မေတ္တာကို
အလျားအနံနဲ့
ဘောင်ခတ်ပြလို့မရသလို
ငါ့အချစ်တွေကိုလည်း
မင်းမြင်အောင်ပြဖို့
စကားရှာမရခဲ့ဘူး...ချစ်သူ။
-မေတ္တာမှာ
အသွားအပြန်ရှိသတဲ့
ငါ့ရဲ့
ချစ်ခြင်းမေတ္တာတွေ
နာရီမခြား..စက္ကန့်မနား
မင်းဆီသွားခဲ့ပေမယ့်
ငါ့ရင်မှာတော့
မင်းရဲ့
မေတ္တာကို
ငတ်
မွတ်
နေဆဲပါ...ချစ်သူ..။ ။
ရဝေသစ်(မြတမာ)
4 မှတ်ချက်:
မေတ္တာငတ်မွတ်ချင်ကင်းဝေးပါစေ
ရဝေသစ်ကဗျာတွေကောင်းတယ်။
အမောင်စပ်တဲ့ကဗျာတွေလည်း ကောင်းပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးက..ကောင်းပါတယ်..
အိမ်မက်...
မေတ္တာတွေအဲပည့်အ၀ ရရှိပါစေလို့
ခင်မင်တဲ့ sis jasmine
Post a Comment