Sunday, April 8, 2012

မိခင်


အမြဲတမ်း သတိရနေခြင်းတွေကို
"အလွမ်း" လို့ ခေါ်ဆိုကြရင်
စက္ကန့်နဲ့ အမျှ လွမ်းနေပါတယ်လေ
ငါတို့ ဇာတိ မြန်မာပြည်.........။

အမိတကွဲ အဖတကွဲ
မျက်နှာငယ် တစ်ယောက်ထဲနဲ့
နေရဲအောင်လည်း နေရတယ်အမေ.........။

မနာလို ဝန်တိုမှုတွေနဲ့
ငြူစူတဲ့ မျက်စောင်းတွေကြားက
ကျေနပ်အောင်လည်း နေပေးရတယ် အမေ.......။

ဒီလိုနဲ့
ဥသြငယ်  တွန်ကြူး
ပိတောက်တွေလည်း အခါခါဖူးခဲ့ပြီ...........။

အမေရယ်.....
ဧပရယ်ရဲ့ နှစ်ကူးမှာ
လွတ်လပ်စွာ ပျော်မြူး ချင်ပေမယ့်
ဆင်းရဲတွင်းထဲက ဘဝ
အချိန်တွေကို ရောင်းစားနေရတယ်............။

ဆုတောင်းပါတယ် အမေ
မြန်မာဆိုတဲ့ မျိုးဆက်ပန်း
ကမ္ဘာပေါ်မှာ မနွမ်းဖို့
ဒီ နှစ်ထောင် နဲ့ ဆယ့်နှစ်က
ဘဝရဲ့ အစပဲ ဖြစ်ပါစေ
ခွန်အားသစ်တို့ ပေးလှည့်ပါ အမေ.............။



ညီညီ(မြန်အောင်)

3 မှတ်ချက်:

ချစ်စံအိမ် said...

ကဗျာလေးဖတ်ပြီငိုချင်လာပြီးးး
အားပေးသွားပါတယ်..

Anonymous said...

ညီညီရေ..ငါတို့ ဘ၀တွေကို ကဗျာလေးနဲ့ ဖော်ထုတ်ပေးတာလားကွာ..အဟင့် နာငိုချင်လာပြီ

kowri said...

စာသားလေးတွေ..အရမ်းထိတယ်ဗျာ....
ငါတို့နိုင်ငံ..ခုကစပီး..ကြီးပွားတိုးတတ်နိုင်ပါစေ.....

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here