Friday, June 15, 2012

ေ က သီ ပိုင်ဆိုင်ခဲ့ဖူးသော ဘူတာရုံတစ္ဆေ

မကျေနပ်တိုင်း
နင်ကနင့်မျက်နှာကိုကုတ်ခြစ်ပြီးငိုသလို
ငါလည်းငါ့ခေါင်းငါ ချောင်းထောက်နဲ့ထုပြီးငိုတယ်ကေသီ
ငါတို့ဟာ
တစ်အနုတ်တစ်ညီမျှခြင်း သုည
နင့်နာမည်နဲ့ငါ့ဘဝကိုစာလုံးပေါင်းပြီး
ငါ့နာမည်နဲ့နင့်ဘဝကိုစာလုံးပေါင်းခဲ့တယ်မဟုတ်လား။
အသွေးအသားအကြောထဲက
ဆေးဝါးကိုတဆစ်ဆစ်တောင်းခံသလို
အချစ်ကလည်းအချစ်ကိုပဲတောင်းဆိုတယ်
စံပယ်ပန်းရနံ့နဲ့ နှင်းပန်းရနံ့ကခပ်ဆင်ဆင်တူတော့ရော
ငါတို့ညလေးပိုမွှေးလာမှာလား
မွေ့ရာအစုတ်ကလေးကိုခါတယ်
ရထားဥသြသံကြားတယ်
ခေါင်းအုံးထားတဲ့သံလမ်းကတုန်ခါလာပြီ
ငါ့ကိုထူပါဦးကေသီ
ငါ့ဒဏ်ရာကမိုးမိထားတာနှစ်နှစ်ဆယ်
နင်မေ့နေပြီလားကေသီ
ငါ့အချစ်ကိုမယုံတော့ဘူးလားကေသီ
ငါ့ချိုင်းထောက်ကိုလွှင့်ပစ်လိုက်တဲ့ရုံပိုင်ကြီးလိုမျိုး
ငါ့ကိုမကြည့်ပါနဲ့လား ကေသီ
ငါ့ရဲ့တိုနေတဲ့ခြေထောက်ကိုကိုက်တဲ့ခွေးလိုမျိုး
ငါ့ကိုရန်မမူနဲ့ကေသီ
ဘူတာရှိရင်ဘဝရှိတယ်ဆိုတဲ့စကား
ငါလည်းဘယ်ကြားချင်ပါ့မလဲ
ငါ့သန်စွမ်းမှုက
လွန်လေပြီးသောစစ်မြေပြင်မှာကျန်နေခဲ့ပြီကေသီ
အကြင်နာဘေးတွဲအပိုပါတဲ့ဆိုက္ကားသမားငမူးကို
နင်ကြွေနေတာလား ကေသီ
ဘဝတစ်ခုလုံး ဆိုက္ကားပေါ်ပစ်တင်ထွက်သွားတော့မှာလား
ကေသီ...ကေသီ..ကေသီ..
နင်ကျောခိုင်းသွားပြီး၁၅-မိနစ်အကြာမှာ
ကျန်းမာရေးချူချာတဲ့ငါ့ကို
နေမကောင်းတဲ့ရထားအိုကြီးကတက်ကြိတ်သွားတယ်  ကေသီ။    ။


                                                                                   အောင်မှူးဝေ
                                                                                   ၉-၆-၂၀၁၂


.


2 မှတ်ချက်:

ကိုရင် said...

ကဗျာဖတ်ရင်း နောက်လည်း လှည့်ကြည့်ရသေးတယ်.. ရထားလာမှာ စိုးလို့ဆရာရေ့..

Anonymous said...

ကဗျာစာသားတွေက မြင့်တယ်ဗျာ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here