ငါ့လက်ထဲက အမှတ်အသား


 

နေရောင်ခြည်နဲ့အနီးဆုံးကိုတိုးကပ်ပြီး စိမ်းလန်းစွာ

ကပ်သီးကပ်သပ် ပေါက်ရောက်ရှင်သန်/သေဆုံး


တစ်ခုပြီးတစ်ခု ရွေးချယ်စွန့်ပစ် ထုံးတမ်းအစဉ်လာတွေကြား

ညပ်ပါလာတဲ့(ညှပ်မိနေတာလည်းဖြစ်နိုင်)

ခံစားထားချက်အသားစတွေနဲ့ကဗျာအကြောင်း

ငြင်းလို့ပဲမဆုံးနိုင်တော့ဘူးကိုယ့်လူ မွေးရာပါ

ဆန္ဒကို အရင်းကခုတ်လှဲရတဲ့ကိစ္စ အကုန်

လွင့်လာတဲ့လေလှိုင်းထဲ စိတ်ကူးတွေ

အတောင့်လိုက်လွင့်ပါပူလောင်စွာ

လွမ်းစရာကောင်းတဲ့အထိလွင့်တယ်ပဲဆိုပါတော့

အသံတွေ  သောင်ထွန်းလာတဲ့အထိ ဒီအကြောင်း

သစ်တာနဲ့သေရတော့မလိုမျိုးစကားလုံးတွေ

အတောင့်လိုက်ကြီးခင်ဗျားထိုင်ခုံထဲဝင်လာသလား

ခင်ဗျားထ ထ စမ်းနေတာကိုပဲ နေရာဖယ်ပေးတယ်မှတ်လို့

ဝင်ဝင်ထိုင်မိတယ်။    ။



(နည်းနည်း စတန့်ထွင်ရေးကြည့်တာပါခင်ဗျာ။ရေးဟန်စမ်းသပ်ကြည့်တာပေါ့။)



အောင်မှူးဝေ



1 မှတ်ချက်:

ရစ် said...

အဲ့လူက ဘာတွေ ထ ထ စမ်းနေတာလဲဟင်
အောင်မှူးဝေက ပွဲလန့်တုန်းဖျာခင်းတာ
ဝါသနာပါတယ်ထင်တယ် အဟင်းးးးးးးး
အဲ့လူ ထတုန်း ၀င်ထိုင်တယ်ဆိုလို့ပါ နော့

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here