-
FIXED
16.0.1: Vulnerability outlined here
-
NEW
Firefox on Mac OS X now has preliminary VoiceOver support turned on by default
-
NEW
Initial web app support (Windows/Mac/Linux)
-
NEW
Acholi and Kazakh localizations added
-
CHANGED
Improvements around JavaScript responsiveness through incremental garbage collection
-
DEVELOPER
New Developer Toolbar with buttons for quick access to tools, error count for the Web Console, and a new command line for quick keyboard access
-
DEVELOPER
CSS3 Animations, Transitions, Transforms and Gradients unprefixed in Firefox 16
-
DEVELOPER
Recently opened files list in Scratchpad implemented
-
FIXED
16.0.1: Vulnerability outlined here
-
FIXED
Debugger breakpoints do not catch on page reload (783393)
-
FIXED
No longer supporting MD5 as a hash algorithm in digital signatures (650355)
-
FIXED
Opus support by default (772341)
-
FIXED
Reverse animation direction has been implemented (655920)
-
FIXED
Per tab reporting in about:memory (687724)
-
FIXED
User Agent strings for pre-release Firefox versions now show only major version (728831)
Sunday, October 28, 2012
ကိုယ့်ဘလော့ကို ဘယ်နိုင်ငံကလာပြီး ဘယ်ပိုစ်ဖတ်သွားလည်း သိချင်ရင်
ဒီဟာလေးကတော့ ဘလော့ကို အလှအပ တန်ဆာဆင်ပေးသလို ဘယ်နိုင်ငံက
လာပြီး ဘယ်ပိုစ်ကို ဖတ်သွားလည်း ခြေရာခံပေးမယ့် Live Traffic Feed လေးပါ
ဘယ်စာကို အဖတ်များလည်း ပေါ်နေမှာပါ အထူးသဖြင့် ဘယ်နိုင်ငံကလာပြီးတော့
ဘယ်ပိုစ်ကို ဖတ်လည်း သိသာစေပါတယ်။ ဘလော့ဂါတွေအနေနဲ့  အလှဆင်ဖို့ နဲ့ 
ခြေရာခံဖို့ စိတ်ဝင်စားရင် အောက်ကလင့်ကနေ လုပ်ပါ ။လုပ်နည်းလွယ်ပါကြောင်း
လုပ်ချင်ရင် ဒီလင့်ကိုနှိပ်လိုက် - http://feedjit.com/plansPricing/
.
Labels:
ဘလော့အလှဆင်နည်းနဲ့  wedgets
Friday, October 26, 2012
အနှောက်ယှက်ပေးလာသော Phone နံပတ်တွေကို Block လုပ်နည်း (SCB)
ဖုန်းထဲကနေ နှောက်ယှက်ခံရလွန်းသူတွေအတွက် ဒီနည်းနဲ့  အဆင်ပြေနိုင်ပါတယ်
ကိုယ်မသိတဲ့  ဖုန်းတွေလည်း ပိတ်ချင်ပိတ်ထားလို့ ရပါတယ် မခေါ်စေချင်တဲ့သူတွေ
မတည့်တဲ့သူတွေကို ဘလော့လုပ်ထားမယ်ဆိုရင် သူခေါ်ပေမယ့် ခေါ်မလို့ ရပါဘူး
ဒီဆော့လေးကနေ အလိုလျောက် ဖျက်ထုတ်သွားတဲ့အတွက် ညညအိပ်ရေးမပျက်
ရန်တွေ့ စရာမလိုပဲ ဘလော့နိုင်ပါတယ် စမ်းသုံးကြည့်တာ မဆိုပါဘူး။ မက်ဆေ့တွေ
မလာစေချင်ရင်လည်း ဘလော့ လုပ်ထားနိုင်ပါတယ် အဲ့တော့ စမ်းသုံချင်တဲ့သူတွေ
လေ့လာချင်သူတွေအတွက် မျှဝေလိုက်ပါတယ်..................................................။
ဒီလင့်မှာ Download ယူပါ - Smart Call Blocker for Android
Description
Block all unwanted calls, unwanted/offensive/disturbing SMSYou can create blacklist/whitelist and control incoming calls/SMS.You can even block all calls/SMS from a specific country or mobile operator or any phone number series (like +880161000xxxx). Fully compatible with Gingerbread, Honeycomb, Ice Cream
Sandwich. Safety of your confidential information or resources that the app can access is guaranteed.
.
Labels:
Phone နဲ့ သက်ဆိုင်သော
Thursday, October 25, 2012
ပေးဆပ်ခြင်းနဲ့ ချစ်မယ့်သူ
ငါ့ဘ၀ထဲကို ငါမဖိတ်ခေါ်ဘဲ
နင်ရောက်လာခဲ့တယ်
အပြောဆိုး သဘောရိုး
အကျည်းတန် ဂျမ်းတောလေးကို
မင်းက သည်းခံကာ ခွင့်လွှတ်ပြီးချစ်ပေးခဲ့တယ်
သူများတွေလို ပလီပလာတီတီတာတာတွေ
မပြောတတ်သူကို မင်းက တလေးတစား
အလေးထားပြီးချစ်ခဲ့တယ်
ငါ့ဘက်က စိုးရိမ်စိတ်တွေများနေတာလား
မင်းကပဲ လူချစ်လူခင်ပေါတာလား
မင်းအနားမှာ ကောင်မလေးတွေဝိုင်းနေရင်
ငါ့မှာ ဘ၀င်မကျ ရင်နာရတယ်
တစ်ချိန်ချိန်မှာ ငါ့ကိုထားသွားမှာကို စိုးထိတ်မိတယ်
ငါတို့တွေ အပေးအယူမျှမျှချစ်နေတာကို
ဘေးလူတွေကပြောတယ်
သူကနင့်ကို အပျော်တွဲတာပါတဲ့
ဒီစကားက ငါ့နားဝမှာ အစဉ်ခဏခဏကြားရလို့
မကြာခဏ ငါက ဆင်ဆာဖြတ်တယ်
ချစ်သူရေ……..
နင့်ကိုလက်လွှတ်အဆုံးအရှုံးမခံချ င်သလို
မသာယာလှတဲ့ င့ါဘ၀ထဲကိုလည်းဆွဲမခေါ်ချင်ဘူး
အမြဲမပျော်ရွှင်နိုင်တဲ့ ငါ့ဘ၀ဆိုးထဲမှာ
မင်းကြာကြာမနေနိုင်မှာလည်းစိုး တယ်
မင်းဘက်ကတော့ အချစ်မလျော့
ခုချိန်ထိငါ့ကိုချစ်နေပေးတာကို
အရမ်းဝမ်းသာမိပါတယ်
တကယ်တော့
ပူလောင်တဲ့ အချစ်တွေကို
ငါကိုယ်တိုင်က ယူဆောင်တာပါ
နင့်ဘက်ကပေးခဲ့တာမဟုတ်ပါဘူး။
မတူညီတဲ့ ဘ၀နှစ်ခုကိုပေါင်းစပ်ချင်ပေမယ့်
ပေါင်းဖက်လို့မရတဲ့အတွက်
ချစ်သူရေ
နင့်ဘက်ကစပြီးငါ့ကိုလမ်းခွဲလို က်ပါ
အသဲမာလို့ခွဲခွာခိုင်းတာမဟုတ်ပါ ဘူး
ဒီအသဲညှာက ဖြစ်နိုင်ရင်
တစ်သက်တာလုံး မင်းအနားမှာမခွဲမခွာ
အမြဲလိုရှိနေချင်တာပါ...။
ချစ်သူရယ်…………………..
ဂုဏ်ဒြပ်တူတဲ့ သူနဲ့စုံမက်တာကို
ငါက မကျေမနပ်မဖြစ်ပါဘူး
ပီတိမျက်ရည်တွေနဲ့ အဝေးတစ်နေရာက
ဆွေးမြည့်စွာ ကျေနပ်နေမှာပါ။
မင်းနဲ့ခဏတာဆုံဆည်းခွင့်ရခဲ့တာ ကို
တစ်သက်တာတွေးပြီးကျေနပ်နေမှာပါ
ချစ်တဲ့ကာလတစ်လျှောက်မှာ
မင်းနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ
မကျေနပ်ချက်တွေမရှိခဲ့သလို
အမုန်းတရားတွေလည်း
ငါ့နှလုံးသား မှာမရှိခဲ့ပါ။
ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း
ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ
မင်းကိုအဝေးတစ်နေရာက
ဆွေးမပြေစွာ ချစ်နေဆဲပါဆိုတာ
ချစ်သူယုံကြည်စေချင်ပါတယ်..................၊၊
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Tuesday, October 23, 2012
သူငယ်ချင်းသို့ ...........
သူငယ်ချင်းရယ်ငါမင်းအနားမှာ
အရိပ်လိုအမြဲတစေမရှိနိုင်ပေမယ့်
မင်းအကြောင်းတွေကို
အမြဲလို နားစွင့်နေသူပါ
အညတရသမားမို့
ဘ၀ကမလှလို့ဘ၀ခရီးကြမ်းကို
တစ်ယောက်တည်းလျှောက်လှမ်းနေရပါ တယ်။
သူငယ်ချင်းအနားမှာ အမြဲမရှိနိုင်တာကို
လျစ်လျှူရှုတယ်လို့ မထင်လိုက်ပါနဲ့
ငါ့မှာ သူငယ်ချင်းကိုစကားခွန်အားကလွဲလို့
လက်ဆောင်ကောင်းလေးတောင်
မပေးနိုင်တဲ့ ဘ၀ပါ။
သူငယ်ချင်းရေ……………
နင့်ချစ်သူကနင့်ကို
လက်ဆောင်ကောင်းလေးတွေဝယ်ပေးတို င်း
ငါ့ကိုပြောပြတော့
ငါပျော်တစ်ဝက် ၀မ်းနည်းတစ်ဝက်ဖြစ်ရတယ်
နင်လက်ဆောင်ရတာကိုပျော်ပေမယ့်
လက်ဆောင်မပေးနိုင်တဲ့ အတွက်
ဝမ်းနည်းမိပါတယ်
နင်ပျော်နေတာကိုမြင်ရင်
ငါလည်းအလိုက်သင့်ပျော်တတ်သလို
နင်ဝမ်းနည်းတာကို မြင်ရင်
ငါလည်းထပ်တူဝမ်းနည်းမိပါတယ်
အရမ်းချစ်တဲ့ချစ်သူကနင့်အနားမှာ
အမြဲနေပေးတဲ့အတွက်
ငါနင်နဲ့ထပ်တူဝမ်းသာမိပါတယ်သူ ငယ်ချင်း
နင်တို့တွေရာသက်ပန်ပေါင်းဖက်နို င်ဖို့
ငါအချိန်ရတိုင်းဆုတောင်းမြဲပါ။
နင်တို့တွေ အရမ်းချစ်ပေမယ့်
ရေစက်မပါလို့လားမသိ
လမ်းခွဲခြင်းမှတ်တိုင်တစ်ခုစို က်ထူလိုက်ပီတဲ့
ဒီသတင်းဆိုးကြီးလွဲပါစေလို့
ဆုတောင်းပေမယ့်
အမှန်ဖြစ်နေတယ်သူငယ်ချင်းရယ်
သိပ်ချစ်ပါတယ်၊ အရမ်းချစ်ပါတယ်ဆိုတာတွေက
ခုတော့လေထဲမှာ ပျောက်သွားပီလား
ငါနင့်ကိုဘယ်လိုနှစ်သိမ့်ရမလဲ
နင့်ဘ၀မှာ အချစ်ဆုံးချစ်သူကို
ဆုံးရှုံးလိုက်ရလို့နင်အရမ်းြေ ကကွဲနေမယ်ဆိုတာ
ငါခံစားမိပါတယ်
ဒါပေမယ့်
နင့်အနားမှာ အချစ်ဆုံးသူငယ်ချင်းတွေရှိနေပါေ သးတယ်
အကြောင်းပြချက်မရှိပဲ ထားခဲ့သူကို
ခေါင်းစဉ်ရှာပီးလွမ်းမနေပါနဲ့
ပြီးသွားတာတွေကို ညည်းတွားမနေပဲ
ခြေလှမ်းတွေရှေ့ဆက်လှမ်းဖို့အား တင်းထားပါ။
သူငယ်ချင်းရေ 1500 ကိုနင်က မောက်မှားစွာ
ကိုးကွယ်မိတာကို
နောက်များမှာ အသိတရားကပ်လို့
သတိထားပီးချစ်တတ်ပါစေ
ဒီတစ်ခေါက်ချစ်ကံခေပေမယ့်
နောင်များမှာ ချစ်ကံဝေစေဖို့
သူငယ်ချင်းရေ
ငါအဝေးတစ်နေရာကနေ
ဆုတောင်းပေးနေပါတယ်။
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Monday, October 22, 2012
ခေတ်သစ် နေကြာပန်းလေးများသို့......( မလေးရှား ဖြစ်ရပ်မှန် )
နွေက ရော်ရွက်ဝါကို ကျောခိုင်းတယ်
မိုးက ဖားသူငယ်ကို ကျောခိုင်းတယ်
ဆောင်းက မြူနှင်းကို ကျောခိုင်းတယ်
တစ်နှစ်ပြီး တစ်နှစ်.......
ငါတို့လည်း မြန်မာ ပြည်ကြီးကို ကျောခိုင်းခဲ့တာ
တစ်နှစ်ပြီး တစ်နှစ်
ရပ်ပြစ် (၈) ပါးရဲ့ အကျိုး အပြစ်တွေကလည်း
တစ်ရစ်ပြီး တစ်ရစ်
တစ်ဆင့်ပြီး တစ်ဆင့်....................။
ငါ့ မိသားစုနဲ့ ငါ့ဘဝ
ငါ့ အတ္တတွေကို အခြေခံ ခဲ့ပေမယ့်
မိဘက လက်တွဲကူမှ
မြေကြီးပေါ်မှာ ခြေချနင်း ရဲတဲ့ သူတွေပါ..................။
သစ်ပင်အရိပ်ရဲ့ ကြားမှာ
ခိုဝင်ကာ နားပြီးမှ
အခက်ကိုလည်း မချိုးသင့်ဘူး.....
မိသားစုကြားမှာ
ရှင်သန်ကာ ကြီးပြီးမှ
အမျိုးကိုလည်း မဖျက်သင့်ဘူး................။
ဘဝရဲ့ တန်ဖိုးကို မတွေး
ဓနဆိုတဲ့ မက်လုံးကလေး ပေးတော့
ဘယ်အရာကိုမှ သူမကြောက်
လူမျိုးခြားက ကတော်ကောက်
ဖွားဖက်ကိုလည်း သစ္စာဖောက်
အမျိုးဆိုတာလည်း တဖြည်းဖြည်း ပျောက်တော့မယ်...............။
မနုဿ မုဆိုးတွေနဲ့
ဝိသမ လောဘသားတွေ ကြားထဲမှာ
နေထိုင်နေရတဲ့ ငါတို့ဘဝ
အရာရာမှာ အောက်ကျပေမယ့်
" အမျိုးဂုဏ် " ဆိုတဲ့ မာနတော့ ထားသင့်တယ်..............။
ကြွေကြသွားတဲ့ ရော်ရွက်ဝါလေးက
တချိန်မှာ ပင်စည်တစ်ခုအတွက်
မြေဆီမြေနစ် အဟာရအစစ် ဖြစ်ခဲ့တယ်ဆိုရင်.....
မြန်မာပြည်မှာ မွေးတဲ့
ငါတို့ မြန်မာသွေး တွေက
အနာဂတ် မြန်မာနိုင်ငံအတွက်
အားဆေးတစ်ခွက် အဖြစ် ငါတို့ဖော်စပ် သင့်တယ်.............။
အခုတော့.........
တစ်ဘဝစာ ဝမ်းဝဖို့ အရေး
လူမျိုးအရေးကို ငွေကြေးလို သဘောထားလို့
ဈေးကစားခဲ့တဲ့ နင်က
ကမ္ဘာမီး မလောင်ခဲ့သေးတာတာင်
သားကောင်ကို ချနင်းရဲပီပေါ့...............။
သူငယ်ချင်းရယ်.............
နေမှာမှ လန်းတဲ့
နေကြာပန်းတွေရဲ့ နိဂုံးက
နေရောင်အောက်မှာပဲ ပူလောင်စွာ ကုန်ဆုံးတယ်
ပွင့်ဖတ်တွေက တစ်လွင့်လွင့်.................။
ညီညီ(မြန်အောင်)
.
Labels:
ညီညီ(မြန်အောင်)၏ကဗျာများ
Sunday, October 21, 2012
Flash Song လုပ်တဲ့ Max 4 ကို အင်စတောလုပ်ပြီး သုံးမရသူများအတွက်
အင်စတောလုပ်ပီး သုံးမရသူများအတွက် Path လုပ်နည်းပါ
ဆော့ဝဲကို Download ယူပြီး Extract here နဲ့  ဖိုင်ကို ဖြည်ထားလိုက်ပါ
ဖြည်ပြီးရင် ပထမဆုံး အင်စတောလုပ်လိုက်ပါ ပြီးရင် Path လုပ်ရမယ်
အင်စတောလုပ်ပြီး max 4 ကို ဖွင့်မထားဖို့ လိုပါတယ် ဒါမှဆက်လုပ်လို့ ရမယ်
ဒေါင်းလုပ်ယူထားတဲ့အထဲက Path ဖိုင်လေးကို Right click ထောက် Copy ယူ
Local Disk C = Program Files = Swish max 4 folder ထဲကို Paste ချလိုက်ပါ
ပြီးရင် အဲ့ ထဲရောက်လာတဲ့ Path ဖိုင်ကို ၂ချက်နှိပ်လိုက်ရင် ပုံမှာပြထားသလို
Succes လို့ ပေါ်လာရင် သုံးလို့ ရပါပြီ ..။ Path လုပ်နည်းက ဘယ်ဆော့ဝဲကိုမဆို
လုပ်နည်း ဆင်တူပါတယ် အဆင်ပြေသလို သုံးကြည့်လိုက်ပါ...........................။
.
Thursday, October 18, 2012
လာလည်တဲ့နိုင်ငံစာရင်း ပြဿနာနဲ့  သိချင်တာရေးမဆဲကြေး(သဘောကျထှာ)
ဒါလေးကတော့ ဖြစ်ခဲ့တာ အတော်ကြာနေပါပြီ သိတဲ့သူ ပြင်ပီးကြသလို မပြင်သေးသူ
မသိသေးသူ ရှိပါတယ် ။ အခုလိုရေးလိုက်တော့ မလုပ်တတ်သေးသူ မသိသေးသူများ
အဆင်ပြေမှာပါ ။ ဘလော့မှာ နေ့ စဉ်လာရောက်လည်ပတ်တဲ့ နိုင်ငံစာရင်း ပြဿနာ
အဲ့လိုဖြစ်လာရင် ပြဿနာလို့ ပြနေတဲ့ စာတန်းကို နှိပ်ပီး ကုဒ်အသစ်ယူလိုက်ရင် ရပီ
လုပ်ရတာလွယ်လွယ်လေးပါ ။အကောင့်နဲ့ ဝင်ရတာဆိုတော့ မမှတ်မိတော့ဘူးဆိုရင်
မေးလိပ်စာထည့်ပြီး အကောင့်သစ်လုပ်လိုက် ပြီးရင် ကုဒ် ယူထည့်ပါ.....................။
အဲ့ဆိုဒ်ကိုရောက်တော့ စာသားလေး သဘောကျတယ် ဗျာ။ချက်ဘောက်အထက်မှာ
ရေးထားတာ...( သိချင်တာရေး မဆဲကြေး )..တဲ့...အဆဲခံရတဲ့ အဖော်ရှိသွားပြီ........။
.
Labels:
ဘလော့အလှဆင်နည်းနဲ့  wedgets
Tuesday, October 16, 2012
မလွမ်းထိုက်ပါဘူး
ကော်ဖီသောက်တိုင်းရင်မတုန်ပေမယ့်
မင်းကိုတွေ့တိုင်းရင်ခုန်တယ်
တော်ရုံဆိုမျက်လုံးဝေ့မကြည့်ပေမယ့်
မင်းကိုမြင်ရင်တော့ ဒီမျက်ဝန်းကခိုးကြည့်မိတယ်
ချစ်ခြင်းအစ မျက်ဝန်းကမို့
မင်းနဲ့ငါချစ်သူတွေဖြစ်ခဲ့ကြတယ်
ချစ်စခင်စကြင်နာစမို့
ချစ်သူပြောသမျှ အကုန်သဘောကျ
အချိန်တိုင်းဖုန်းဆက်
အချိန်တိုင်း on line တက်
တစ်စက္ကန့်လေးတောင်အဝေးမခံ
ဒို့တွေ ချစ်လိုက်ကြတာ
သူများတွေတောင် လှောင်ပြောင်ချင်စရာ
ချစ်သူ ခဏခဏပြောတာက
ငါက လွဲရင် ဖွဲ နဲ့ဆန်ကွဲ
Chatting ထဲလာသမျှလူ အကုန် Block မှာတဲ့
ချစ်သူပြောတာ ကိုယ်ယုံစား
ဘေးလူစကားကိုအရေးမထား
ပျော်စရာဆိုရင် ချစ်သူနားကပ်အပျော်တွေ မျှဝေပေးလို့
စိတ်ညစ်စရာဆို ချစ်သူမသိအောင်ကြိတ်မှိတ်လို့
ငါ့ဘက်ကတော့ချစ်လိုက်ရတာ
သက်ဆုံးထိ ပေါင်းဖက်ဖို့ ရည်ရွယ်ထား
မင်းကိုကြင်နာတတ်သူလို့ထင်မှတ်ပြီး
ကြင်ရာဖက်အဖြစ်ရွေးချယ်ထား
မင်းကတော့ ငါမသိတဲ့ နောက်ကွယ်မှာ
တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြား
ငါ့ရှေ့ကျတော့ ယုန်သူငယ်အလား
ဖောက်ပြားတာကို သိရက်နဲ့ ဆက်ချစ်ရအောင်
ငါက ငအ လား
ထောက်ထားမညှာဘဲ ဖောက်ပြားတတ်တဲ့မင်းကို
မောက်မှားစွာ ချစ်ခဲ့မိတာ ငါ့အမှား
သစ္စာတရားကိုတန်ဖိုးမထား ငါ့အချစ်ကိုစော်ကား
အညတရအသဲကို မလှမပခွဲတဲ့မင်းကို
ဒီကလည်း တသသလွမ်းနေမယ် မထင်ပါနဲ့
စိုင်းစိုင်းခမ်းလှိုင် သီချင်းလို
မလွမ်းလောက်ပါဘူး
ကျရှုံးသွားတဲ့ ငါ့နှလုံးသားကို
ဖြစ်နိုင်ရင် ယဇ်ပူဇော်လိုက်မယ်
ဒါပေမယ့် မင်းကိုတော့ ထပ်မချစ်ချင်တော့ပါ။
မင်းအတွက်နဲ့ အချစ်တွေကုန်ခမ်းသွားပေမယ့်
ကုန်ဆုံးမသွားသေးပါ။
ဖြစ်နိုင်ရင် မင်းမဟုတ်တဲ့ တစ်စုံတစ်ယောက်ကို
ပုံအောပီးချစ်ပစ်လိုက်မယ်။
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Saturday, October 13, 2012
Facebook ပျက်တော့မယ်ဆိုတော့ ကျနော်က...ဒီလိုလေးလုပ်ထားတယ်
![]() |
ယောက်ကျားတွေမှာ နှာပူးရင်ပူး မပူးရင်ဂန်ဒူးတဲ့...ဟုတ်တယ်ဟုတ် |
![]() |
ညီးသေချာဖီးစမ်းပါ ညနေ ဘဲဘဲနဲ့  တွေ့ မလို့ ..ဖလမ်းဖလမ်း လှချင်တာ |
![]() |
ဇက မသေးဘူး ဇစ်သေချာတပ်ထားရမယ် |
![]() |
ကဲလိုက်တာ သူကလည်း |
![]() |
ဒီအရွယ်ထိ ကျူနေတုံး |
![]() |
ဖေ့ဘွတ်ပျက်တော့မှာဆိုတော့ ..ဖလမ်းဖလမ်း |
![]() |
သတင်းကျွတ် ငါ့လာတောင်းရင် နင်ဒီဟာ ကျက်လာခဲ့ပါ....။ |
![]() |
အပျိုစစ်ကြောင်း လက်မှတ်ပြပါ မပြနိုင်ရင် ငါတော့မယူဘူးပဲ... |
သဘောကျသလောက် Facebook က ကူးထားတယ် သူကပျက်တော့မယ်တဲ့
ကဲ သိမ်းထားတဲ့သဘောပါနော် ဟာသကမ္ဘာက ပုံတွေ ကူးထားတာပါ..........။
.
.
Labels:
စွယ်စုံဟာသ
Friday, October 12, 2012
Mozila Firefox 16.0.1 လေး သုံးကြည့်ပီးပီလား ( Portable နဲ့  Exe ဖိုင်)
ဒီဟာကတော့ မော်ဇီလာသမားတွေ အတွက်ပါ အခုမှထွက်တဲ့ 16.0.1 Version ပါ
ရုံးမှာ ဘာဆော့ဝဲမှ ထည့်မရလို့  Portable အားလုံး ကျနော့သူငယ်ချင်းပါ.....တိန်
ဒီလင့်မှာ ယူပါ - http://portableapps.com/Mozila 16.0.1 Portable
ဒီလင့်မှာယူပါ -http://www.mozilla.org/ Mozila 16.0.1- Exe
What’s New
Labels:
Mozilla Firefox ဆိုင်ရာပညာ
Thursday, October 11, 2012
လွမ်းရသူကငါ
ချစ်ခဲ့ပေမယ့်ချစ်ရက်မရှည်ခဲ့ပါ
မလွမ်းရဲပေမယ့်
လွမ်းရက်ရှည်ခဲ့တာ
ထပ်တွေ့ချင်ပေမယ့်
ထပ်မတွေ့နိုင်တော့တာ
ဝေးသွားပေမယ့်
ဆွေးအားမပြေခဲ့ပါ။
အကြောင်းမသင့်လို့
ဒို့တွေမပေါင်းဖြစ်ခဲ့တာ
တွေးမိတိုင်း
မျက်ရည်ဝိုင်း
ဘေးကြည့်တိုင်းလည်းအတွဲတွေကိုယ် စီနဲ့
ဒီအချိန်ဆို
မင်းရောဒို့လို ကြေကွဲနေမလား
ဒါမှမဟုတ်
…………..
တစ်ခြားတစ်ယောက်နဲ့ပဲတူယှဉ်တွဲေ နမလား.....။
ဝေခွဲမရ ကြေကွဲညတွေဆက်လို့
အတိတ်ကိုပြန်တွေးတိုင်း
စိတ်ပျက်လို့
ဝိတ်တက်
မင်းအတွက်နဲ့
နေ့စဉ်ရက်ဆက်
ငါ့အသဲတွေကွဲမတတ်
ခုတော့ အသဲမပါ
ချစ်စိတ်ဗလာနဲ့
အသစ်ကိုလည်း
မချစ်ချင်
အဟောင်းကိုလည်းအပြစ်မတင်ချင်
ကံကြမ္မာကို
ယိုးမယ်ဖွဲ့
ဒီဘ၀ဒီမျှပဲရေစက်ပါခဲ့တဲ့
ဒို့နှစ်ဦး
ချစ်ကမ္ဘာ နှစ်တစ်ရာမတည်ခဲ့ပါ။
ခုတော့ ချစ်ဖူးသမျှ
ဒဏ္ဍာရီ
လွမ်းရသမျှ
သံသရာချီ
ငါ့နှလုံးသားထဲမှာ
ချစ်ရမှာလည်းကြောက်
လွမ်းရမှာလည်းကြောက်
မင်းပေးခဲ့တဲ့
ချစ်ဇာတ်လမ်းတစ်ပုဒ်..........။
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Wednesday, October 10, 2012
Window 8 သုံးသူများအတွက် Window Genuine ဖြစ်ခဲ့ရင်သုံးဖို့ ဆော့ဝဲ
ဒီဟာလေးကတော့ Window 8 သုံးသူများအတွက် ပြဿနာတက်ရင် သုံးဖို့ ပါ
သုံးသူ သိပ်မများသေးတော့ အသေးစိတ်မရှင်းတော့ပါဘူး..........................။
ဒီလင့်မှာ Download -ယူပါ - http://www.mediafire.com/?Window 8 Activation
မူရင်းလင့် - http://inamsoftwares.blogspot.com.
.
Labels:
Window Genuine ဖြေရှင်းရန်
သက်ဆုံးတိုင်ချစ်မယ့်သူ
ဘ၀တစ်ကွေ့မှာ ခဏတွေ့ခဲ့ကြပေမယ့်
တစ်ခဏမျှ မေ့မရခဲ့ပါဘူး အချစ်ဦးရယ်
မချစ်ဘူးတဲ့ အချစ်ထူးနဲ့
ဒီရင်ထဲက မင်းကိုစူးစူးနစ်နစ်ချစ်ခဲ့တာပါ ။
ချစ်တာကို လှစ်ဟမပြတတ်ပေမဲ့
မင်းကို၁၅၀၀ မေတ္တာစစ်နဲ့
သစ္စာရှိစွာ ချစ်ခဲ့တာပါ။
ဒို့တွေချစ်ရည်လူး ပျော်မြူးချိန်တုန်းက
မင်းပြောခဲ့တဲ့ စကားတွေ
မင်းနဲ့ဆိုရင်သေအတူ ရှင်မခွဲ
ဝမ်းနည်းအတူ ၀မ်းသာအတူ
ဘယ်ကံကြမ္မာဆိုး ဘယ်လိုတိုးတိုး
လက်တွဲမဖြုတ်
နောက်မဆုတ်တမ်းရှေ့ဆက်လှမ်း
ချစ်သက်တမ်းရှည်စေရမယ်
ဘယ်လိုသွေးထိုးစကားတွေလာလာ
ဒို့နှစ်ယောက်ရဲ့သစ္စာကို
အမြဲတမ်းယုံကြည်နေမယ်
ဒါပုံပြင်မဟုတ်ဘူးလို့ပြောခဲ့တဲ့ချစ်သူ
ခုတော့ ဘေးစကားတွေကို
အတွေးများပြီး
မင်းကငါ့ကို ဖောက်ပြားတယ်လို့စွပ်စွဲရက်ေ လတယ်
ရှင်းပြတာကို မင်းကလက်မခံ
ငါ့ကိုဖုန်းဆက်ခွင့်တောင်မပေး
ဘာမဟုတ်တဲ့ ကြားလူစကားကို
မင်းကနားယောင် ငါ့အချစ်ကိုအတုအယောင်ထင်
အကောင်းမမြင်တဲ့ချစ်သူ
မင်းဘယ်လိုပဲငါ့ကိုအထင်လွဲလွဲ
ငါကတော့မင်းကိုချစ်မြဲချစ်ဆဲပါ
အခုလည်းချစ်မယ် နောင်လည်းချစ်မယ်
သက်ဆုံးထိချစ်မယ့်သူဆိုတာ
အဝေးတစ်နေရာကချစ်သူ
ငါ့ကိုစောင့်ကြည့်နေပါ။
ဘယ်တော့မှမဖောက်ပြားတဲ့ သစ္စာတရားနဲ့
မင်းကို နောင်တ တရားကင်းမဲ့စွာချစ်နေမယ့်သူပါ။
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Sunday, October 7, 2012
မော်ဇီလာမှာ Real , Flash Player, IDM နဲ့  မြန်မာစာပြဿနာတက်ရင်
ဒီနည်းလေးကတော့ ပြေလည်သင့်သလောက် ပြေလည်လိမ့်မယ်လို့ ယူဆမိပါတယ်
အခုနောက်ပိုင် ပြဿနာတက်လာတဲ့ မော်ဇီလာမှာ ဗီဒီယိုဖွင့်မရတော့တာတွေရယ်
မြန်မာစာမမြင်ရတော့တာ အထူးသဖြင့် Book Mark ထဲ မြန်မာလို မပေါ်တော့ရင်
ဒီ Firefox- 11 ကို သုံးစေချင်တယ် ပြဿနာရဲ့ဇစ်မြစ်ကို မဖြေရှင်းခင် အလွယ်နည်း
သုံးလိုက်တာပါ ။ အရင် Firefoxox 15 သုံးနေတဲ့သူတွေကလည်း ပြဿနာမရှိပါဘူး
အထက်မှာပြောသလို ပြဿနာတစ်ခုခုဖြစ်လာရင် ဒီဟာကိုယူပြီး အင်စတော လုပ်
လတ်တလော အမြန်ဆုံး ဖြေရှင်းနည်းပါ.ဒီ 11 က IDM ,Adobe, Real နဲ့ ကွက်တိ
ဘာ Error မှမတက်ပါ ။ မှတ်ချက် Firefox Update တက်ရင် Cancel လုပ်ပါ ..........။
ဒီလင့်မှာ Download ယူပါ -http://www.mediafire.com/Firefox 11.00 version
အပေါ်က မရရင် - http://mozilla-firefox-11
.
Labels:
Mozilla Firefox ဆိုင်ရာပညာ
Saturday, October 6, 2012
Facebook ရေးတင်လိုက်သော Comment ဖျက်နည်းနဲ့  ပြန်ပြင်နည်း
ဒီနည်းလေးကတော့ ဖေ့ဘွတ်မှာ ကွန်မန့် ရေးပြီးရင် မကြိုက်တဲ့အခါ ပြန်ဖျက်ဖို့ ပါ
အကြောင်းအမျိုးမျိုးကြောင့် စာလုံးပေါင်းမှားသွားရင်လည်း ပြန်ပြင်ရေးလို့ ရပါတယ်
သူငယ်ချင်းတစ်ယောက်က လာမေးနေတာနဲ့  မှတ်တမ်းတင်ထားလိုက်ရပါသည်
ဖျက်လို့ သူများက် ဖျက်နိုင်သည် မှားသူများလည်း ပြန်ပြင်နိုင်သည်.......................။
.
Labels:
Facebook ဆိုင်ရာ နည်းပညာများ
ရင်ထဲကသူငယ်ချင်း
သူငယ်ချင်းရေ
ဒို့တွေစရိုက်ချင်းမတူပေမဲ့
အကြိုက်ချင်းတူကြတယ်
ဇာတာခြင်းမတူပေမဲ့
ဝါသနာခြင်းထပ်တူကြတယ်
အလုပ်အကိုင်ခြင်းမတူပေမဲ့
ကြိုးစားလုပ်ကိုင်ပုံခြင်း
တူညီကြတယ်
ဂုဏ်ဓနခြင်းမတူပေမဲ့
ဒို့နှစ်ယောက်သား
လူတစ်ဖက်သားကို
စာနာမှုခြင်းတူကြတယ်
အတိတ်က ဒဏ်ရာခြင်း
မတူပေမဲ့
အသဲကွဲတာခြင်းတူခဲ့တယ်
ငါတို့တွေ့တစ်ခါတစ်ခါ
စိတ်ကောက်စိတ်ဆိုးကြပေမဲ့
အရာရာ စိတ်လျှော့ပေးတဲ့
သူငယ်ချင်းကို
ငါ့ရင်ထဲမှာ
အမြဲသတိရနေဆဲပါ
ငါစိတ်ညစ်တဲ့အခါတိုင်း
မင်းဆီအမြဲဖုန်းဆက်တာကို
စိတ်မကွက်ဘဲ
ဖုန်းလက်ခံ
ပေးတဲ့ သူငယ်ချင်းကို
အရမ်းပဲလွမ်းနေမိတယ်
သူငယ်ချင်းရယ်
ငါစိတ်အားငယ်တဲ့အခါတိုင်း
မင်းပြောတဲ့စကားတိုင်းက
ငါ့အတွက်ခွန်အားဖြစ်စေတယ်
ငါဒုက္ခရောက်တဲ့အခါတိုင်း
အကူအညီပေးတဲ့
Friend ကို
ငါအရမ်းအရမ်းသတိရနေမိတယ်
ငါရေးတဲ့ကဗျာလေးကို
ကဗျာမဟုတ်စာတစ်ပုဒ်လို့
နင်ကဲ့ရဲ့ရင်လည်း
အပြုံးမပျက်
ငါခံယူမယ်
ဒါပေမယ့်
ဘယ်သောအခါမှ
ဒို့တွေရဲ့
ရင်းနှီးမှုတွေကို
မမေ့ပစ်လိုက်ပါနဲ့
သူငယ်ချင်း
ငါ့အတွက်တော့မင်းဟာ
ငါ့ရဲ့ ထာဝရ
Best Friend ပါ
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Friday, October 5, 2012
ငယ်ချစ်ဦး
မရေရာမသေချာတဲ့ဘ၀၀ယ်
နွေတစ်ရာလိုပူတဲ့ပေတစ်ရာလမ်း မထက်
ဝေဒနာကုဋေကုဋာနဲ့
ဖြေစရာကြင်သူရိပ်မရှိ
လွမ်းအတိ ဆွေးမြည့်
ငါ့နှလုံးသားမြေပြင်ကနေ
မင်းထွက်သွားတာ ခုထက်ထိ
ရာသီတွေအလီလီပြောင်းပေမဲ့
မင်းကိုငါတစ်နာရီတောင်
မမေ့နိင်သေးပါဘူး
ငယ်ချစ်ဦးရယ်
ကြင်သူအသစ်နဲ့ မင်းက
ရွှင်ပျော်ရစ်နေချိန်မှာ
ငါမှာတော့တစ်ကိုယ်တည်း
အထီးကျန်နေရဆဲ
အချစ်ကြီးတာကို
မင်းကအပြစ်ကြီးတစ်ခုလို့ယူဆပြီး
လွမ်းတေးသံ သတိရတိုင်းဖုန်းဆက်တာကို
နှောင့်ယှက်တယ်လို့
မင်းထင်ခဲ့တာလားအချစ်ရယ်
သိပ်ချစ်မိလို့ အပြစ်ဖြစ်သွားရင်
ငါ့ကိုခွင့်လွှတ်ပါချစ်သူရယ်
ငယ်ချစ်တွေပဲ
မင်းတကယ်ချစ်ရင်
ငါ့ကိုအပြစ်မမြင်သင့်ပါဘူး
ငါရေးတဲ့ကဗျာလေးကို
မင်းမဖတ်နိုင်ပေမဲ့
မင်းပေးတဲ့ဒဏ်ရာတွေက
ငါ့နှလုံးသားထဲမှာထာဝရရှင်သန်နေဆဲ ပါ
ငယ်ချစ်ဦးလေးရယ်.............................။
Cinthi ( GTC )
.
Labels:
Cinthi ရေးသော ကဗျာများ
Tuesday, October 2, 2012
သိပ်ချစ်ခဲ့တယ်..အရမ်းမုန်းသွားပြီ..(တိုက်ဆိုင်မှုရှိပါက ခွင့်လွတ်ပါရန်))
ရင်မှာဖြစ်တည်
ဒီအချစ်သည်
မင်းအတွက်သာလျှင်
တစ်သက်လုံးအတည်
ဘယ်ခါမခွဲ
သံသရာထဲ
လက်တွဲသွားမယ် ထာဝရအမြဲ
ဘယ်ခါမမုန်း
သံသရာဆုံး
မင်းတစ်ယောက်သာလျှင်အချစ်ဆုံး
ဘယ်လိုကံကြမ္မာမုန်တိုင်းတွေလာလာ
မင်းရှိရင်မဖြုံစတမ်း
ရှေ့ဆက်လှမ်းမှာပါ
မင်းပြောဖူးတဲ့
ဒီစကားတွေ
ငါ့နားထဲမှာ
ပြန်ကြားနေ
တစ်ရက်ကလေးဝေးရင်တောင်
ရတက်မအေးဖြစ်ရသူလို့
မင်းခဏခဏပြောတဲ့စကား
အခုဆို ဒို့တတွေ ဝေးသွားတာ
ရက်လနှစ်တွေ ကြာပြီကွာ
ချစ်သူရေ....................................
တစ်ချိန်ကအတူသွားဖူးတဲ့
ကော်ဖီဆိုင်
အတူထိုင်ဖူးတဲ့ခုံတန်း
အတူကြည့်ဖူးတဲ့ရုပ်ရှင်
ခုချိန်မှာ
မင်းမရှိတော့
အရာအားလုံး
ငါ့အတွက် No Feeling
အလှပဆုံး စကားတွေသုံးပြီး
ငါ့ကို ဘ၀ဒဏ်ရာတွေ ပေးခဲ့တဲ့မင်းကို
အရမ်းချစ်ခဲ့ဖူးတယ်
ဒါပေမယ့် အလိမ်အညာတွေသုံးပြီး
ဟန်ဆောင်အကြင်နာတွေနဲ့ 
တမင်တကာ လှည့်စားခဲ့တဲ့မင်းကို
အခုတော့....ငါ့နှလုံးသားထဲမှာ
ခံစားချက်တွေ ဆိတ်သုဉ်း
သိပ်မုန်းသွားပြီ ကောင်လေးရာ.............။
Cinthi ( GTC )
.
.
Labels:
Cinthi ရေးသော ကဗျာများ
Monday, October 1, 2012
ဆုတောင်းခွင့်ပြုပါ
ချစ်တိုင်းလဲမညား ညားတိုင်းလဲမချစ်ကြ
ရှေ့လူကြီးတွေပြောသလိုပေါ့…….
ချစ်သူရယ်…………………
နင်ပြောတဲ့ နွေးထွေးမူအပြည့်ပါတဲ့
နင့်အချစ်တွေက ငါအတွက်တော့
အရမ်းပူလောင်လွန်းလှပါတယ်
Gtalkအကောင့်စိမ်းနေပြန်လဲ
ဘယ်သူတွေနဲ့ကျူနေလဲတဲ့…
Gtalkအကောင့်နီနေပြန်လဲ
စကားမပြောချင်ဘူးပေါ့တဲ့…
Facebookသုံးပြန်တော့လဲ
ငါက ပြောစကားနားမထောင်ဘူးတဲ့….
မေ့လိုက်ပါတော့…….
စိတ်မညစ်ချင်ဘူးတဲ့……
နင်ပဲပြောခဲ့တာလေ……
ခုကျတော့ အဝေးရောက်နေတဲ့သူကို
သနားပါတဲ့ ခွင့်လွတ်ပေးပါတဲ့
ကဲငါဘယ်လိုလုပ်ရမလဲ…..
အကြင်နာသခင်ရယ်……………
ငါကိုဆုတောင်းခွင့်ပြုပါနော်
မမမေ (စစ်တွေ )
.
မမမေ (စစ်တွေ )
.
Labels:
မမမေ (စစ်တွေ) ရေးတဲ့ကဗျာများ
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
-
►
2011
(255)
- February (1)
- March (29)
- April (27)
- May (41)
- June (15)
- July (8)
- August (11)
- September (33)
- October (26)
- November (36)
- December (28)
-
▼
2012
(234)
- January (26)
- February (35)
- March (27)
- April (16)
- May (22)
- June (15)
- July (1)
- September (27)
- October (19)
- November (18)
- December (28)
-
►
2013
(309)
- January (21)
- February (17)
- March (11)
- April (64)
- May (61)
- June (20)
- July (56)
- August (19)
- September (7)
- October (9)
- November (15)
- December (9)
-
►
2014
(239)
- January (14)
- February (2)
- March (14)
- April (35)
- May (70)
- June (59)
- July (28)
- August (5)
- September (7)
- December (5)
-
Download - All in one booster for Android
-
ဖုန်းမှာ ဘက်ထရီအကုန်မြန်နေသူများ ဒီဆော့ဝဲလေးကို ထည့်ထားလိုက်ပေတော့ လိုအပ်တာမှန်သမျှ ဒီဆော့ဝဲလေးက ချိန်ဆလုပ်ဆောင်သွားတာ အဆင်ပြေတယ် ...
-
လုပ်ပုံ လုပ်နည်းကတော့ ပုံတွေကြည့်လိုက် တစ်ဆင့်ချင်းလုပ်ကြည့်ပါ Lock ကျရင် ပြန်ယူနည်းက 3မျိုးလောက် ရှိတယ် တစ်နည်းမရတစ်ခုစီ စမ်းလုပ်မယ...
-
ဒီဇာတ်ကားလေးက 1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကြီးပါ အော်စကာဆုပေါင်းများစွာရရှိပြီး နိုင်ငံတကာမှာ အောင်မြင်ခဲ့တဲ့ ...
-
Best က န ပုံနော် မင်နဲ့ ငါနဲ့ နော် ။ငါနဲ့ မင်းနဲ့ နော်...ဟဲဟဲ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ ဖြူစင်ခြင်းတွေပဲ ဖန်တီးမိသူပါ..........။ ...
-
ကျားဆော့တာကတော့ မြန်မာတွေ အတော်များများ ဆော့ဖူးမှာပါ ဒီဆော့ဝဲက ကျားထိုးတာဝါသနာပါသူတွေအတွက် အဆင်ပြေတယ် ခေါင်းစားရတယ်လေ စဉ်းစားပီမှ ...
-
ဒီဆော့ဝဲလေးက ဖုန်းအတွက်သာမဟုတ်ပဲ ကွန်ပျုတာမှာလည်း သုံးလို့ ရပါတယ် အပျင်းပြေ အပြန်အလှန် စကားပြောလို့ ရပါတယ် ။ သိချင်တာလည်း မေးလိ...
-
ဒီကားကလည်း အောင်မြင်တဲ့ကားပါ မိုင်တိုင် 76 ဆိုတာ ဆင်ဆာထိလို့  ကားပေါ်မှာပါလာတယ်လို့  ပြောင်းလိုက်ရပေမယ့် လူတိုင်းဟာ ဒီကားကို မိုင်တိုင်7...
-
ဖုန်းထဲမှာသုံးဖို့  နှစ်တစ်ရာ ပြက္ခဒိန် ထွက်နေပါပြီ အသုံးလိုသူများ ဆွဲလိုက်ပါ ဒီလင့်မှာ Download ယူပါ - ဖုန်းအတွက် နှစ်တစ်ရာ မြန်မြာ...
-
ဒီနည်းလမ်းကိုသိချင်သူများပါတယ် ချက်ဘောက်ကနေခဏခဏလာလာမေးကြလို့  ပြုလုပ်နည်း အဆင့်ဆင...
-
ဒီနေ့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေး ကတော့ မွေးနေ့ကဒ်, ဖိတ်စာ လိပ်စာ, ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကဒ် လှလှလေးတွေ ဖန်တီး လို့ရတဲ့ ဆော့...
-
Download - Photo Comment 359 ပုံ