Sunday, April 1, 2012
အလွမ်းများရဲ့နောက်တစ်မျက်နှာ
မောင်နဲ့ ချစ်သူဖြစ်ခဲ့ရတဲ့ရက်တွေ ပျော်သလား?
မငဲ့ညှာတန်း ၀န်ခံရရင်
မပျော်ခဲ့ပါဘူးချစ်သူ..
အမြဲတမ်းပြဿနာနဲ့ ရန်လိုနေတဲ့နင့်ကို
ငါမှန်ပေမဲ့ အမြဲတောင်းပန်နေခဲ့ပါတယ်..
ငါ့ရင်ထဲ ဘာဖြစ်သလဲဆိုရင်
ခွင့်လွှတ်ပေးနိုင်ဖို့ ငါ့ကိုယ်ငါ ဖြေသိမ့်ခဲ့ပါတယ်..
ဒီပေးဆပ်ခြင်းတွေအတွက်
နင်ပြန်ပေးခဲ့တာ ဘာလဲဆိုရင်
လျစ်လျူရှုခြင်း..
ရှိသမျှမာန အရည်ဖျော်ပြီး
ခပ်ရဲရဲ ၀န်ခံရရင်
နင့်ကိုငါ သိပ်ချစ်ခဲ့ပါတယ်..
နင်ထားခဲ့ပြီးတော့ ငါဘာဖြစ်သလဲ
ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်
မယုံနိုင်ခြင်းများနဲ့  ညတိုင်းငိုနေခဲ့တယ်..
နင်မရှိတော့တဲ့ နေ့ ရက်တွေ
ငါဘယ်လိုနေထိုင်သလဲ ၀န်ခံရရင်
စက္ကန့် နဲ့ အညီ နင့်ကိုလွမ်းမိပါတယ်..
ငါ့ရင်ထဲ နင့်ကိုနာကျည်းမိတာ
အတိအကျ ဆိုပေမဲ့
ငါ့ရဲ့နေ့ ရက်တိုင်း အလွမ်းတွေချည်းပဲ ချစ်သူ..
အလွမ်းများရဲ့နောက်ကွယ်မှာ
နင့်အတွက် နာကျည်းစိတ်နဲ့ အမုန်းတွေ
လှလှပပ သီကုံးထားမှန်း ငါသိနေတော့
အလွမ်းများရဲ့ နောက်တစ်မျက်နှာကို ငါမကြည့်ချင်ဘူး.. 
ဆူးသခင်(ရန်ကုန်)
.
7 မှတ်ချက်:
ချစ်စံအိမ် said...
ကဗျာလေးလာဖတ်သွားပါတယ်
ရစ် said...
အမြဲတမ်းပြဿနာနဲ့ ရန်လိုနေတဲ့ သူကို
တောင်းပန်မနေနဲ့ မိန်းကလေး သိက္ခာကျတယ်နော့
မဒမ်ကိုး said...
မကြည့်ချင်လဲမြင်နေရမှာပဲလေး)
စံပယ်ချို said...
ကိုယ့်အပေါ်မကောင်းတဲ့သူကို မစဉ်းစားတာကောင်းတယ်
လူမသေသရွှေ့အချစ်လဲမသေပါဘူး
အားတင်းထားနော်
နွေဦး said...
မိန်းကလေးတွေကိုဘာလို့ အဲလောက် နှိပ်စက်ကျတာလဲ မသိဘူး မငိုချင်လဲ မျက်ရည်ကျတယ် မတွေးချင်လဲအတွေးထဲရောက်လာတာ မေ့ချင်လဲသတိ၇နေ တယ် ဆူးရေ ကိုယ်ခံစားရမှ လူတိုင်းခံစားရပါလားဆိုတာကိုသိတော့တယ် အားတင်းထားနော်(ကဗျာမရေးတတ်ပေမယ့်ကဗျာတော့ခံစားတတ်နေပါပြီ)
Anonymous said...
ဘူက နှိပ်စက်နေလို့ လဲမသိဘူး..သူပြောလိုက်မှ ဒို့ ယောက်ကျားလေးတွေအဆိုးဖြစ်တော့မယ်...နွေဦးမတော့
နွေဦး said...
နင်တို့ တွေပေါ့ ကောင်းကိုမကော င်းဘူး အနိုင်ကျင့်တယ် မိန်းမတွေအားနွဲ့ တယ်ဆိုပြီးအနိုင်လာကျင့်နေတယ်
Post a Comment
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here