Monday, April 30, 2012

ဘလော့ဂါတို့ အတွက် မြန်မာပြက္ခဒိန် နောက်တစ်မျိုး


ဒီဟာလေးကတော့ ဘာမှမဟုတ်ဘူး ပြက္ခဒိန်နောက်တစ်မျိုးသုံးချင်ရင် သုံးရအောင်

ကုဒ်ပေးတာ အောက်ကကုဒ်တွေ ယူပြီးထည့်လိုက် အဆင်ပြေတယ် စာလေးပဲသုံးရ

တာလည်း တင်ထားပေးပါတယ် မြန်မာပညာရှင်တွေရေးတဲ့ မြန်မာပြက္ခဒိန်လေးပါပဲ

မူရင်းပြုလုပ်သူလည်းဖော်ပြထားပါတယ်ဗျာ ကိုယ်တိုင်းရေးမဟုတ်ကြောင်း.........။





<center><img style="width: 200px; height: 200px;" src="http://www.myanmarcalendar.org/img_calendar.php?Curdt=1307443241&amp;GMT=-120" id="mm_clendar" alt="Myanmar Calendar" border="0" /></center>
    <script language="JavaScript">
var now = new Date();var ts  = Math.round(now.getTime() / 1000); var offset = now.getTimezoneOffset();
// mm_clendar.src = eval("'http://www.myanmarcalendar.org/mcalendar.php?Curdt='+ts+'&GMT='+offset");
document.getElementById('mm_clendar').src = eval("'http://www.myanmarcalendar.org/img_calendar.php?Curdt='+ts+'&GMT='+offset");</script>

မူရင်းလင့် - http://www.soemin.net/2009/07/myanmar-calendar

.

Sunday, April 29, 2012

Facebook Timeline ဖျက်ချင်သလား ၊Timeline နဲ့  သုံးချင်သလား


ဒါက Facebook ပြဿနာကြီးတစ်ခုပါ ။ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်း

ရှိနေတာပဲ ။Timeline  ပြောင်းချင်တဲ့သူတွေအတွက်  ပြောင်းနည်း လင့်တွေကြည့်ပြီး

ပြောင်းလိုက်ကြပါ ။ အခု Timeline ကို ပြောင်းသုံးကြည့်တာ အဆင်ပြေနေတယ်လို့ 

ပြောရမှာပဲ အခုပုံစံလေးကို ပိုပီးသဘောကျတယ်။ Timeline cover ပုံလေးပြောင်းဖို့ 

Profile ပုံလေးထည့်ဖို့  သူငယ်ချင်းစာရင်း၊ဓာတ်ပုံ ၊တင်လိုက်တဲ့စာ၊ Share လိုက်တဲ့

အရာတွေအားလုံး သူအကန့် လေးနဲ့ သူ Webpage သဘောလေး ဖြစ်သွားတာမလို့ 

ဒို့ ဘလော့ဂါဆိုဒ်သမားတွေ ပိဲုပီးသုံးသင့်တယ်လို့ တောင်ထင်တယ် ။ဆိုတော့ကာ

သုံးချင်တဲ့သူ သုံးပေါ့ မသုံးချင်လည်း စာချုပ်ထားတာမှမဟုတ်တာ မောင့်သဘော

အဲ့တော့ သုံးချင်တဲ့သူက ပြောင်းသုံးကြည့် မသုံးချင်တဲ့သူတွေက Timeline ဖျက်တဲ့

လင့်တွေ ညွှန်လိုက်ပါတယ် ။ ပြီးမှ ပြောင်းနည်း ရေးပါအုံးမယ်..ခုတော့..စမ်းစေ...။


ဒီမှာကြည့် Timelime Remove လုပ်ဖို့  - http://www.youtube.com/watch?v

ဒီမှာဖတ် ပြောင်းနည်းစုံ - http://www.fbpurity.com/remove-facebook-timeline

ဒီမှာဖတ် ပြောင်းနည်းစုံ - http://www.valuewalk.com/2012/01/how-to-remo

.

Saturday, April 28, 2012

Facebook သုံးရင် ဒီလို..ဒီလို.......လေးလုပ်ဖို့ မမေ့စေချင်ဘူးဗျာ........Pls



ဒီနည်းလေးကတော့ ခုတလော စိတ်ကူးရလိုက်လို့  ရေးလိုက်တာ ဘာရယ်မဟုတ်ပါ

အဆင်ပြေမယ်ထင်မှ သုံးကြည့်နော်။ အင်တာနက်မသုံးတာ ၄ရက်လောက် ရှိနေပြီ

အဲ့တော့ မေးထဲရောက်လာသမျှ စာပြန်ပေးတယ် ဖေဘွတ် အက်သမျှ လက်ခံတယ်

လာတယ် လာသမျှ Confirm လုပ်ပေးလိုက်တာပဲ ။ရှော့ မှမရှိတာ နာမည်ကြီးလည်း

မဟုတ် ၊မင်းသားလည်း မလုပ်တော့ အေးဆေးပဲ (မင်းသားဖြစ်ရင်တော့..ခိခိ.........)

ဆိုတော့ကာ ပြောချင်တာလေးက အနီဝိုင်းထားတာလေးကို ဂရုစိုက်ပါ /ဖွင့်ဖွင့်ချင်း

လူ၁၀၀ ကျော်လောက်က ငါ့ကိုအက်ထားပါလားဆိုတာ ကြည့်မိတယ် မက်ဆေ့၃ခု

ရောက်နေတာဖတ်တယ် ပြီးရင် သတင်းဘာညာရှာဖတ်တယ် လူလိုက်အက်တယ်

ဖေ့ဘွတ်သုံးတဲ့နေ့ တိုင်း တစ်ရက်အယောက် ၃၀လောက် Add Friend ဆိုတာကို

နှိပ်နှိပ်ပေးတယ် ။တစ်ရက်ကို အယောက်၃၀ လောက် သူငယ်ချင်းတိုးတာပေါ့နော်

သူများအက်ရင်လည်း လက်ခံတာပဲ။အခုဆို မသုံးတဲ့ရက်အတွင်း ၁၀၀ ကျော်အက်

လာတော့ ဟိုက်ချားပါ ဘူတွေတုံးဟ.. နကို အက်လိုက်တာ.... ၀ိုင်းဆဲမလာမသိဘူး

ဘိုလိုပဲ ဖြစ်ဖြစ် လက်ခံလိုက်တာပဲ ။ အဲ့တော့ သူများလည်းအက် ကိုယ့်အက်လည်း

လက်ခံပေးပါလို့  တောင်းဆိုချင်တာပါ ဖေ့ဘွတ်က လူများလေ သတင်းအစုံ ကြည့်

လို့ ရလေ ၊သူငယ်ချင်းများလေ ၊ဗဟုသုတများလေပါပဲသူတို့ တင်တာနဲ့  Home ကို

နှိပ်ကြည့် ။အစုံပလုံ ကြည့်လို့ ဖတ်လို့ ရ ၊အွန်လိုင်းမှာ ၂၃၀ ကျော်လောက် ချက်လို့ 

ရနေတာပဲ ၊ လူ 3700 မှာ အဲ့လောက် အွန်လိုင်း ဖြစ်နေတော့ လန်ထွက်နေတာပဲဗျ

မထင်လိုက်ပါနဲ့  ချက်တာကတော့ မချက်ဘူး မေးတာလောက်ပဲ ဖြေတယ် မယုံရင်

အက်ကြည့် ချက်ကြည့်....၊အဲ့တော့ ဒီစာဘာအတွက်ရေးလဲ..သူငယ်ချင်းများစေချင်

ဗဟုသုတပွားစေချင် ၊ လိုတရစေချင်လို့ ပါ ။ဖေ့ဘွတ်များများအက် ပြီးရင် ဖေ့ဘွတ်

ထဲမှာ ချက် ၊ ပြီးတော့ Gtalk ထဲအက် ၊အပီအပြင်နှက် ဟုတ်နေတာပဲ ဒီအနီးနားမှာ

မောင်တလုံးသူငယ်ချင်းတွေ ပြောတာပါ ။အဲ့လိုလည်း ကောင်းတာပဲ ။ စာရိုက်တာ

မြန်လာတာပေါ့ ။ အဲ့တော့ ဆိုးကျိုး ကောင်းကျိုးကတော့ ကြိုက်တဲ့သူနဲ့ မကြိုက်သူ

သဘောထားတော့ ကွာမှာပါ ။ အခြေခံပညာသင်ဆို  အားပေးတယ်။ ကဲသာ...ကဲ

အက်သာအက်..ချက်သာချက်...ရို့ ရို.......အဆင်ပြေကြပါစေ..............................။



.

Thursday, April 26, 2012

ဘက်လိုက်ခြင်း (အတ္တ သဘောလေးကို ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျာ)



သူပြောတာ ကိုယ်နားမလည်ရင် ပြောတဲ့လူ presentation ညံ့တာ၊
 ကိုယ်ပြောတာ သူနားမလည်ရင် အဲဒီ့လူ ဒုံးဝေးတာ…

သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ 
ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…

သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တောင် ဒါ ဝေဖန်ရေးလုပ်တာ၊ 
ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ…

သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို 
တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့

ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ 
သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ…

သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ 
ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…

ရဟန်းရုပ်တု နေရာရွေ့သွားတာကျ ဈာန်ကြွတာတဲ့။ 
လူ့ဓာတ်ပုံ နေရာရွေ့တာကျ သရဲခြောက်တာလို့ ပြောကြတယ်။

(ကောင်းကင်ကို) Facebook မှ Share လုပ်ပါသည် ဖတ်စေချင်သောစိတ်ဖြင့်သာ...။

.


Monday, April 23, 2012

ကဗျာ


တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ
ငါ့ အသည်းတွေ ကြွေကြပါစေ
ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။

ငါတို့က ဘဝကို ပန်းချီကားတစ်ချပ်လို ပုံသွင်း
လှပစွာ ဆေးရောင်ခြယ်နိုင်ခြင်း မရှိမှတော့
ခပ်လျှော့လျှော့ သံယောဇဉ်ကြိုးက
ဘယ်လိုတိုးလို့ ချည်နိုင်တော့မှာလည်း............။

ကောင်မလေးရေ ငါအရမ်း ချစ်ခဲ့တာ
ငါအရမ်း လွမ်းခဲ့တာတွေဟာ
နင်မခံစားတတ်တဲ့ ကဗျာထဲမှာ
 နှလုံးသားထဲက ဆန္ဒကို ဖွင့်အပြ
ကဲ့ရဲ့ချင်တဲ့သူ ကဲ့ရဲ့ကြပေါ့..................။

အွန်လိုင်းပေါ်က ကဗျာ "ဂေါက်သီး" များစွာတဲ့လား
 ဝေဖန်လိုက်ပါ ကောင်မလေး
ငါတို့ကတော့ ကဗျာကို ရူးသွပ်နေသေးတယ်ဆိုတာ
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်
ကိုရေးထားတာ ကိုဖတ်ပြီး
ငါတို့ ကျေနပ်ခဲ့တာ
ကဗျာဆရာ ဆိုတဲ့ စကားလုံး
ငါတို့ကို ငါတို့ မသုံးဘူး...............။

တစ်ဖက်သတ် ဆန်တဲ့
အလွမ်းဓါတ်ခံ သမားတွေတဲ့လား
ဟုတ်ပါတယ်
အလွမ်းတွေကို အဖော်ပြု
ကဗျာ ဆိုတဲ့ ရာသီဥတုဆိုတာ
ငါတို့အတွက် အမြဲသာယာနေတာ
နင်ဟာ ငါ့အတွက် ကဗျာ
ဒါကြောင့် ကဗျာတွေကို ငါချစ်တယ်...................။

ညီညီ(မြန်အောင်)


Thursday, April 19, 2012

ညီမလေးစျေးကောင်းရပါစေ



Sorry ပဲ ညီမေလး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ စျေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
စျေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

Sorry ပဲ ညီမေလး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .

ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်စျေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ္မာနေဟ့ ... ဆိုၿပီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
စျေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိူးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
စျေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းစျေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်စျေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

Sorry ပါ ညီမလေးရယ် ...
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

Sorry ပါ ညီမလေးတို့ရေ ...



By မားဆုိး "http://www.facebook.com/profile.php?id=100000146656174"
မူရင်းလင့် - http://www.facebook.com/note.php?note_id=101507398691



.

Wednesday, April 18, 2012

နားထောင်ဖြစ်အောင် နားထောင်ကြည့်လိုက်ပါ (သူတို့ က အမျိုးမျိုးပဲနော်.....)





အားလုံးက အလန်းတွေ နားထောင်ပြီးမှ ဒေါင်းလုပ်ယူလိုက်ပါ ။ စုတင်ပေးထားတာ

အတော်လေးကောင်းတယ် ကယ်ကြပါအုံးရှင်တဲ့ တော်ကြာလူကြာထဲသွားလို့ အဲ့လို

ဖုန်းကမည်လာရင် လူတွေ ၀ိုင်းကြည့်ကြမှာနော် လူကြီးမင်းခေါ် ဆိုသောဖုန်းမှာက

မြန်မာပြည်မှာ ကြားနေကြ အတိုင်းပါ ကိုကိုရေ ဖုန်းလာနေတယ်ဆိုတဲ့ဟာလေးက

အတော်လေးလန်းတယ် နင်ဖုန်းကိုင်ရင်ကိုင် မကိုင်ရင် စောက်ပြဿနာ တက်မယ်

ဆိုတဲ့ဟာလေးက ဖလမ်းဖလမ်းထတယ် အဲ့တော့ နမူနာကို နားထောင်ကြည့်လိုက်

အများကြီးရှိတယ် ဖိုင်ထဲမှာ လိုချင်ရင် ဆွဲပေတော့ ကဲပေတော့......................။

ဒီလင့်မှာ ယူလိုက်ပါ -http://www.mediafire.com/Rington အလန်းဇယားများ

ဒီမှာသွားပြီးထပ်ယူနိုင်ပါတယ်မူရင်းလင့် - http://www.planet.com.mm 


.

Tuesday, April 17, 2012

အားလုံးကို ထပ်ဆင့် အသိပေးပါတယ်ခင်ဗျာ - အမှတ်စဉ် (၁)

မှန်တာပ မြန်မာပြည်ရောက်မှ UPS ခံသုံးရတာ ..အထှာလွန်ရော
အင်း..စောစောသိထားလို့  လာတောင်းသူ၇ှိရင် စဉ်းစားရတော့မယ်
မ၀င်ရင် တက်ထိုးတယ်ကွာ.....တက်ထိုးလို့ မရရင် လက်နဲ့ ကောက်ထဲ့ကွာ.....တိန်
ဒို့ အရေ..ဒို့ အရေး......
ဘုပြောတာလည်းမတိဝူး..ဟုတ်တော့ဟုတ်တယ်..
အမှန်ပဲ Relationship ဆိုလို့ ကတော့ သိပ်မအက်ကြဘူးပဲ........ခိခိ
ပြောတတ်တော့ဝူးးးး
မိန်းမမယူတော့ဘူး........အေးဆေး
မတူပါဘူးဆို နင်ကလည်း နင့်ဟာနင်ငါ့ဟာငါနော...လာကြည်နဲ့ ....ကွကို ကြည့်ပါဟ
အိမ်ပြန်သင့်ပြီ
နောက်ဆုံးပေါ်မိတ်အင်မြန်မာတဲ့....အခုအစိုးရလက်ထက်မှာထွက်တာ
အပျိုကြီးတွေက ပြောင်းပြန်စပ်လိုက်
အကုန်၇ှားတယ်...အခုတော့ ရင်တ၀က်ဖင်တစ်ဝက်တွေပေါနေတယ်ဝေး
ဦးရာလူစနစ်ဖြစ့် သောင်းကျန်းနေပါသည်..ကဲသာကဲ........တိန်
နာက ၁၀၀% ထဲမှာပါတယ်ကွ
သူတို့ အိမ်တွေ ပိုလျှံတာကိုပြောတာဟ.........................
စစ်စစ် သောက်ချင်ရင် ဒီနည်းပဲ ၇ှိတယ်ဟေ့..အော်ရီချင်တယ် နွားနို့ 
အာလူး ဘူးသီး..အာလူး..ဘူးသီး..ရထားဖြစ်လား.အင်တာနက်မှာ ဖော်ကုန်ပြီ..အေး အခု ငါလဲဖော်ထားတယ်..လန်ကွတ်တီပဲကျန်တော့တယ်ဝေး

မှန်လိုက်လေ...ပက်ပက်စက်စကထောက်ခံပါတယ်
တောက်..ကားဘီးက မိတ်အင်မြန်မာကြီးပဲ..ဖြစ်မှာပေါ့
ဖေ့ဘွတ်သုံးမှ ဖလမ်းဖလမ်းထလို့ ရမှာပါဆရာမ..ဆရာမတင် ပြတာ ကောင်းပါတယ်..ခိခိ ရင်ပါပြ
မင်းတို့ အောက်ကို မကြည့်ဘူး...အလန်းတွေ အခန်းတွေထဲမှာ တန်းစီနေတာ...
ခေတ်ကတော့ တွားပြီ..မင်းသမီးတွေက ဖော်ပြနေတာ.....အောက်ပါတို့ ကိုဖော်ပြပါ..၁၀မှတ်
တို့ ရွာမှာတော့ အဲ့လိုပဲ
အဟင့်
မီဟုတ်ပဲလဲ့....ခေးတို့ က အဲ့လိုဟုတ်ဝူး..ကွကို ချစ်တာ သိတယ်
ဘောလုံးအဆင့်ရောက်အောင် အတော် လုပ်ရမှာ..ကဲကြိုးစားထားမယ်..ဘောလုံးရအောင်
လိုင်းကျနေလျှင်လည်း သင်တို့ ဘာမှလုပ်ရမည်မဟုတ်ပါ  ..ပုံ မြန်မာ့ဆက်သွယ်ရေး
မြန်မာဖြစ် မီးသီး..အထုအော်ဒါ လက်ခံသည်
မြန်မာပြည်လွတ်လပ်ရေးရအောင် ဘူလုပ်တာလဲ...? သီဟတင်စိုးပါ ဆရာမ
အိမ်ရောက်မှလုပ်ပါ ကိုကိုရယ်..ခိခိ..နာတယ်.....အိမ်ရောက်မှလို့ 
မဖမ်းတော့ဘူး ရေးချင်ရာရေး ဆိုလျှင်လည်း ပျော်ရသည်
ကိုယ်ပိုင်စလောင်းနဲ့ တော့ လိုင်းကောင်းတယ်ဗျ



ဟိုကောင်က ၀ိုင်ဖိုင်လား..ဘီလူးတု လား ဟ..အလွတ်ထိုင်နေတာ.....


အားလုံကို ဖေ့ဘွတ်မှ ကူးယူမျှဝေပါသည်..ပိုင်ရှင်ဟုတ်ပါက ပြန်ယူလိုက်ပါ..တိန်

.
.

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here