အမှောင်ကိုထိကြည့်လိုက်တာနဲ့
လမ်းနံပါတ်အော်ပြောတဲ့အသံကြားရ
နာနာဘာဝဖန်ခွက်ထဲ
အပြုံးနဲ့ငှဲ့ထည့်လိုက်တဲ့အဆိပ်တွေကြောင့်
နှလုံးသားအလယ်ကွဲနဲ့ကောင်ဟာ
မိုးဥတုစစ်စစ်ရဲ့
လတ်ဆတ်သောခရေပွင့်တွေကိုဆာလောင်
ကဗျာတစ်ပုဒ်ရေးတယ်ဆိုတာ
တိုင်းပြည်နဲ့စကားပြောနေတာပါ
ချစ်သူနဲ့စကားပြောနေတာပါ
သစ္စာတရားနဲ့မျက်နှာချင်းဆိုင်
ကျွန်တော်လည်းမောင်ချောနွယ်လို
အနုပညာအင်္ကျီလေးတစ်ထည်းနဲ့
ကမ္ဘာကြီးရဲ့အလယ်ကောင်ကိုရောက်ခဲ
စိတ်နဲ့ခိုးခိုးပြီးနမ်းရတဲ့ကော
တနင်္ဂနွေနေ့တိုင်းအုံ့မှိုင်းခဲ့
ကဗျာဆရာဆိုတာ
သမိုင်းကဆင့်ခေါ်လို့ရောက်ရှိလာ
သံမဏိဧည့်သည်တော်ပဲဖြစ်ပါတယ်။ ။
အောင်မှူးဝေ
၁၉.၈.၂၀၁၂
0 မှတ်ချက်:
Post a Comment