Tuesday, June 19, 2012

စားပွဲတင်စကား-၆(table talk-6)


ကြီးကြီးကျယ်ကျယ်ဆိုတဲ့စကားကို
မိန်းမတစ်ယောက်ဝတ်ဆင်လိုက်တဲ့အခါ
အဓိပ္ပာယ်က တစ်မျိုး
ဒီနေ့နေသာတယ်/လေလာရက်သားနဲ့ပူတယ်
ဘဝတွေလည်း
ကြောင်ကိုချူဆွဲပေးထားခံရသလို
ဆူလို့ညံလို့။
အဓိကရုဏ်းဆိုတာ
ငါးပိတစ်ပုံးလိုပါပဲတဲ့
အလ္လာကိုတိုင်တယ်ပြီးတော့သတင်းစာဖတ်သူပြောပါတယ်။
အဆင်မပြေတဲ့စုန်းကိုက်ရာတွေကြား
အနောက်တောင်ဆီကဆောင့်ပြီးဝှေ့လိုက်တဲ့
မိုးသည်းလေဆန်မှာသတိရခြင်းများတပွေ့တပိုက်
ကမ္ဘာမြေအနှံ့အပြား
ပိတောက်ပန်းတွေပွင့်နေပုံကလည်း
ကြောက်စရာ။
ငါက
တစ်ခါတစ်လေ မင်းတို့မသိတဲ့ဆပ်ကပ်သမား
မင်းသမီးပေါင်ခြံကြား
ဒေါက်ခနဲသွားသွားစိုက်တဲ့ဓားဟာ
ငါသွေးခဲ့တဲ့ ဓားပေါ့
အဲဒီဓားကိုငါလွမ်းနေခဲ့တာ
တစ်သက်လုံး..။
ငါ့ရဲ့မုန်းဖော်မုန်းဖက်သူငယ်ချင်းရေ
စာအုပ်စာတမ်းမရှိတဲ့မြို့ကိုရောက်တဲ့အခါ
ငါ့ကို ကိုးကားဖို့မမေ့နဲ့ဦး။     ။

အောင်မှူးဝေ

.


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here