Saturday, March 31, 2012

ငါတို့ဌာနီ သမိုင်းဝင်စေတီ


လွမ်းရပါသည် မွေးဌာနီ ပွဲတော်တို့ရဲ့ တန်ခူးရာသီ
ခြိမ့်သဲစည်ကား သိုက်မြိုက်လှ သမိုင်းဝင်တဲ့ ဆင်ဖြူတောင်
ဖူးမြော်သူအပေါင်းကို ဆီးကြိုလျှက် ခွန်အားကြီးတဲ့ ဆင်နှစ်ကောင်
ခမ်းနားကျယ်ဝန်း ကိုးခန်းကြီးတွင် ဘုရားတော် ဂေါတမ
ရှေ့တော်မှောက၌် ဓမ္မစကြာပဌာန်းသံများ ဝေေ၀ဆာ……..။
ခြေတော်ရာမှ တောင်တော်ပေါ်သို့ တက်ရောက်ပါလျှင်
တောင်စာင့်မယ်တော် `မယ်ဖြူ´ နတ်နန်း အနီးနား၌
အလိုရှိရာကို ပြည့်စေဖို့ရွယ် အဓိဌာန်ဝင်တဲ့စေတီတော်၊
ပြုသောကုသိုလ်ရည်မှန်းပါ၍ ခေါင်းလောင်းထိုးကာ တောင်းဆုပန်သော
ဆုတောင်းပြည့် စေတီဘုရား ရင်ထဲအေးမြ ကြည်ညိုဖွယ်
တန်းခိုးတော်များ စုန်ကြူးလျှက် တုပမရှိ ၀င်းလက်ထိန်စွာ
ရောင်ခြည်ဖြာလျှက် ချွင်ချွင်သာသော ဆွဲလည်းသံဖြင့်
တန်ခိုးကြီးဘုရားလည်း ရှိခိုးဦးချကန်တော့ပါ၏………….။
တောင်တော်အစွန် မြောက်ဘက်တွင်ရှိ
လျောင်းတော်မူ … ကိုယ်တော်ဘုရားထံ
အပူအအေး အမောပြေရန် တထောက်နားရင်း
ဖူးမြော်ခြင်းကား ဘ၀င်နှလုံး ချမ်းမြေ့မဆုံး……..။
ဆင်တော်ငါးစီး ဘုရားအနီး၌ သဘာဝအတိုင်း ဖြစ်တည်ပါသော
စိန်တလုံးဂူတော်၊ ဇော်ဂျီဂူ နှင့် ဆင်ဖြူတွင်းမှတောင်တော်ဂုဏ်ကို
ထွန်းတောက်စေ၍ တောင်တော်တွင်ကျက်စား ဖိုညိုမျောက်များ
အခါတော်ပွဲသံ ကြားစဉ်ခါဝယ်မြူးတူးခုန်ပေါက် ကခုန်လျှက်
မြင်သူအပေါင်း ရွှင်ပြုံးစေအံ့……...။
ထူးဆန်းအံဖွယ် စာဖွဲ့မကုန်နိုင် များလှပါသော
ရှုခင်းများက ကဗျာဆရာရှုံး ငိုပွဲဆင်စေဖို့
လွမ်းမောဖွယ်ရာ  တောင်တန်းပြာနဲ့ လယ်ကွင်းများက
ရွှေသမင်မျက်လုံးနှယ် တင့်တယ်လှ၏………။

ရစ်မမ(နေပြည်တော်) 


.


6 မှတ်ချက်:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေး ကောင်းလိုက်တာ

ရာဇာထွေး said...

ကဗျာလေးဖတ်လိုက်ရတာ နဲ့ တင် သမိုင်းဝင်စေတီတော်
အကြောင်း သိခွင့်ရလိုက်ပါတယ်... ကဗျာကောင်းလေး
မို့ ဖတ်ရင်းစေတီတော်လေးကို ကြည့်ညိုသဒ္ဒါ ပွားသွားပါတယ် ခင်ဗျာ..

ခင်မင်စွာဖြင့်
ရာဇာထွေး

Anonymous said...

မမရစ်တို့ ဆီမှာလားဟင်..လိုက်လည်မယ်နော်

ရစ် said...

ရစ် တို့ရဲ့ ဆင်ဖြူတောင်စေတီတော်ကို ကြည်ညိုလေးစားတဲ့အတွက်ကျေးဇူးပါ.
ကဗျာလေး ဖတ်ရှုအားပေးသွားတဲ့ လွင်ပြင်ကိုလည်းကျေးဇူးပါ
အမောင် မြန်မာပြည်ပြန်လာရင် နွယ်နဲ့ သွားလည်ဖို့ တနေရာတိုးတာပေါ့
လာလည်လေနော့ .... အားလုံးကို ဖိတ်ခေါ်ပါတယ်
အိမ်ရှင်ဖြစ်တဲ့ ရစ်တော့ ပြေးမယ်လေ အဟဟ

Anonymous said...

မမရစ်...သမိုင်းဝင်ဆင်ဖြူတောင်ရဲ့ အကြောင်းရာတွေကိုပေါ်လွင်အောင်ရေချနိုင်တဲ့...မမရစ်ကို..ကျေးဇူးတင်တယ်နော်....ကဗျာလေးကလဲပြောစရာမရှိအောင်...တကယ်...ကောင်းပါတယ်...မမရစ်နောက်လဲ...တင်အုန်းနော်
အားပေးလျှက်..ကိုပိုင်...

Anonymous said...

မမရစ်...သမိုင်းဝင်ဆင်ဖြူတောင်ရဲ့ အကြောင်းရာတွေကိုပေါ်လွင်အောင်ရေချနိုင်တဲ့...မမရစ်ကို..ကျေးဇူးတင်တယ်နော်....ကဗျာလေးကလဲပြောစရာမရှိအောင်...တကယ်...ကောင်းပါတယ်...မမရစ်နောက်လဲ...တင်အုန်းနော်
..အားပေးလျှက်..ကိုပိုင်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here