Monday, April 23, 2012

ကဗျာ


တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ
ငါ့ အသည်းတွေ ကြွေကြပါစေ
ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။

ငါတို့က ဘဝကို ပန်းချီကားတစ်ချပ်လို ပုံသွင်း
လှပစွာ ဆေးရောင်ခြယ်နိုင်ခြင်း မရှိမှတော့
ခပ်လျှော့လျှော့ သံယောဇဉ်ကြိုးက
ဘယ်လိုတိုးလို့ ချည်နိုင်တော့မှာလည်း............။

ကောင်မလေးရေ ငါအရမ်း ချစ်ခဲ့တာ
ငါအရမ်း လွမ်းခဲ့တာတွေဟာ
နင်မခံစားတတ်တဲ့ ကဗျာထဲမှာ
 နှလုံးသားထဲက ဆန္ဒကို ဖွင့်အပြ
ကဲ့ရဲ့ချင်တဲ့သူ ကဲ့ရဲ့ကြပေါ့..................။

အွန်လိုင်းပေါ်က ကဗျာ "ဂေါက်သီး" များစွာတဲ့လား
 ဝေဖန်လိုက်ပါ ကောင်မလေး
ငါတို့ကတော့ ကဗျာကို ရူးသွပ်နေသေးတယ်ဆိုတာ
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်
ကိုရေးထားတာ ကိုဖတ်ပြီး
ငါတို့ ကျေနပ်ခဲ့တာ
ကဗျာဆရာ ဆိုတဲ့ စကားလုံး
ငါတို့ကို ငါတို့ မသုံးဘူး...............။

တစ်ဖက်သတ် ဆန်တဲ့
အလွမ်းဓါတ်ခံ သမားတွေတဲ့လား
ဟုတ်ပါတယ်
အလွမ်းတွေကို အဖော်ပြု
ကဗျာ ဆိုတဲ့ ရာသီဥတုဆိုတာ
ငါတို့အတွက် အမြဲသာယာနေတာ
နင်ဟာ ငါ့အတွက် ကဗျာ
ဒါကြောင့် ကဗျာတွေကို ငါချစ်တယ်...................။

ညီညီ(မြန်အောင်)


10 မှတ်ချက်:

ချစ်စံအိမ် said...

ကဗျာလေးကိုလာဖတ်သွားပါတယ်..

ချောကလက်ကျူးပစ်လေး said...

ကဗျာလေးအားပေးသွားတယ်..

မဒမ်ကိုး said...

ဒါဆိုလဲကဗျာဘဲချစ်တော့အေး)

ရစ် said...

တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ
ဘယ်နှစ်ခု လိုချင်လို့လဲ ညီလေးရ
လောဘကြီးချင်နေတယ်....
အရှုပ်ထုပ်

စံပယ်ချို said...

တစ်ခုပေးပြီးနှစ်ခုလိုချင်နေတာကတော့ များတို့ရဲ့ သားမက်လေးပါပဲ

အလွမ်းမြို့ said...

တစ်လုံးမောင်ရေ... မဒမ်ကတော့ မတရားဘူး..တူများကိုကျတော့ တူက ကဗျာချစ်ခိုင်းတယ်။ တူကျတော့ (ကိုရင်)ချစ်တယ်။ အဟင့်
လာရောက် ခံစားသွားတယ် တစ်လုံးမောင်ရေ


ခင်မင်တဲ့
မကြီးလွမ်း

laylwintlu said...

အွန်လိုင်းပေါ်က ကဗျာဂေါက်သီး တဲ့လားဟ..အမြီးတက်နင်းလိုက်စမ်းပါ..ဘူလဲပြော

နွေဦး said...

ကဗျာတွေကို ငါချစ်တယ်...................။
ကဗျာတွေကိုပဲချစ်တာပေါ့နော်တိုကြီးညီညီက

Unknown said...

ကျွန်တော်လည်း ကဗျာတွေကို မခံစားတတ်တဲ့ ကောင်မလေးတစ်ယောက်ကြောင့် ရင်နာစွာခံစားခဲ့ရဖူးတယ် အကို့ ကို အရမ်းခင်သွားပီ သူတို့တွေဘာပဲပြောပြော ကျွန်တော်တို့ညီအကို နှစ်ယောက် မေတ္တာထားပြီး ကဗျာနဲ့ သူတို့လေးတွေကို ဆက်ချစ်ကြရအောင်ဗျာ

Unknown said...

ကဗျာတွေကိုလည်း ချစ်တတ်တယ်..........
ကဗျာဖတ်ရတာလည်း ပျော်တယ်......
နောက်ထပ်လည်း တင်ပေးပါအုံးနော်....
ကဗျာချစ်သူ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here