အလွမ်းက တောနံ့ပျောက်သွားပြန်တာပဲ
ရောက်တဲ့စာမျက်နှာကစပြီး
ပရိယေသနကိုစာလုံးပေါင်းခဲ့တယ်။
အောင်မှူးဝေ..အောင်ရင်ငြိမ်း
တိုးနှောင်မိုး...အဂ္ဂ
ငါတို့ဟာ ခေတ်ကတောင်းဆိုလာတဲ့အတိုင်း
လောင်ကျွမ်းပြီးသား စာမျက်နှာဟောင်း
မီးတောင်ဟောင်းကြီးတွေ
ဓားပေါ်ကသံချေးတွေ ကွာကျမသွားသေးသလို
ကိုယ်ပေါ်ကဒုက္ခတွေလည်း
ကွာကျမသွားသေးဘူး။
ပန်းဆိုးတန်းလမ်းပေါ်
ငါတို့ခြေရာတွေကျွံဝင်သွားလေတို
နှင်းအကျဉ်းသား တိုးနှောင်မိုးကထိပ်ဆုံးလွမ်း
(သူက..အလွမ်းချေမှုန်းရေးသင်္ကေ
အောင်ရင်ငြိမ်းရေ..
အဂ္ဂရဲ့စံပယ်ခင်းကလေးထဲ
အဖြူသားတစ်ဝက်ချန်ပြီး ဆိုင်းလို့ပေါ့။
ငါတို့ခရီး
အဆိပ်ပြင်းတဲ့လမ်းတွေနဲ့နီးတယ်
ငါတို့ခေတ်ရဲ့
ရွှေပြည်အေးဆရာကြီး
မောင်စိမ်းနီလည်း လမ်းနီးတယ်
လမ်းနီးသူတွေရဲ့ဝါကျမှာ
သမိုင်းတစ်ခုလုံးချိတ်နေတယ်။
တစ်နေ့တစ်နေ့
အမှန်တရားနဲ့အမီလိုက်ပြီးမမှန်
ပြဿနာပဲ..ဆိုတဲ့ခေါင်းစဉ်ကို
ပါးစပ်ထဲထည့်ပြီး ကိုယ်စီကြိတ်ခွဲ
လေမုန်တိုင်းပဲတိုက်နေကြ
လေပြေထဲမှာပွင့်တဲ့ပန်းတွေထက်
ငါတို့က ပိုမွှေးတယ်။
ငါတို့စကား ငါတို့တရားတွေမြိုင်နေတုန်း
ကိုဇော်ကတော့
အမြန်ပြန်ပြေးတယ်
သူ့မိန်းမနေမကောင်းလို့တဲ့
အတောင်ပံမီးလောင်ခံရတဲ့ငှက်ကလေး
ဒီလူ
နေမကောင်းတဲ့ကဗျာဆရာတွေနဲ့
နေမကောင်းတဲ့ကဗျာတွေကို
ပြီးတော့
ကဗျာဆရာတွေရဲ့အမှန်တရားကို
နာလံထတောအုပ်ထဲမှာ
ဒီအတိုင်းထားခဲ့နိုင်သားပဲ။
အမှန်တရားအတိုင်းမှားခဲ့တာကိုက
မှားခဲ့တယ်ဆိုသူတစ်ဦးရဲ့ ဈာပနမှာ
ငါတို့တွေလည်း
မီးခိုးငွေ့အဖြစ် လိုက်ပါပို့ဆောင်ခဲ့
ဒုတိယကမ္ဘာစစ်ကကျည်ဆံတွေ
အခုမှ လာမှန်သလိုမျိုး
ဒဏ်ရာဟောင်းတွေပြန်ပြန်ထတဲ့အခါ
နာရီဟောင်းတွေချိုမြခဲ့။
အတိတ်ကိုပြန်လည်တူးဆွခြင်းသည်း
အတိတ်ကိုမတူးရင်
နင့်ကိုတူးရမှာလား..ပန်ဒိုရာ...
အိုဘယ့်..ပန်ဒိုရာ
နတ်သမီးပါးဝလှချည့်။
ဆွေးဆွေးပြီးစုတ်လာတဲ့စာအုပ်တစ်
ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေထဲ
သမိုင်းကိုငြင်းရတာ...
ကဗျာကိုငြင်းရတာ...
ကဗျာဆရာ/ဆရာမကိုငြင်းရတာ
နှင်းဆီပန်းခင်းကိုငြင်းရတာ..
နတ်သမီးတင်ပါးဝင်းဝင်းလေးကြို
ခါးတယ်။
ငါတို့က
ခေတ်ကိုစက္ကူစွန်ချိုးပြီး
ဘဝကြိုးနဲ့လွှတ်တင်ခဲ့သူတွေ
ဓနမှန်စာနဲ့လာမတိုက်နဲ့ မရဘူး။
ငါတို့ရှေ့
ဈေးပေါပေါကော်ဖီတစ်ခွက်အေးစက်ေ
စစ်အေးကာလတောင်ရှုံးလောက်တယ်
ငါတို့ရင်ခုန်ဘက် အကွဲလေးတွေ
(အဟတ်...အကွဲလေးတွေ)
ပန်းဥယျာဉ်လေးတွေ
မိုးဦးလေဦးစောစေကြောင်း
ဆုတောင်းကဗျာ
နောက်ဘဝ ဆက်ဖတ်ပါရန်...။ ။
အောင်မှူးဝေ
24.3.2012
3 မှတ်ချက်:
အတော်လေး ဖတ်ရခဲတဲ့ အရေးအသား အသုံးနှုန်းတွေပဲဗျာ..ဖတ်ရတာ တကယ် ရသမြောက်တယ်.......ကြိုက်၏..
ငါတို့က
ခေတ်ကိုစက္ကူစွန်ချိုးပြီး
ဘဝကြိုးနဲ့လွှတ်တင်ခဲ့သူတွေ
ဓနမှန်စာနဲ့လာမတိုက်နဲ့ မရဘူး။
ကဗျာလေးကို လာရောက်ခံစားသွားပါတယ် ခင်ဗျာ...
ကဗျာကောင်းလေးပါ... အခုလိုဖတ်ခွင့် ရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ကဗျာလေးကတော့တမျိုးတော့တမျိုးပဲနော်
ဖတ်ရတာရသတမျိုးခံစားရတယ်...
Post a Comment