နှလုံးသားစေညွန်ရာဆိုပီး
လေတံခွန်လိုသာ ကြိုးအကုန်လွှတ်နေရင်တော့
ပြန်သိမ်းရလဲခက် အထိန်းရလဲခက်ပြီး
ကြိုးပြတ်တော့မှ တောက် မခေါက်နဲ့ နော် သူငယ်ချင်း........
အရွယ်ကောင်းတုန်းက
တောင်းပြုံးမှာ အချောက်ငကုန်းလုပ်ပီး
အရွယ်လွန်မှ ပုဝါပါးကိုခေါင်းပေါင်းထားပီး
သူတောင်းစားကြီးလုပ်နေရမယ်နော် သူငယ်ချင်း.......
အရက်လေးတမြမြ.... ဖင်လေးတကြွကြွနဲ့ နေရင်တော့
ခင်အေးကလဲ အထင်သေးပီး ဖင်ဆေးတဲ့ ရေလောက်တောင်
အလေးမထားမှာမြင်ယောင်သေးတယ် သူငယ်ချင်း..............
အရွယ်ကောင်းတုန်းမှာကြိုးစား တိုးပွားလာတော့လူရာဝင်
လူနာကုတင်တစ်လုံးလောက် လှူနိုင်တယ်ထားအုံး
အားလုံးကသာဓုခေါ်ကြမှာပါကွာ သူငယ်ချင်းရာ....
ခွေးမသောက်တဲ့ အရေသောက်ပီး
အမြီးပေါက်တဲ့မြောက်ထီးကမှ ကျွမ်း(ဂျွမ်း)ထိုးတတ်ရင်
သူ့ ဝမ်းရေးတွက်အဆင်ပြေလိမ့် အုံးမယ်....
မင်းကတော့.............
ငါ့နှုတ်ဖျားကနောက်ဆုံးစကား ပါလိုက်တော့မယ်....
မင်းနဲငါဒီတစ်ခါဆုံခဲ့လို့  နေညိုချိန်မှာလေပျိုနေတယ်ဆိုရင်
ငါဘ၀မှာ မင်းနေ၀င်သွားပီသူငယ်ချင်း
ရာသက်ပန်စွန့် လွတ်လိုက်ပီ မင်းနဲ့ ငါသူစိမ်းဖြစ်သွားပီမှတ်လိုက်
သိုက်ကြီး(က.ပ.တ) kpgtheik@gmail.com
2 မှတ်ချက်:
သိုက်ကြီးရေ..အားပေးနေလျှက်ပါနော်...
ပြောချင်တာတွေ ဒဲ့ဒိုးကြီးပါလား....ကိုသိုက်ကြီးရဲ့....ကောင်းပါရဲ့ဗျာ....သူငယ်ချင်းအပေါ်စေတနာထားပုံလေး....ကဗျာလေးနဲ့တောင် ရေးလိုက်သေးတယ်.......
Post a Comment