![]() |
![]() |
ကျနော်ဆွဲထားတဲ့ ဒီဇိုင်းလေးပါ ဆော့ဝဲဒေါင်းလိုက်..လုပ်စားလို့ ရပြီနော..ဟိဟိ..ပုံတူပွားရုံပဲ |
ဒီနည်းကတော့ လူတိုင်းနီးပါး လုပ်တတ်နေပြီမလို့  အသေးစိတ် မရေးတော့ဘူးဗျာ
မေးလာတဲ့ အခြေခံပညာသင် ၀ါသနာတူ သူငယ်ချင်းလေးကြောင့် ပြောင်းနည်းကို
မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်ဒီဇိုင်းလိုမျိုး လိုချင်ရင် Template ရော ၊ ခေါင်းစဉ်ဆွဲဖို့ 
တင်ပေးထားပြီးသားပါ ။ ကျနော်သုံးနေတဲ့ အခု လက်ရှိ ၀က်ဆိုဒ်ဒီဇိုင်း ကြိုက်ရင်
၁၀မိနစ်အတွင်း ထပ်တူလုပ်လို့ ရပါတယ်။ အဲ့တော့ လိုချင်ရင် ကျနော်တင်ထားတဲ့
ဒီဇိုင်း Template နဲ့  ခေါင်းစဉ်ဒီဇိုင်းဆွဲနည်းကို ဒေါင်းလုပ်ယူထားလိုက်ရင် ရပါပြီဗျာ
အခုလူက ခေါင်းစဉ် ဒီဇိုင်းပြောင်းချင်တာဆိုတော့ ကိုယ်ပြောင်းချင်တဲ့ပုံကို ဆွဲထား
သိမ်းထားတာ ရှိမှရမှာ။ ရှိပြန်ရင်လည်း ၀က်ဆိုဒ်အကျယ်နဲ့  အညီကွက်တိ ရှိနေဖို့ 
လိုတယ်။ ဒါမှ ထည့်လိုက်ရင် ခေါင်းစဉ်ပုံက သေးပြီး ဆိုဒ်ကကြီးနေတာ မျိုးမရှိမှာ။
ဆိုဒ်အကျယ်စုစုပေါင်းက ၁၀၀၀ ဆိုရင် ပုံကလည်း အကျယ်၁၀၀၀ ပြင်ပေးရမယ်
အဲ့တာကိုတော့ Miscrosoft Picture Manager နဲ့ ပြင်ရင် လွယ်လွယ်လေးရယ် ။
လုပ်ပြီး သိမ်းထားပါ အဆင်သင့်ဖြစ်ပီဆိုရင် ဘလော့ကိုဝင် Design ကိုနှိပ်လိုက်
ပြီးရင် Header ဘေးက Edit ကိုနှိပ်ပြီး စောစောက ပြင်ဆင်ထားတဲ့ ပုံကိုထည့်ပါ
ပြီးရင် Save လုပ်လိုက်ရင် ရပါပြီ အဆင်မပြေရင်မေးပို့ မေးမြန်းနိုင်ပါကြောင်း......။
ဒီဇိုင်းပုံလုပ်နည်းကို ဒီမှာယူ - http://www.zwmnna.com/2012/Header Design
ဒီဝက်ဆိုဒ်နဲ့ ပုံစံတူလိုချင်ရင် ဒီမှာယူ - http://www.zwmnna.com/ Template
.
0 မှတ်ချက်:
Post a Comment