ခေတ်-၁
ငိုသံတွေပစ်ထည့်ပြီး လမ်းလျှောက်သွားရတဲ့အခါ
ကျောပိုးအိတ်ဟာတုန်ခါခဲ့ပါလိမ့်မယ်
လမ်းတွေလည်းအပေါက်တွေနဲ့
အပေါက်တကာအပေါက်တွေထဲ
အတည်ပေါက်ကအဆိုးဆုံးဆိုလည်း
လက်ခံပြီးရင်းလက်ခံလိုက်ကြရုံ။
ခေတ်ကိုကခက်ပါတယ်
ကမ္ဘာမပျက်ခင်လူတန်းစေ့တော့နေဖူးသွားချင်တယ်။ ။
လက်ခံပြီးရင်းလက်ခံလိုက်ကြရုံ။
ခေတ်ကိုကခက်ပါတယ်
ကမ္ဘာမပျက်ခင်လူတန်းစေ့တော့နေဖူ
ခေတ်-၂
ဆံပင်ရှည်ရှည် စိတ်ရှည်ရှည်
အစေ့ရှည်တဲ့ ဗန်ဒါသီးမလေးတွေ ကျက်စားရာ
ဗန်ဒါစေ့ဟာဗန်ဒါပင်ကြီးဖြစ်လို့ အဲဒီအရိပ်မှာ
စစ်တုရင်ထိုးကြ လွှတ်တော်တက်ကြ
ခေတ်ဟာ ငါတို့ကို ခွေးရူးတစ်ကောင်လိုထိုးထိုးဟော င်တယ်။
ငါတို့က နာနေတဲ့ ကျားတွေ ခြင်္သေ့တွေဟာဗျူဟာကောင်းပြီး
ဒေါင်းတွေက အောက်ပိုင်းချိနေတယ်တဲ့ ဗာရာဏသီပြည်မှာ
ဘာကောင်ကြီးအုပ်ချုပ်တယ်ဆိုလား အမေစုကိုချစ်တယ်ဆိုပြီး
ခြုံပုဝါဘယ်ညာချကာရယ် လမ်းမပေါ်စကားလုံးတွေရွာချတယ်
တာဝန်ကျေရောလား
ငါလည်းမဟာဝိဇ္ဇာပါသူငယ်ချင်း..တဲ့ 
ကဗျာရေးတဲ့တစ်ယောက်ဝင်လာတယ်
ကြိုဆိုပါတယ် နိုင်ငံရေးသမားကြီးရယ်
ကဗျာဆရာဆိုတာ နိုင်ငံရေးပါတီထဲမ၀င်ဘူး
ဝင်ရင်လည်းအဲ့ဒီကောင်သစ္စာဖောက် တာပဲ
သူရေးတဲ့ကဗျာဟာ
သစ္စာဖောက်အရသာပဲရှိမယ်
နိုင်ငံရေးသမားတွေတော့ကဗျာရေးေ နကြတာပဲ
အဲဒါသူတို့ကိစ္စလေ
ကဗျာဆရာဟာကဗျာအတွက်ပဲအသက်ရှင် ရမယ်။
ခေတ်ကို
အမှန်ကန်ဆုံး တုန့်ပြန်ကြရအောင်
မိုးပျံတံတားပေါ်ကနေအော်ဆဲတဲ့အခါ
သတ်ပုံမှန်ဖို့လိုသလို
ခေတ်ကြီးနဲ့ပုံမှန်ဆက်ဆံ
ငါ့အသံငါပြန်ကြားရတာချို့တဲ့လွ န်းလို့ရင်နာရပါတယ်။ ။
ဆံပင်ရှည်ရှည် စိတ်ရှည်ရှည်
အစေ့ရှည်တဲ့ ဗန်ဒါသီးမလေးတွေ ကျက်စားရာ
ဗန်ဒါစေ့ဟာဗန်ဒါပင်ကြီးဖြစ်လို့
စစ်တုရင်ထိုးကြ လွှတ်တော်တက်ကြ
ခေတ်ဟာ ငါတို့ကို ခွေးရူးတစ်ကောင်လိုထိုးထိုးဟော
ငါတို့က နာနေတဲ့ ကျားတွေ ခြင်္သေ့တွေဟာဗျူဟာကောင်းပြီး
ဒေါင်းတွေက အောက်ပိုင်းချိနေတယ်တဲ့ ဗာရာဏသီပြည်မှာ
ဘာကောင်ကြီးအုပ်ချုပ်တယ်ဆိုလား အမေစုကိုချစ်တယ်ဆိုပြီး
ခြုံပုဝါဘယ်ညာချကာရယ် လမ်းမပေါ်စကားလုံးတွေရွာချတယ်
တာဝန်ကျေရောလား
ငါလည်းမဟာဝိဇ္ဇာပါသူငယ်ချင်း..တဲ
ကဗျာရေးတဲ့တစ်ယောက်ဝင်လာတယ်
ကြိုဆိုပါတယ် နိုင်ငံရေးသမားကြီးရယ်
ကဗျာဆရာဆိုတာ နိုင်ငံရေးပါတီထဲမ၀င်ဘူး
ဝင်ရင်လည်းအဲ့ဒီကောင်သစ္စာဖောက်
သူရေးတဲ့ကဗျာဟာ
သစ္စာဖောက်အရသာပဲရှိမယ်
နိုင်ငံရေးသမားတွေတော့ကဗျာရေးေ
အဲဒါသူတို့ကိစ္စလေ
ကဗျာဆရာဟာကဗျာအတွက်ပဲအသက်ရှင်
ခေတ်ကို
အမှန်ကန်ဆုံး တုန့်ပြန်ကြရအောင်
မိုးပျံတံတားပေါ်ကနေအော်ဆဲတဲ့အခါ
သတ်ပုံမှန်ဖို့လိုသလို
ခေတ်ကြီးနဲ့ပုံမှန်ဆက်ဆံ
ငါ့အသံငါပြန်ကြားရတာချို့တဲ့လွ
အောင်မှူးဝေ
.
3 မှတ်ချက်:
ကဗျာစာသားတွေ ပြင်းတယ်ဗျာ...ခိုက်တယ်
အစ်ကိုတို့လိုနည်းပညာရှင်တွေရှိနေတာ ကျွန်တော်တို့မြန်မာလူငယ်တွေအတွက်တော့
ကမ္ဘာ့အိုင်တီရဲ့မျှော်စင်ကြီးတစ်ခုပါ....။
အရမ်းလေးစားမိတယ်.....။
လူတိုင်းမလုပ်နိုင်တဲ့အလုပ်တွေကို
လုပ်နိုင်ကြတယ် .... အသိပညာတွေကို
မျှဝေကြတယ် ... ကျွန်တော် လေးစား
ဂုဏ်ယူမိပါတယ် .....။
Post a Comment