တိမ်ပေါ်ကို တက်သွားမယ့် မြုခိုးတွေရဲ့ကြားမှာ
သူမ မျက်နှာကို မြင်ရဖို့
စောင့်ခဲ့ရတဲ့ ညတွေ မနည်းတော့ဘူး..............
ပြတ်သားလှ ချည်လား..............
လရောင်ငိုလို့ ကြယ်ရောင်ပြိုကျရမယ့်
လှပတဲ့ အပြုံးကို
အမုန်းမိုးနဲ့ ကန့်လန့်ကာချ
မာနတွေ တ၀ုန်းဝုန်းနဲ့ ထစ်ချုန်းပြလိုက်တာ
ရင်တစ်ခုလုံး ဗလာကျင်းမှ တိတ်တော့မယ်.........။
ခဏလေးပါပဲ......
ကြယ်တွေရံခ ပြုံးစစ မျက်နှာထားနဲ့
သူမ.......ပြန်ပေါ်လာတယ်
တိတ်ဆိတ်နေတဲ့ ရင်ခွင်ကို
သံသယနဲ့ ငုံကြည့်မိတော့
ဟာ....သွားပြီ
ဗျို့ အဘိုးအို ခင်ဗျားရဲ့ ဆုံထဲမှာ
ကျွှန်တော့နှလုံးသား
သူမကတော့ မဆိုင်သလို အကြည့်တချက်နဲ့
အနောက်ရပ်ကို ခရီးဆက်သွားလေရဲ့.............။
သူမ မျက်နှာကို မြင်ရဖို့
စောင့်ခဲ့ရတဲ့ ညတွေ မနည်းတော့ဘူး..............
ပြတ်သားလှ ချည်လား..............
လရောင်ငိုလို့ ကြယ်ရောင်ပြိုကျရမယ့်
လှပတဲ့ အပြုံးကို
အမုန်းမိုးနဲ့ ကန့်လန့်ကာချ
မာနတွေ တ၀ုန်းဝုန်းနဲ့ ထစ်ချုန်းပြလိုက်တာ
ရင်တစ်ခုလုံး ဗလာကျင်းမှ တိတ်တော့မယ်.........။
ခဏလေးပါပဲ......
ကြယ်တွေရံခ ပြုံးစစ မျက်နှာထားနဲ့
သူမ.......ပြန်ပေါ်လာတယ်
တိတ်ဆိတ်နေတဲ့ ရင်ခွင်ကို
သံသယနဲ့ ငုံကြည့်မိတော့
ဟာ....သွားပြီ
ဗျို့ အဘိုးအို ခင်ဗျားရဲ့ ဆုံထဲမှာ
ကျွှန်တော့နှလုံးသား
သူမကတော့ မဆိုင်သလို အကြည့်တချက်နဲ့
အနောက်ရပ်ကို ခရီးဆက်သွားလေရဲ့.............။
ရဝေသစ်(မြတမာ)
.
0 မှတ်ချက်:
Post a Comment