Thursday, October 11, 2012

လွမ်းရသူကငါ


ချစ်ခဲ့ပေမယ့်ချစ်ရက်မရှည်ခဲ့ပါ
မလွမ်းရဲပေမယ့် လွမ်းရက်ရှည်ခဲ့တာ
ထပ်တွေ့ချင်ပေမယ့် ထပ်မတွေ့နိုင်တော့တာ
ဝေးသွားပေမယ့် ဆွေးအားမပြေခဲ့ပါ။

အကြောင်းမသင့်လို့ ဒို့တွေမပေါင်းဖြစ်ခဲ့တာ
တွေးမိတိုင်း မျက်ရည်ဝိုင်း
ဘေးကြည့်တိုင်းလည်းအတွဲတွေကိုယ်စီနဲ့
ဒီအချိန်ဆို မင်းရောဒို့လို ကြေကွဲနေမလား
ဒါမှမဟုတ် …………..
တစ်ခြားတစ်ယောက်နဲ့ပဲတူယှဉ်တွဲနေမလား.....။

ဝေခွဲမရ ကြေကွဲညတွေဆက်လို့
အတိတ်ကိုပြန်တွေးတိုင်း
စိတ်ပျက်လို့ ၀ိတ်တက်
မင်းအတွက်နဲ့ နေ့စဉ်ရက်ဆက်
ငါ့အသဲတွေကွဲမတတ်
ခုတော့ အသဲမပါ ချစ်စိတ်ဗလာနဲ့
အသစ်ကိုလည်း မချစ်ချင်
အဟောင်းကိုလည်းအပြစ်မတင်ချင်
ကံကြမ္မာကို ယိုးမယ်ဖွဲ့
ဒီဘ၀ဒီမျှပဲရေစက်ပါခဲ့တဲ့
ဒို့နှစ်ဦး ချစ်ကမ္ဘာ နှစ်တစ်ရာမတည်ခဲ့ပါ။

ခုတော့ ချစ်ဖူးသမျှ ဒဏ္ဍာရီ
လွမ်းရသမျှ သံသရာချီ
ငါ့နှလုံးသားထဲမှာ
ချစ်ရမှာလည်းကြောက်
လွမ်းရမှာလည်းကြောက်
မင်းပေးခဲ့တဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်..........။

Cinthi ( GTC ) 

.


5 မှတ်ချက်:

စံပယ်ချို said...

ကမ္ဘာကြီးငြိမ်းချမ်းနေပါပြီသာမက်ရေ
အလွမ်းတောထဲကထွက်ပါတော့ စိတ်ပူတယ်ကွယ်
ကဗျာလေးကရှယ်ပဲ
ယောက်ခမ

Anonymous said...

ဟုတ်တယ် စင်သီရေးသမျှ ဒီတစ်ခုအကောင်းဆုံးပဲ တိုက်ဆိုင်လို့ လားတော့ မသိပါဘူး ယောက်ခမရယ် မွေးစားသမီး လာတောင်းမယ်နော်

❤ OSC@R ❤ said...

ကဗျာလေးက ခံစားချက်နဲ့ တိုက်ဆိုင်လို့
အားပေးသွားပါတယ်ရှင်...
ပျော်ရွှင်ပါစေနော်

Unknown said...

OSCAR ပြောသလို ပါပဲ.ပျော်ရွင်ပါစေ.

Unknown said...

စတာ စိတ်မဆိုးနဲ့ နော်...အားပေးလျက်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here