Sunday, April 8, 2012

စင်္ကာပူကို လင်ယူဖို့သွားတာလားညနေမိုး (သို့ ) ပြောမနာဆိုမနာကဗျာ- ၁


ငယ်ငယ်တုန့်းကမြို့ကလေးဆီ

နင့်အာရုံတွေပြန်မရောက်တော့ဘူး

သွားတော့မယ်နော်

သြော်..

အဆီဗူးတွေဈေးတက်သွားပြီအောင်မှူးဝေ..တဲ့

အဆက်စပ်မရှိတဲ့စကားတွေနဲ့တွေ့လိုက်တိုင်း

သွေး(စစ်ကိုင်း)နဲ့နင်ကဒီလိုပဲ

ကဗျာဆရာဆိုတာ အုပ်စုဖွဲ့မိုးရေစက်များပါပဲဟာ

မိုးကောင်းတုန်းကရွာချခဲ့ရင်

နင်လည်းအခုလောက်အထီးကျန်မှာမဟုတ်။

ငါလည်းအပျိုကြီးတွေကိုပီဇာကျွေးရတဲ့ဒုက္ခကနေလွတ်မြောက်ခွင့်ရမယ်။

အပြင်ထွက်ရမယ်

ဗိုက်ဖုံးအင်္ကျီလေးရဲ့အပြင်ဘက်ကိုထွက်ရမယ်

ကလေးတွေအော်ကြသလိုမျိုး နင်အော်တယ်

သွားလေ

ငါတို့ကတော့

နောက်မနက်ဖြန်ကိုစောင့်ကြရဦးမှာ။

ပန်းတိုင်းပွင့်မယ့်နေ့

ဆိုတာကိုပေါ့။

ငယ်ငယ်တုန်းကမြို့ကလေးဆီ

နင့်အာရုံတွေရောက်တဲ့အခါ

ပြန်လာခဲ့ပါသူငယ်ချင်း။

မင်း

စင်္ကာပူကို လင်ယူဖို့ထွက်သွားတာလားညနေမိုး။ ။

အောင်မှူးဝေ

7.4.2012

2 မှတ်ချက်:

တလနွန်ထော said...

ညနေမိုးဆိုတာ တချိန်က ကျနော်အားကျခဲ့တဲ့ကလောင် လေးတစ်ခုပါ
သွေး (စစ်ကိုင်း) လည်းတူတူပါပဲ
ညနေမိုး စင်္ကပူကို လင်ယူဖို့သွားတာလား ဆိုတဲ့စကားက မရိုင်းလွန်းဘူးလားဗျာ....

Anonymous said...

အောင်မှူးဝေ။ ။မရိုင်းပါဘူးငါကသူတို့ရဲ့ဆရာပဲကွ။ပြီးတော့သူတို့ကငါ့သူငယ်ချင်းအရင်းတွေ။ပြောမနာဆိုမနာတွေငါ့အကြောင်းသူတို့အသိဆုံးပဲ။ငါ့ဖေ့စ်ဘုတ်ဝေါပေါတက်ကြည့်လိုက်။ညနေမိုးကဒီကဗျာကိုကြိုက်တဲ့အကြောင်းကောမန့်ပေးထားတယ်။အိုကေနာ်.တလနွန်ထော။ဘိုင့်ဘိုင်။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here