Friday, March 23, 2012

ရုန်းထွက်ခွင့်


ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့အတွေးထဲက ထွက်သွားပေးပါ.
ဘ၀အတွက် ရယ်စရာ မောစရာတွေ
တွေးတောခွင့်ရချင်သေးတယ်...

ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဦးနှောက်ထဲက ထွက်သွားပေးပါ.
မှတ်ဥာဏ်တွေထဲ ပျော်၇ွှင်စရာများ
ပြောင်းလဲထည့်သွင်းခွင့်ရချင်သေးတယ်...

ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဘ၀ထဲက ထွက်သွားပေးပါ.
နေ့ ရက်တွေတိုင်း မင်းရဲ့အရိပ်က
လွတ်မြောက်စွာ ကြိုးစားကြည့်ချင်သေးတယ်...

ချစ်သူရယ်..
ကျေးဇူးပြုပြီး..
ငါ့နှလုံးသားထဲက ထွက်သွားပေးပါ.
ရင်ခုန်သံတိုင်း ဒဏ်ရာကင်းစွာ
နိုးကြားခွင့် ရှိနေချင်သေးတယ်...

ဒါတွေဟာ..
တောင်းဆိုရုံသက်သက်ပါ
မောင်းမထုတ်ပဲ မင်းထွက်သွားခဲ့တာ
အချိန်တွေ ကြာလှပေါ့..
ငါ့ကိုယ်တိုင် မလွတ်မြောက်နိုင်သေးတာတော့
ဘယ်နတ်ဆိုးရဲ့ ကျိန်စာများလဲနော်...
                                            

ဆူးသခင်(ရန်ကုန်)

.


6 မှတ်ချက်:

ရင်ဆူး said...

ကဗျာဆို ရှေ့ဆုံးပြေးလာပြီး ခံစားသွားပါတယ်.....ကဗျာကောင်းလေးပါဗျာ....

မိုးသက် said...

ကဗျာလေးအားပေးသွားပါတယ်အစ်ကို.....

Anonymous said...

အမြဲတမ်းလာလာလည်အားပေးတဲ့ ဦးလေးရင်ဆူးနဲ့  ဦးကြီးမသုံးလုံး ကျန်းမာပါစေ ချမ်းသာပါစေ...ပေးတဲ့ဆုနဲ့  သားသား ပြည့်စေ..တိန်

ချစ်စံအိမ် said...

ဝလည်းလာပါတယ်နော်....

ရစ် said...

မမရစ်လည်း အားပေးတယ်နော့
မြန်မြန်လွတ်မြောက်ပါစေ......
နတ်ဆိုးတွေကို မမရစ် ထိန်းထားလိုက်မယ် အဟင်းးးးးးး

နွေဦး said...

မောင်မင်းကြီးသား

ငါ့ကိုရည်ရွယ်တာပေါ့ ဟုတ်လဲဟုတ်တာပဲလေ တကယ်ဖြစ်နေတာကို ဟဟဟဟ ဘာပဲဖြစ်ဖြစ် ကဗျာအရမ်းကောင်တယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here