ဗိုလ်အောင်ကျော်နဲ့
သခင်အောင်ဆန်းလည်း
တစ်ခါတုန်းကလူငယ်
ခေတ်စံနစ်သစ်ပင်မှာ
သူရဲကောင်းတွေသီးခဲ့တယ်
ပြီးတော့.....
သစ္စာဖောက်တွေပွင့်ခဲ့တယ်။
သူတို့ရဲရင့်မှုကြောင့်
ငါတို့ကောင်းစားတဲ့သီချင်းဟာ
သူရဲကောင်းသီချင်းဖြစ်ရတယ်။
မိတ်ဆွေ
လူသားဆန်သောသင့်တူရိယာမှ
အပွင့်ခြွေတီးလုံးကိုစ လို့ရပါပြီ
သင်
ဆွံ့ အနေသေးလား။ ။
အောင်မှူးဝေ
16.2.2012
2 မှတ်ချက်:
ထိလှ မိလှတဲ့ ကဗျာလေး။
လူ သားဆန်တဲ့ တူရိယာ
အပွင့်ခြွေတီးလုံး
မိုက်တယ်။
မှန်တာပေါ့
သူတို့ရဲရင့်မှု ကြောင့် ငါတို့ ကောင်းစားတဲ့ သီချင်း ဟာ သူရဲကောင်းသီချင်းပဲ ဖြစ်သင့်တာပေါ့
ဟုတ်တယ်ဗျာ..ကိုအောင်မှုးဝေရဲ့ စားသားဖွဲ့တည်မှု က လန်းတယ်
Post a Comment