Thursday, September 27, 2012

ချစ်သူ အမှန်ဆို………………






ချစ်သူ အမှန်ဆို………………
ဟိုးကလေး ငယ်ငယ်တုန်းက
အဖြူရောင်နှလုံးသားတစ်စုံနဲ့
 မင်းကိုချစ်ခဲ့တဲ့ငါ

ချစ်သူ အမှန်ဆို………………
သူငယ်ချင်းဘဝတုန်းက
သူငယ်ချင်းလို ၊ ချစ်သူလို
မင်းကိုချစ်ခဲ့တဲ့ငါ

ချစ်သူ အမှန်ဆို………………
ငါတို့ နှစ်ယောက် မလိုသူတွေကြောင့်
ဝေးတောမလို့

ချစ်သူ အမှန်ဆို………………….
ငါတို့ နှစ်ယောက် မှားတိုက်မိတဲ့
လေညှင်းလေးကြောင့်
နီးစပ်ခွင့်နဲ့ ဝေးတော့မလို့

ချစ်သူ အမှန်ဆို…………………
ငါတို့ နှစ်ယောက် တလွဲမာနကြောင့်
ချစ်ရင်းနဲ့ လမ်းခွဲမျက်ရည်ကျတော့မလို့

ချစ်သူ အမှန်ဆို…………………။

မမမေ (စစ်တွေ) 


.


6 မှတ်ချက်:

မောင်အောင်နိုင်ဝင်း said...

အမှန် တိုင်းတွေမရေးပါနဲ့ဗျာ ခံစားရလို့ပါ တဂယ်ကိုထိတယ်ဗျာ အားပေးသွားပါတယ်ဗျာ

မေဝင်း789 said...

ခုတော တလွဲမာနကြောင့်
ေိေိေိးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Anonymous said...

(ချစ်သူ အမှန်ဆို………………….
ငါတို့ နှစ်ယောက် မှားတိုက်မိတဲ့
လေညှင်းလေးကြောင့်
နီးစပ်ခွင့်နဲ့ ဝေးတော့မလို့ )


တကယ့်ခံစားချက်လား မမမေ...ဟက်ဟက်

Unknown said...

မောင်တစ်လုံးရေ
မမမေရဲ.ကဗျာလေးကိုအားပေးသွားပါတယ်ကွယ်
ခင်တဲ.အန်တီလေးမေခင်

မြတ်နိုးသူ said...

အမှန်ဆို………………
သူငယ်ချင်းဘဝတုန်းက
သူငယ်ချင်းလို ၊ ချစ်သူလို
မင်းကိုချစ်ခဲ့တဲ့
ငါတို့ နှစ်ယောက် မလိုသူတွေကြောင့်
ဝေးတောမလို့
ကဗျာလေးကောင်းတယ်အမအားပေးသွားပါတယ်

aungthaik said...

ချစ်သူ အမှန်ဆို ဘာဖြစ်လဲ ဆက်ဦးနော် ဟိဟိ အားပေးတယ် .ဖိုးခွားလေး

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here