Wednesday, September 26, 2012

မိန်းကလေးအတွေး.....


ကံကြမ္မာတစ်ကွေ့မှာဖန်လာလို့
မင်းနဲ့တစ်ရံတစ်ခါတွေ့
မြင်မြင်ချင်းအကြည့်ရင်ထဲထိ
စွဲမိပါသည် ကမ္ဘာတည်

မင်းအပြုံးလေး ရင်ထဲအေး
တမ်းတမိပြီ အခါခါသည်
မင်းစကားသံနားဝင်ပီယံ
ငါ့နားထဲမှာ စွဲနေပြန်

မင်းအကြောင်းလေးငါထိုင်တွေး
ဘေးလူတွေတောင်သရော်ပြန်
အိပ်မက်ထဲလဲ မင်းအကြောင်းပဲ
စိုးမိုးနေတာ အချိန်မှန်
မင်းကမသိ ငါကငြိ
မိန်းခလေးမို့ ရှက်ပါ၏

မင်းရောဒို့လို တွေးနေမလား
မေးခွန်းထုတ်ကာ ငိုချင်လာ
မင်းအတွေးထဲ ဘယ်သူရှိမလဲ
တွေးမိတိုင်းလည်းမျက်ရည်ဝဲ
မင်းမျက်ဝန်းကို ခိုးခိုးကြည့်
ချစ်အဖြေကို ရှာနေ၏
တစ်နေ့နေ့မှာ နီးစပ်ရမယ်
ငါ့နှလုံးသားက ယုံကြည်တယ်.....။

Cinthi (GTC )



.

4 မှတ်ချက်:

မြတ်နိုးသူ said...

မင်းရောဒို့လို တွေးနေမလား
မေးခွန်းထုတ်ကာ ငိုချင်လာ
မင်းအတွေးထဲ ဘယ်သူရှိမလဲ
တွေးမိတိုင်းလည်းမျက်ရည်ဝဲ
မင်းမျက်ဝန်းကို ခိုးခိုးကြည့်
ချစ်အဖြေကို ရှာနေ၏
တစ်နေ့နေ့မှာ နီးစပ်ရမယ်
ငါ့နှလုံးသားက ယုံကြည်တယ်.
မိန်းကလေးအတွေးလေးအားပေးခံစားသွားပါတယ်

Anonymous said...

အားပေးပါတယ် မမCinti များများခံစားပီးများများရေးပါစေ..(ဒါမှ ကဗျာတင်လို့ ရမှာ)

3rdthameetaw said...

များများခံစားတိုင်းကောင်းတာမဟုတ်ဘူး
အဲ့လူကြီးကိုယ်ချင်းမစာမနာ လျှောက်ပြောတာ
သူကြတော့ ခံစားတာ ပန်ကန်ပြားနဲ့
ယောက်ျားတွေ က ယုံရတာဟုတ်ဖူး......ဟီးးးးးးးးးးးးး
ဘိုစံဖဲ ရန်မဖြစ်ဘူးနော်
ကိုယ်ခံစားရတာ ကိုယ်ရေးတာ
့ဒါဗြဲ.............

Phyu Lwin said...

တစ်နေ့နေ့မှာ နီးစပ်ရမယ်
ငါ့နှလုံးသားက ယုံကြည်တယ်.....။း)))) ကောင်း၏ ။။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here