Saturday, February 4, 2012

တစ်ချိန်က TROPICAL VILLAGE သို့..................

လူသိသူသိ ကြော်ငြာလိုက်ပီနော်..ဆရာညီ

ဒီတစ်ခါ နှုတ်ဆက်ခြင်းမှာ
ပြန်ဆုံခြင်းဆိုတာ မရှိတော့ဘူးးးးးးးးးးးးးးးးး ။
ရင်ထဲက သံယောဇဉ် ကြိုးမျှင်က
အလွယ်တကူ ဖြတ်လို့ ရနေသေးသမျှ
နင့်ကိုပဲ ကျေးဇူးတင်ရမယ်ပေါ့...............။
 
နင့် ဆုံးဖြတ်ချက် မှန်နေသလို
ငါ့ ဆုံးဖြတ်ချက် မမှားဘူးဆိုရင်
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်အား
ဒီနေရာမှာ တစ်ခန်းရပ်ထား
ငါ့ကိုယ်ငါ သနားလို့
နောက်တစ်ခန်းဆက်ဘို့ မကြိုးစားတော့ဘူးးးးးးးးးးးးးးးး ။
 
ကျေနပ် လိုက်ပါ....
ရိုးသားခဲ့တဲ့ ငါ့ချစ်ခြင်းဆိုတာ
နင်အပျော်တွဲ ဓါတ်ပုံရိုက်ခြင်းလား
ပြန်တွေးလိုက်တိုင်း နှလုံးသားမှာ ခါးတယ်................။
 
ကိုယ့်လမ်းကို ဖောက်မယ်
ကိုယ့်လမ်းကို လျှောက်မယ်တဲ့လား??????????
လျှောက်ပါ.........
တစ်ခါ တစ်ရံမှာ ခလုတ်တိုက်
နာကျင်မှုနဲ့တော့ မငိုရှိုက်နဲ့............။
 
ကံကြမ္မာရဲ့ ရိုက်ခတ်ခြင်းမှာ
နင့်အတွက် ကံကောင်းခြင်းတွေ ရှိပါစေ
ငါ........
ဆုတောင်းပေးလိုက်တယ် ကောင်မလေးရေ...............။
 
                                                                     ညီညီ(မြန်အောင်)

(သူငယ်ချင်းတွေကပြောတယ်....အလွမ်းအဆွေးဆိုတာ ကဗျာရေးလို့ ကောင်းသတဲ့....သြော်......)


6 မှတ်ချက်:

ချစ်စံအိမ် said...

ကဗျာလေးလာဖတ်သွားပါကြောင့်

Anonymous said...

ကဗျာဆရာကလည်း ခံစားချက်တွေပေါ အရေးသားတွေ ကောင်းပါပေတယ် ငါလာလည်ရင် လိုက်ပို့ ရမယ်နော်..ဒန်..ဒန်း..ဒံ

ညီညီ said...

မြေးလေးနော်......
ဖိုးဖိုးကတော့ မြေးလေးပေးတဲ့ ဆုတွေ ပြည့်သွားပြီ........။

မေဝင်း789 said...

ဘိုးဘိုး လာပီဖတ်သွားပါတယ်
ဘိုးဘိုးအသဲကလဲနော် ကွဲပဲကွဲနိုင်တယ်
ကံကြမ္မာရဲ့ (အသဲကွဲ)ရိုက်ခတ်မှ အမြန်ဆုံး
လွတ်ကင်းနိုင်ပါစေ ဟဲဟဲးးးးးးးးးးးး
အားပေးတယ်ဗျ ကိုညီညီ(့ပြန်အောင်)းးးးးးးးးး

Anonymous said...

ကွဲမှာပေါ့ အသည်းက
တယောက်ကို တခါကွဲနေမှတော့
အခါတစ်ရာက မှာတောင်မဟုတ်ဘူး.....

ပုသိမ်သား said...

အသည်းနှလုံးကို ခလုတ်တိုက်
သိပ်မိုက်တဲ့ ကောင်လေး...
အခုတော့ ကွဲပြီပေါ့(ဘာလဲတော့ မသိဘူး)
ဘာမှအားမငယ်နဲ့...ငါတို့
ကူပြီး မူးပေးမှာပါ...သူငယ်ချင်းရာ
တစ်ဆောင်တည်း အတူနေတာပဲ..
ချစ်တယ်နော်..အလိုမလိုက်ဘူး..
ဘီယာဝယ်တိုက်...ဒါပဲ..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here