ခရေဖူး........
လေရှုးသောက်လို့
နွေဦးမှာလည်း ...ကြွေကြတယ်.....ခိုင်...။
ခရေပွင့် အကြွေတွေနဲ့.........
လေနင့်အခြွေမှာ..........
မြေသင့်လို့ ခရေခင်းတဲ့လမ်း
ဝေဒနာ အနမ်းနဲ့
ငါ့အတွက်
ကွက်လပ်တွေဖြေရာမဲ့ပေါ့
လေနင့်အခြွေမှာ..........
မြေသင့်လို့ ခရေခင်းတဲ့လမ်း
ဝေဒနာ အနမ်းနဲ့
ငါ့အတွက်
ကွက်လပ်တွေဖြေရာမဲ့ပေါ့
အိပ်ပျက်ညနဲ့ မဖြေသာ
ဟိုး..............အရင်ညတွေက
ဟိုး..............အရင်ညတွေက
သ္ခင် ကိုယ်ငွေ့တွေနဲ့
မှေးစက်ခါ အိပ်နိုင်ခဲ့ပေမယ့်
သ္ခင် မရှိတဲ့ည
အလင်းမဲ့လ လိုပဲ
ကွက်လပ်တွေ ဟာပြည့်နှက်ခဲ့
အိပ်ပျက်ည နဲ့ မဖြေသာ
အိပ်ပျက်ည နဲ့ မဖြေသာ
အတွေး ထပ်ထပ်နဲ့
ငါရေးစပ်ခဲ့တဲ့ ကဗျာတွေဟာလည်း
အရွက်ပေါ် ဆေးစက်ကျရုံနဲ့
တေးစပ်မ ရတဲ့ညတွေ.............
အကြိမ်ကြိမ် ပါဘဲ............ခိုင်.........။
အကြိမ်ကြိမ် ပါဘဲ............ခိုင်.........။
ရဝေသစ်(မြတမာ)
.
8 မှတ်ချက်:
မိုက်တယ်အစ်ကို.. အားပေးသွားပါတယ်..။
ကောင်းသဗျာ။ ခံစားသွားတယ်ဗျိုး။
ကဗျာကောင်းလေးဖတ်သွားတယ် အမောင်ရေ။
ရဝေသစ်ကဗျာတွေအားလုံးကောင်းတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တော်တော်ကောင်းတဲ့ ကဗျာပါပဲ။
သူက အဖော်မဲ့အလွမ်း
များက ဘေးမှာရှိလဲ လွမ်းတဲ့အလွမ်း
ကဗျာလေးက အတော်ကောင်း.... ခေါင်စဉ်ကြီးက အဖော်မဲ့ အလွမ်းတဲ့။ လွမ်းတာတောင် အဖော်လိုသေးလို့လား မောင်စွယ်စုံရေ။
အားပေးနေမယ်... ဆက်လွမ်းဦးနော်
ခင်မင်တဲ့
မကြီးလွမ်း
ကဗျာလေး ဖတ်သွားပါတယ်
ကဗျာတွေရေးရင်း ကဗျာစပ်ကောင်းလာပြီ
ဆက်ကြိုးစားပါ....အားပေးတယ်နော့
ခိုင်နဲ့လည်း အမြန်ဆုံးနီးစပ်ပါစေ အဟင်း......
မိုက်တယ်ကွာ၊ နာမည်တောင် လာတူနေသလိုပဲ... ဘာတဲ့ ခိုင်............
Post a Comment