Friday, November 30, 2012

အိုမြန်မာ



အို...မြန်မာ.....

        ကောင်းကင် မြေပြင်နဲ့  ရေပြင်တောတောင်ကြား
 ရှင်သန်ပေါက်ဖွားလာတဲ့ အိုလူသားတို့ 
 ကိုယ်ချင်းစာသနား စာနာစိတ်ထားပီး
 သင့်ပတ်ဝန်းကျင်ကို ပြင်ကြလော့။

      ယုတ်မာဆိုးတေ၊ ညစ်ပတ်ပေတဲ့ 
အကျင့်ဟောင်းတွေ ပျောက်ပါစေလို့ 
ဆုတောင်းမနေနှင့် သင်၏နွယ်ဖွား
ညီငယ်များနှင့်နှမအရွယ်၊ တူအရွယ် သားငယ်တို့ အား
ဖြူစဉ်နုခါ သင်ကာပြစို့ 
ဘ၀ဖို့  .....။
      ဖြူရွစိတ်နေ လှစေစိတ်ထား
စာနာအားကို မေတ္တာရေနဲ့ လောင်းကာပက်လို့ 
အမြင့်ကိုတက်  ညွန့် ခက်ပမာ
နုထွက်ဝေအောင် တို့ တွေအပေါင်းက
မေတ္တာရေနဲ့ လောင်းလို့  ပေါင်းသင်ပေးကြစို့ လား 

         ကလေးရွယ်က ဆေးကြောထားမှ
ဖြူရွစိတ်တွေ အကျင့်မှန်လေမည်။
ငယ်နုစဉ်က မသင်မပြ မဆုံးမပဲ
ကြီးရင့်လာမှ ပြောဆိုမရ
(ဂေါင်း)ခေါင်းကိုချမှ ပြင်လို့ မရ
ဆုံးမ မလွယ် လူ့ ဘုံအလယ်
ကမ္ဘာအလယ်မှာ.....
လူယုတ်မာမျိုး အကျင့်ဆိုးနဲ့ 
နာမည်ကျော်လာ အိုမြန်မာတဲ့ လား.....

    ပိဋိကတ်ဂုဏ်ဆောင် ပြည့်ဂုဏ်ရောင်နှင့်
သမိုင်းရဲ့အဖြူဆုံးပန်း ဗိုလ်အောင်းဆန်းတို့ 
နိုင်ငံတည်ထောင် သာသနာ့အရောင်ပြောင်
ဘုရင့်နောင်ရယ်....
သမိုင်းကျော်ကြား အလောင်းဘုရားတို့ များ
ခုနေခါများ ရှိနေငြားသော်
ဆိုးညစ်ယုတ်မာ ပြည်မြန်မာအား
ဆေးကြောသုတ်သင် ကြည်လင်စေလောက်ပါရဲ့....
ခုတော့...... တောက်...

      မိန်းမယုတ်နှင့် ပြည့်အရှုပ် လူယုတ်မာတို့ 
အရက်ဘီယာ ယမကာနဲ့  မလုံမလဲ မာဆက်စ်ထဲမှာ
ပျက်စီးနေပီ ktv လည်းပါလေရဲ့။
သင်္ကြန်ကာလ ပြောပြဖို့ တောင်
မသင့်ပေဘု....တို့ ယဉ်ကျေးမှု့ တဲ့လား?
မူးယစ်သောက်စား ဖောက်ပြားကြတာ
သင်္ကြန်တဲ့လားးးး....
အော်မြန်မာ... မြန်မာ...

သိုက်ကြီး ( ကျောက်ပန်းတောင်း)

 




2 မှတ်ချက်:

သူကြီးမင်း (တုံးဖလား) said...

တစ်စ တစ်စ သင်္ကြန်နား နီးလာပြန်ပြီနော။း))

Anonymous said...

ဟုတ်ပ ဗျာ ဒီနှစ်ဘယ်သူတွေ ဖော်မလဲမသိဘူးနော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here