အမှားများ စွာနဲ့  ဒုက္ခပင်လယ်ပြင်မှာ နစ်မြောပီး
ကူးခတ်နေရတဲ့  ငါ့ဘ၀ကို (၀င်လာခဲ့တဲ့) ကယ်တင်ခဲ့တဲ့မင်းဟာ
မေခလာနတ်သမီးထက် အဖိုးထိုက်ပါတယ်…………………
အပွင့်တွေဝေဖြာနေပြီး ရွက်နုတွေမစိုပြည်နိုင်တဲ့
ချယ်ရီ ပင်လိုငါ့ဘ၀…….. အရွက်တွေစိုပြည် အသီးတွေသီးနိုင်ပီး
အပွင့်တွေဝေဆာမှု့ ကင်းမဲ့ တဲ့……………
ရေသဖန်းပင်၊(ဂ)ကတွက်ပင်၊ပိန္နဲ ပင်၊ထန်းပင်၊ညောင်ပင် လိုငါ့ဘ၀ကို
စိုပြည်ဝေဖြာစေခဲ့သူလေး…………..
အနိုင်ယူဆက်ဆံသမျှကို အချစ် နဲ့ ဖြေသိမ့်ပြီး
သည်းခံနားလည်ပေးခဲ့သူလေး…….. ငါမှားခဲ့သမျှ အပြစ်တွေကို
သူ့ မျက်ရည်တွေနဲ့ အတူ မြောပါသွားစေခဲ့ပြီး
သဘောထားကြီးစွာ ခွင့်လွတ်ခဲ့သူလေး……….
ကိုယ့်ရဲ့အပြစ်နဲ့  အမှားတွေက မင်းအတွက်
သောကမီးတွေ ဖြစ်ခဲ့သမျှကို မြောက်ဝန်ရိုးစွန်း ထက် လွန်ကဲတဲ့
အေးမြမှု အေးချမ်းမှု တွေကိုတစ်ဘ၀လုံးပေးသွာမှာပါ။
ကိုပြောသမျှ အသေးစိတ်လေးကအစ
မချွတ်ချော်ခဲ့တဲ့ မင်းရဲ့သတိ….. မမြင်ကွယ်ရာမှာပိုပြီး
စောင့်ထိန်းနိုင်လွန်းတဲ့  ကိုယ်ကျင့်သိက္ခာရှိသူလေး……..
အမှောင်ထုထဲမှာ လမ်းပျောက်ပြီး ရေဆာရေငတ်နေတဲ့ ငါ့ဘ၀ကို
အက်ဒီဆင် တီထွင်တဲ့အလင်းထက် အဖိုးထိုက်တဲ့ အလင်း ကိုပြပြီး
နတ်ရေစဉ်1.5လီတာ ရေကြည်တစ်ဗူးကိုယူလာပေးသူ
နွယ်နွယ်ထွန်း ရေ……. အရမ်းချစ်တယ်……။
ရှိရှိသမျှ သာယာချမ်းမြေ့မှု တွေထက် လွန်ကဲတဲ့
ငြိမ်းချမ်း အေးမြတဲ့အချစ်တွေနဲ့  ဒို့ နှစ်ယောက် ဘ၀ကို
2014 မှာ စတင်ကြမယ်………………
အချစ်+အချစ်= သာယာသောဘ၀ ဖြစ်မလာနိုင်ဘူး
အပြစ် - သဘောထားကြီးမှု + နားလည်မှု
သည်းခံမှု x ခွင့်လွတ်မှု ÷ အချစ် = သာယာတဲ့ဘ၀။
ဆိုတဲ့ပုံသေနည်းကို မင်းနဲ့ ကိုယ်တို့ အတွက် ထုတ်လိုက်ပြီ
Albert Einstein ရယ်နေမလားတော့မသိ…………
သူငယ်ချင်း အားလုံး ဒီပုံသေနည်းလေးနဲ့ အတူ
သာယာသော ဘ၀ကိုရယူပိုင်ဆိုင်နိုင်ကြပါစေ… ….
.
2 မှတ်ချက်:
အချစ်+အချစ်= သာယာသောဘ၀ ဖြစ်မလာနိုင်ဘူး
အပြစ် - သဘောထားကြီးမှု + နားလည်မှု
သည်းခံမှု x ခွင့်လွတ်မှု ÷ အချစ် = သာယာတဲ့ဘ၀။
ဆိုတဲ့ပုံသေနည်းကို မင်းနဲ့ ကိုယ်တို့ အတွက် ထုတ်လိုက်ပြီ
Albert Einstein ရယ်နေမလားတော့မသိ…………၀ဖတ်တော့ဖတ်တယ်..
အချစ်ဆိုတာကို နားလည်ပါဘူး..တိန်..
ခုမှ ၂၀၁၂ ပဲရှိသေးတယ်နော်
Post a Comment