(၁)
ညခင်းက လမင်းကို ငေးကြည့်နေတာလား
ဒါမှ မဟုတ်
လမင်းက ညခင်းကို ငေးကြည့်နေတာလား
ဘာပဲဖြစ်ဖြစ်
သာယာတဲ့ မြင်ကွင်းမှာ
တူညီတဲ့ ရင်ခုန်ခြင်းတော့ ရှိရမယ်...............။
(၂)
ကြယ်တစ်ခင်းလောက်
လမင်းကို ငါတို့ မရင်းနှီးခဲ့.....
ညဉ့်ငှက်တစ်ကောင်လောက်
ညအမှောင်ကို ငါတို့ မရင်းနှီးခဲ့.....
နင်နဲ့ငါ သူငယ်ချင်း
ဒီထက်ပိုပြီး ရင်းနှီးခဲ့ ခြင်းလည်း မရှိဘူး.............။
(၃)
နွေညလယ် ခင်းက
လေပြေညှင်းကို တမ်းတတယ်....
ဆောင်း မနက်ခင်းက
မြူနှင်းကို တမ်းတတယ်......
မိုးတစ်ပွင့်ရဲ့ ကြင်နာခြင်းကို
ပန်းခင်းလေးတွေက တမ်းတတယ်.......
ငါ့ရဲ့ ရင်ခုန်ခြင်းက
နင့်ကို တမ်းတတယ်..........
ဒါပေမယ့် သူငယ်ချင်း
ငါလိုချင်တာ တမ်းတခြင်း မဟုတ်ဘူး.........။
(၄)
ပြောမထွက်တဲ့ စကားလုံးတွေက
ရင်ထဲမှာ အပြည့်.....
ပူလောင်တဲ့ နှလုံးသားထဲက
သံယောဇဉ် ဆိုတာများ အငွေ့ပျံသွားရင် ကောင်းမယ်.....
ရင်ခုန်သံ စည်းချက်နဲ့
အိပ်မက်ကို နှစ်သက်နေတဲ့သူပါ
အရာရာ ဟာ ဝေဝါးဝါး
လန့်နိုးတော့မှ သံယောဇဉ်က ခါးမှန်းသိလိုက်တယ်.............။
ညီညီ(မြန်အောင်)
6 မှတ်ချက်:
သူလေးလည်းပဲ ကောင်းတာပဲ
အားပေးခဲ့ပါတယ်ဗျာ လေးစားခင်မင်လျှက် (လွမ်း)
ပြောမထွက်တဲ့ စကားလုံးတွေက
ရင်ထဲမှာ အပြည့်.....
ပူလောင်တဲ့ နှလုံးသားထဲက
သံယောဇဉ် ဆိုတာများ အငွေ့ပျံသွားရင် ကောင်းမယ်.....
ရင်ခုန်သံ စည်းချက်နဲ့
အိပ်မက်ကို နှစ်သက်နေတဲ့သူပါ
အရာရာ ဟာ ဝေဝါးဝါး
လန့်နိုးတော့မှ သံယောဇဉ်က ခါးမှန်းသိလိုက်တယ်.....
ခါးတာဆိုရင် ဘီယာလည်း ခါးတယ်နော..မနည်းသောက်ယူရတာ တစ်ဘူးဆိုမူး..နာကွ
ညခင်းက လမင်းကို ငေးကြည့်နေတာလား
ဒါမှ မဟုတ်
လမင်းက ညခင်းကို ငေးကြည့်နေတာလား-------
နှစ်ခုလုံးမမှားဘူးလေ
တစ်ယောက်တလဲစီကြည့်ကြတယ်တဲ့
ခင်မင်တဲ့ sis jasmine
အိမ်မက်ကိုမနှစ်သက်ပါနဲ့
သံယောဇဉ်က မခါးဘူး
သိလားးးးးးးးးး ဘိုးဘိုး
ကဗျာလေးက လန်းပါ၏
မြေးလေး အားပေးသွားပါတယ်နော်
ပြောမထွက်တဲ့ စကားလုံးတွေက
ရင်ထဲမှာ အပြည့်.....
ပူလောင်တဲ့ နှလုံးသားထဲက
သံယောဇဉ် ဆိုတာများ အငွေ့ပျံသွားရင် ကောင်းမယ်.....
ပြောမထွက်ရင်လည်း ပြောနဲ့ပေါ့ဟ
သံယောဇဉ်တွေကိုတော့ အငွေ့မပျံခိုင်းပါနဲ့
နဂိုကတည်းကမှ ရန်ကုန်မှာ မိုးများရတဲ့အထဲ
ကတယ်တဲ........
Post a Comment