတဲ့ ဖိုင်ကိုဒေါင်းလုပ်ယူပါ။ ပြီးလျှင် ဖိုင်ကို ဖြေလိုက်ပါထွက်လာတဲ့ဖိုင်လေးကို
မိမိဘလော့ရဲ့ Dashboard => Design => Edit HTML ကနေ upload ဆွဲတင်
ပြီး Save မလုပ်ခင် Preview နဲ့ အရင်ကြည့်ပါ ။အဆင်ပြေပြီဆိုမှ Save Template
ကိုနှိပ်ပေးပါ အဲ့လိုဆို ကျနော့ဝက်ဆိုဒ်ပုံစံမျိုး ဖြစ်လာပြီ။ ခေါင်းစဉ်ဒီဇိုင်းလေးကိုလည်း
ဆွဲနည်း တင်ပေးပြီးသားပါ ဒီပုံစံက မီနူးဒီဇိုင်းထပ်ထည့်ရင်တော့ မလှပါဘူး အဲ့ကြောင့်
မယူခင်စဉ်းစားပါ ။သူငယ်ချင်းတစ်ဦးကပြောတယ် သူရဲ့ ဆိုဒ်မှာ သူများဆွဲပြီးသားကို
ယူသုံးထားတာလင့်တွေက သေနေတော့ အရုပ်တွေမပေါ်တော့ဘူးလို့ ပြောလာတယ်
အခုကျနော်ဆွဲတာက ဘာအရုပ်မှမပါဘူး ရိုးရိုးရှင်းရှင်းလေးကိုမှ မျဉ်းကြောင်းတွေနဲ့ 
စနစ်တကျဆွဲထားတာပါ ။ မီနူးဒီဇိုင်း မထည့်ပဲ ကျနော်လုပ်သလို သုံးရင်တော့ အဆင်
ပြေကြမှာပါ ။ လိုအပ်သလို ပြန်ပြင်သုံးခွင့်ရှိပါတယ်။ မေးလာတဲ့သူများကို အသေးစိတ်
ပြန်ရှင်းပြပေးဖို့ က နိုင်ငံခြားသူဌေးတွေရဲ့ လက်အောက်မှာ လုပ်နေရတဲ့ဘ၀ ဆိုတော့
စိတ်သွားတိုင်းလည်း ကိုယ်မပါဘူး အလုပ်ပြီးမှ လက်ရှိဆိုဒ်လေး ရေးချင်တာက တမျိုး
မေးတာတွေကို ပြန်ဖြေရတာက တမျိုး ချက်တင်မှာ မေးလာတာကတမျိုး အမျိုးမျိုးပါ
ကိုယ်လည်း ပညာရှင်ကြီးမဟုတ်သေးတော့ တတ်သလောက် ကူညီပေးတဲ့သဘောပါ
ဝက်ဆိုဒ်တစ်ခုထဲ ၀င်ပြီးပြင်ပင်ပေးဖို့ က ဘယ်လို့ မှအချိန်မရတာကြောင့် အခုလိုတင်
ပေးလိုက်တာပါ ဘာမှတော့ မဟုတ်ပါဘူး လေ့လာမိသလောက်တင်ပြမျှဝေခြင်းဖြစ်ပြီး
မြန်မာပြည် ပြန်ရောက်ရင် ဒီဝက်ဆိုဒ်ကို ဆက်ရေးဖို့ အခြေနေ ပေးချင်မှပေးနိုင်မှာပါ
အဲ့ကြောင့် ဒီဆိုဒ်ရဲ့ (မှတ်မှတ်ရရ တစ်ညလုံးမအိပ်ဘဲ ကိုယ်တိုင်ဆွဲတဲ့) ဒီဇိုင်းလေးကို
မျှဝေလိုက်ရပါကြောင်း.။
ဒီ လင့်မှာ Download ယူပါ - မောင်(စွယ်စုံကျမ်း) ၏ လက်ရှိ Template Design
.
13 မှတ်ချက်:
အစ်ကို့ဟာကpasswordလဲမပေးထားဘူး
ဘယ်လိုကြည့်လို့ရမှာလဲ
password လေးပေးပါဦး
အစ်ကို့ဟာကpasswordလဲမပေးထားဘူး
ဘယ်လိုကြည့်လို့ရမှာလဲ
password လေးပေးပါဦး
( ဒေါင်းလုပ်ယူပြီးလျှင် zwmnna@gmail ကိုဆက်သွယ်ပါ ) လို့ ရေးထားပါတယ်ဗျာ ဘာလို့ လည်းဆိုတော့ ကျနော် တစ်ညလုံးဆွဲထားတာလေး မလို့ ပါ စိတ်တော့ မ၇ှိပါနဲ့ နော် အခုဒီမှာပဲ ရေးလိုက်ပါတယ် ဒေါင်း လုပ်ယူ ပြီးရင် ပတ်စ၀ပ်က maungssk ပါ
မောင်ကလူပျိုလား မောင်ကသဘောအရန်းကောင်းတာပဲကွာ
မောင်စိတ်ဆိုးသွားလား စိတ်ဆိုးသွား၇င်
ကျေးဇူးပြုပြီး သိချင်တာလေးတွေ သိခွင့်ရရင် 1stardmd@email.com ကိုပြောပြပေးပါနော်
အင်္ဂလိပ်စာမသိတော့မောင်ပြောတလိုလုပ်လို့မ၇ဘူး
အကောင်းဆုံးအကြံပြုပေးပါ မျက်ကန်းဆိုတော့မောင့်အကူညီအများကြီး
လိုအပ်တယ် မောင်.လိုလူတော်တစ်ယောက်ြဖစ်ဖို့် ဘာတွေကိုဆောင် ဘာတွေကိုရှောင်ရမယ် ဘာတွေအဓိကလိုအပ်တလဲဆိုတာကအစသိပါရစေ
မောင်ဆီကလာမဲ့အကူညီကိုမျှော်နေမယ် စိတ်မဆီုးကြေး
ဲ
ဟိုက်ရှားပါး လူပျိုလား..ဆိုတော့ ဘာလုပ်မလို့ လဲဟင်..တိန် လိုအပ်သည်များကို မေးမြန်းအကူညီတောင်းနိုင်ပါတယ်ဗျာ..မှတ်ချက်..ပိုက်ဆံမချေး ကြေး..ငှဲငှဲငှဲ
မင်္ဂလာပါ။ ကိုကြီးရေ ညီလေးတော့ ဒေါင်းသွားပြီဗျော့
ကျေးဇူး မြားကြီးတင်ပါတယ် ဗျာ...
ပိုက်ဆံချေးချင်ရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ သိချင်ပါတယ်... ၀က်ဆိုဒ်အပေါင်ထားမယ်လို့... ဟီး.. ဟီး... မောင်(စွယ်စုံကျမ်း)တို့ကတော့ စွံချက်... ခိခိ...
တိန်... ဒို့ မကြီးလည်း ယူခုနှစ် စလုံးထီပေါက်ပါစေဗျာ....
မောင်တလုံးရေ..လင့်ခ်သေနေပြီဟ လုပ်ပါဦး ရရင်အကြာင်းကြားပါဦး
harizar78@gmail.com
ဟုတ်လိတ်သေနေတယ် ပြန်တင်ပေးလို့ရမလား ကိုကိုမောင်
၁၂-၁-၂၀၁၃ ဒီနေ့ ရက်စွဲနဲ့  လင့်အသစ်ပြန်ပြင်ထားပါတယ် ဒေါင်းလို့ ရပါပီ
အစ်ကို လင့်သေနေလို့ကူညီပါအုံး တစ်ချက်လောက်စစ်ပေးပါအုးံဗျာ ကျေးဇူးတင်ပါတယ် ခင်ဗျာ password လေးပါတစ်ခါတည်းပေးလို့ရမလား
အစ်ကိုရေး Link သေနေလို့  ကူညီပါဦးဗျ
Post a Comment