Monday, December 31, 2012
သခင့်ရဲ့ဂုဏ်ရည်သဘော
သြော်---မြန်မာနန်းပလ္လင် ခွေးဘုရင်တက်စဉ်က
ရာဇ၀င်သမိုင်းတွင် လျှမ်းအစဉ်တင့်စေဖို့
တောင်တွင်းခရိုင် နတ်မောက်မြို့မှာပေါ့
သခင့်ကိုတော့ သန္ဓေတည်ပြီ
ငါတို့ဌာနီ လွတ်မြောက်ပြီဟု
နိမိတ်ဝါစီ စာဆိုရှိတာဖြင့်
ထန်းကိုပ မိုးကြိုးခွင်းမည်
တစ်ကိုးတစ်ငါး ဖေဖော်ဝါရီ
တေရသာဟာ ရက်အလီပွါး
အာရုဏသမယေ နဂါးစနေ မှာ ဖွါးပြီမို့
အမည်နာမံ ရုဠှီကြံလိုက်တာဖြင့်
တဘောင်ဆန်ဆန် နိမိတ်မှန်ဖတ်သည့်ပမာ
မသာကုလားဖြူ အယုတ်တမာတွေ တွန်းလှန်စေဖို့
မျောက်သဏ္ဍာန်တူ အင်္ဂလိပ်မျက်နှာဖြူကို မောင်းထုတ်စေဖို့
ငါတို့ပြည်မြန်မာ လွတ်လပ်ရေးကို ရစေဖို့
အမှောင် အပိတ် အပိန်းတွေ ဖယ်တိန်းစေဖို့
ထိန်လင်းဆိုသည့် သခင်တစ်ယောက်
တို့ပြည်မှာ ပေါက်ဖွားခဲ့ပြီလေ  ။
သြော်---မျိုးဇာတ်နွယ်မြစ် ဂုဏ်သင်းကာ သန့်ရှင်းပေသည့်
အတီတကာလ ကို စာစီကာပြရရင်ဖြင့်
တတိယမြန်မာ အလောင်းမင်းတရားရွှေလက်ထက်ပါပေါ့
အလွန်ညာဏ်ကျော့တဲ့ အမတ်မင်းကြီး ဦးမြ ကတစ်သွယ်
ဘ၀ရှင်မင်းတုန်း ရတနာပုံနန်းကို ခိုလှုံကာ တရားပြချိန်က
သက်တော်ရှည်အမတ် ခမ်းပတ်မင်းကြီးက တမျှော်
နန်းတွင်းသမားတော် ဦးကျော်ဇံ ရယ်တို့
ထိုမြို့ထိုမြို့က ဆင်းသက်လာပြီး
မျိုးချစ်သူရဲကောင်း ဗိုလ်လရောင်ထိ
ဇာတိမာန်ပြည်ချစ် သူရသတ္တိနှင့် ကုံလုံသော
ဘ ဘိုး ဘေးတို့ပေါပါဘိသဟာ
ရှေ့နေဦးဖာ မယ်မာတာ ဒေါ်စု
သည်ရင်နှစ်ခု ပေါင်းစုပြီး ထုဆစ်လိုက်တာက
ဇမ္ဗူတစ်ခွင် စာတင်မှတ်ဖို့ကွယ်
ထိန်လင်း သို့မဟုတ် အောင်ဆန်းရယ်ဟု
မြန်မာ့ဗိသုကာ ပြဇာတ်
ပတ္တမြားထက် အက္ခရာထွင်းခဲ့လေပြီ  ။
သြော်---ငါတို့သခင် အရင်းမြစ်တွေမို့
ပြန်ပြောင်းတွေးလျှင် ရင်ထုမနာ ဖြစ်ရပြီတမုံ့
ဟို -အယုတ်တမာ ခွေးနာ ဂဠုန်ရယ်က
ကိုယ့်ဗမာ ကိုယ့်မြန်မာကို မသနားပေဘု
သခင်တို့တစ်စု အရေးမရှုသည့်
အဲသည် အာဏာဆိုသည့် အလကားအရာကို
ဘုရားလိုလို နတ်လိုလို ထိပ်ပေါ်တင်ကိုးကွယ်ပြီး
ပြည်သူများရဲ့ ချစ်သခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ်ကိုကွယ်
ကောက်ကြံမယ် အသားထဲရယ်က လောက်ထွက်ကာဖြင့်
အာဏာရစ် ရစ်ကာ အာဏာရူး ရူးနေပြီမို့
မိစ္ဆာကုလားဖြူ မိစ္ဆာလူတို့နဲ့ပေါင်းဖက်ကာပေါ့
အောင်ဆန်းရာဇာနှင့်
ဗိုလ်ချုပ်အပေါင်းအပါ အာဇာနည်ပုဂ္ဂိုလ်တို့ကို
မရဏတောကို အသာတမျှော် ပို့လိုက်သဟာ
ပြည်သူများမှာ မျက်ရည်မဆည်နိုင်ပါဘု
ဝေဒနာများစွာ စိတ်ဖီစီးကာဖြင့်
တစ်ကမ္ဘာလုံးပါ ဖိန့်ဖိန့်တုန်သွားတဲ့ လုပ်ကြံမှုရယ်
( အိုကွယ်) ပြည်သူများမှာ ရင်ကွဲရတယ် ။
ဇမ္ဗူတစ်ခွင် ပြဲပြဲစင်အောင် ရှာကြည့်ပါတော့
သခင်လိုလူ တွေ့ပါမည်လား
(၁၃) နှစ်တာ နှစ်အပ္ပကာ အတွင်းမှာ ထွေး
ပြည်မြန်မာဘေး ကယ်တင်ရေးသာ ဦးစားပေးခဲ့
သြော်---မသမာသူဘေး သခင်ဝေးအောင် မရှောင်ပုန်းခဲ့လို့
အရိုင်းစံသူ ခြစားသူ ယုတ်မာမှုတွေကြောင့်
မရဏတောကို အချိန်စောစွာ မြန်းရပေမယ့်
ပြည်မြန်မာလူထု ဒီဇမ္ဗူ့ရင်ခွင်ထဲမှာ
သခင်ရာဇာ အောင်ဆန်းပါဟု
မြန်မာ့ဗိသုကာ ဘယ်အခါမှ မပျောက်ပြီ
ဟောဒီကမ္ဘာ ပျက်ကာလည်း မသေပြီ
ရဲရဲတောက်ခဲ့တဲ့ တို့အာဇာနည်မှန်း
အကျွန်လွမ်း ရည်မှန်းလို့ နှလုံးမှာသွင်း
လွမ်းရင်းဆွေးကာ တမ်းရပြီကွယ်
( အမယ်မင်း) ရင်ထဲမှာ ငိုကာရယ်နော်
အက္ခရာတွေ အမျိုးမျိုးသုံးသော်လည်း
မဆုံးသေးတဲ့ သခင့်ဂုဏ်ရည်မှာဖြင့်
ရေးထုံးနှင့် မကုန်ခမ်းနိုင်ရှာတဲ့
သခင့်ရဲ့ ဂုဏ်ရည်သဘော-------------။ ။
                                                            လေးစားစွာဖြင့်---မိန်နွေ--9/1/2012
ခက်ဆစ်==
ထန်းကိုပမိုးကြိုးခွင်းမည်-----------တဘောင်စာတစ်ခုဖြစ်သည်
တေရသာဟာ--------------------- ( ၁၃) ရက်
အာရုဏသမယေ-------------------လင်းအရုဏ်ချိန်
အမည်နာမံ ရုဠှီကြံ------------------နာမည်မှည့်သည်
(၁၂) နှစ်တာ နှစ်အပ္ပကာ အတွင်းမှာ-----နိုင်ငံရေးလုပ်ခဲ့သည့်နှစ်အရေအတွက်
အကျွန်မှန်း-------------------------ကျွန်တော်ရည်မှန်းကာ
ရေးထုံးနှင့်-------------------------ရေးလို့မကုန်နိုင်
(((ရေစက်)))
ရေစက်  တဲ့
ဘယ်လိုနတ်ဆိုးကများရေးစွဲခဲ့တာလဲ
သက်တုံငင်တုံဖြစ်နေတဲ့ ရင်ခုန်သံတွေဟာ
သက္ကရာဇ်တွေနဲ့ အတူလျှောက်ရလို့
ကြည့်စမ်း
ခုဆို-----------
ခြေဖ၀ါးတွေတောင် ကျိန်းနေပြီ။                ။။။။။။။။။။။။။။။။။။။။
လေးစားစွာဖြင့်
မိန်နွေ
.
Saturday, December 29, 2012
ဖိုင်တွေကို ဒီသော့နဲ့ ခတ်ရင် ကူးမရ ၊ ဖျက်မရ ၊ ဖွင့်မရ - ဖလမ်းဖလမ်း
ဆော့ဝဲတွေကတော့ အများကြီးရှိပါတယ်   ဒီဆော့ဝဲလေးကလည်း  ဖိုင်တွေ နဲ့ 
စက်ထဲမှာရှိသော  အရေးကြီး  ပုံများ   စာများကို  သူများကြည့်မရအောင်လုပ်
တဲ့နေ့ ရာမှာ သုံးပါတယ် ကြည့်မရ ကော်ပီယူမရ ဖျက်မရ အတော်လေးအသုံး
ဝင်ပါတယ် စိတ်ဝင်စားတဲ့သူ စမ်းသပ်လိုတဲ့သူများ သုံးကြည့်ပါ....................။
ဒီလင့်မှာ Download ယူပါ- ကွန်ပျုတာက ဖိုင်တွေ သော့ခတ်တဲ့ဆော့ဝဲ
မူရင်းလင့်ကယူချင်ရင် နှိပ်ပါ
.
((((ဇရာမလွမ်းတဲ့ငယ်ကြွမ်းတေး)))
ဖျင်ကြမ်းစောင်ပုခက်ပေါ်က
အူဝဲ ဆိုတဲ့ကျိန်စာတွေ
အသဲအမဲ အော်ဟစ်တဲ့အချိန်
ခြင်တွေလား၊ယင်တွေလား
ငါ့သားအနားဘယ်သူလဲ
ငိုကြွေးတဲ့သားငယ်ကို
ပုခက်ထဲက ပွေ့
ယုယစွာ ထွေးပိုက်ပြီး
နွေးထွေးတဲ့ရင်ခွင်ထက်က
သာယာတဲ့တေးသံတစ်ပုဒ်
အမေ့နှုတ်က သီဆိုပေးခဲံ့။
အို--အို့--အို--အို-။
ယခုတော့အမေ----------
ဇရာအုပ်ဖုံးသွားတွေပြုန်းလို့
ခါးတွေလည်းကိုင်း၊ နားလည်းထိုင်းပြီ
သင်္ခါရတရား ဘယ်အရာမှမမြဲကြ။
ဘယ်ခေတ်က ပဲစစ
ခေတ်အဆက်ဆက်သာပြောင်းသွားပေမယ့်
အမေ့တို့ရဲ့တေးသံသာ
ဘယ်အခါမှမပြောင်းခဲ့
နေစောင်းတဲ့အထိ
အို--အို့--အို--အို။
လေးစားစွာဖြင့်---မိန်နွေ
. 
♫♫♥♥အိမ်ပြေးတစ်ယောက်၏ အညာမြေအလွမ်း♥♥♫♫
အေးစက်နေတဲ့
ခပ်စိမ့်စိမ့် ကော်ဖီတစ်ခွက်ကိုအာရုံခံမိတိုင်
အပူဒဏ်ပြင်းတဲ့
အညာမြေကို လွမ်းတယ်။
အာဖရိက ဗုံသံတွေလို
စိတ်ကိုယစ်မူးစေတဲ့ ဂီတသံတွေကြားတိုင်း
ခေတ်ကိုအမှီလိုက်နေတဲ့
အညာမြေက ဗြောသံတွေကိုလွမ်းတယ်။
စက်တပ်ယဉ်တွေ ဒလဟောစီးဆင်းနေတဲ့
ခန့်ခန့်ညားညား
ကွန်ကရစ်လမ်းမကြီးကို မြင်တိုင်း
အညာမြေက
ဖုံထူထူ လှည်းလမ်းမကြီးကို လွမ်းတယ်။
စည်းရိုးခတ်ထားတဲ့
ရောင်စုံပန်းပွင့်တွေကိုမြင်တိုင်း
ဖြူဖွေးဖွေး ချောင်းကမ်းနံဘေးက
အစီအရီပေါက်နေတဲ့ လက်ပံပင်တွေကို လွမ်းတယ်။
အမျိုးအမည်မသိတဲ့
ရနံ့တစ်ချို့ကို ရှုရှိုက်မိတိုင်း
အညာမြေက
ခံပွင့်နဲ့ဆူးရစ်ပန်းရနံ့လေးတွေကို လွမ်းတယ်။
မာယာများတဲ့
ခင်မင်မှုတွေတွေ့တိုင်း
အညာမြေက
ရိုးသားတဲ့အပြုံးတွေကိုလွမ်းတယ်
ဟန်ဆောင်တတ်တဲ့
ရယ်မောမှုတွေကြုံတိုင်း
အညာမြေက
ပွင့်လင်းတဲ့စကားသံတွေကိုလွမ်းတယ်။
ဂုဏ်၊ပကာသနတွေ လွှမ်းမိုးထားတဲ့
လူအုပ်ကြီးကိုမြင်တိုင်း
ရိုးသားခြင်းတွေလိုလားတဲ့
အညာမြေကိုလွမ်းတယ်။
ရေနစ်သူကို ၀ါးကူထိုးတဲ့
လူတစ်စုရဲ့ ပျော်ရွှင်မှုတွေကိုမြင်တိုင်း
စည်းလုံးပြီးညီညွတ်တဲ့ အညာမြေကိုလွမ်းတယ်။
အရေခြုံထားတဲ့
မြို့ကြီးကိုကြည့်မိတိုင်း
အညာမြေက
အညာမြေကိုလွမ်းတယ်။
PM:10: 05:00
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီ---ရောက် အမှတ်တရ)
.
Friday, December 28, 2012
အင်တာနက် Virus တွေရန်ကို ကာကွယ်ဖို့  Malware Fighter Full Version
ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ၀င်နေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းပေးနိုင်သလို
အင်တာနက်က  ကူးစက်လာမယ့် Malware , Spyware ,Trojrans , Keylogger နဲ့ 
worm,..etc Virus တွေ ကူးစက်လာခြင်းကို ကာကွယ်ပေးပါတယ် ။။အင်တာနက်က
ကူးစက်လာတဲ့  gtalk Virus ပုံစံမျိုး ၊ ချက်တင်ကနေ  စာတွေ အလိုလို ပို့ နေတဲ့ပုံစံ
ဖေ့ဘွတ်ချက်တင်ကနေ   စာအလိုလိုပို့ နေတဲ့   Virus တွေကို  ရှင်းထုတ်ဖို့ အတွက်
ရမ်း အသုံးဝင်ပါတယ် ။ Malware ကြောင့် File extension တွေြေ ပာင်းကုန်တာကို
ဒီဆော့ဝဲက ရှင်းနိုင်ပါတယ် ။ ကွန်ပျုတာ မျက်နှာပြင်က ဖိုဒါတွေအားလုံး Adobe ပုံစံ
ဖြစ်ကုန်ပါတယ် ။ အဲ့တော့ malware ဟာ ကွန်ပျုတာကို ဒုက္ခပေးနိုင်တာမို့  သာမာန်
အသုံးပြုနေတဲ့ End user တွေအတွက်  ဒီဆော့ဝဲလေးက  ကာကွယ်ပေးပါလိမ့်မယ်
ဒီလင့်မှာ Download ယူပါ - မော်Obit Malware Fighter Full Version
မူရင်းလင့်ကယူချင်ရင် - http://inamsoftwaress.blogspot.com.
.
Thursday, December 27, 2012
(((မိုနာလီဇာအပြုံးထက်သာတယ်))
ဒီညမှာလည်း
မနေ့ကလိုမျိုး
နှာခေါင်းရှုံ့သူများရှိမလားလို့
လမင်းနဲ့အတူလိုက်ရှာခဲ့တယ်။
အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုမှာ
ဝါကျတွေက မညီမညာနဲ့
စကားလုံးတွေတစ်ခုပြီးတစ်ခုသုံးတာတောင်
အက္ခရာတွေက မပြည့်စုံဘူး။
လီယိုနာဒို ဒါဗင်ချီ ငိုရလောက်အောင်
မင်းရဲ့နှာခေါင်းရှုံ့ပုံက အသက်ဝင်လေတော့
အနည်းဆုံးတော့
မိုနာလီဇာ ထက်သာမယ်ဆိုတာ
နံရံတွေမေးကြည့်ရင်သိနိုင်တယ်
နောက်တော့
ဂဏာမငြိမ်တဲ့ ငါ့မျက်လုံးတွေက
မနေ့က သူထိုင်တဲ့(PC4)မှာ
လမင်းများသာနေမလားလို့
အကြိမ်ကြိမ် ရစ်ဝဲငေးမိတယ်။။              ။။
မိန်နွေ
.
Wednesday, December 26, 2012
သူငယ်ချင်း သို့.......
သူငယ်ချင်းရေ………
ဟိုဘက်ဒီဘက်
ကမ်းနှစ်ဖက်ကို ဆက်သွယ်ချင်ရင်
တံတားလေးထိုး
လှေလှော်ရသလို
တအားလည်းမတိုးပဲ
ခဏလေးနဲ့ ရောက်မယ်ဆိုတဲ့
အတွေးနဲ့လေ………
နင့်အချစ်ကိုရဖို့
တအားလည်းမတိုး
ဖြူစင်ခြင်းဆိုတဲ့ ကြိုးလေးနဲ့………
ငါ့မေတ္တာကို အသာဖယ်
နင်ပျော်ဖို့အတွက် စကားကြွယ်ရင်း
နင့်အတွေးတွေထဲ သာယာစေခဲ့တယ်……
နင့်အတွက်ဆိုတဲ့ ခံစားချက်နဲ့
ကဗျာတွေရေး အချိန်တွေပေးပြီး
တခါတလေ ငါ့အားငယ်စိတ်တွေ
ပျောက်ခဲ့သေးတယ်………
ဖွင့်ပြောဖို့ စဉ်းစားတိုင်း
ခင်မင်မှုတွေ ယိမ်းယိုင်မှာစိုးလို့
ခံစားချက်တွေမြိုသိပ်
တိတ်တိတ်လေးငိုခဲ့ဖူးတယ်………
အခုတော့……
နင့်ရဲ့ ဖြူစင်ခြင်းတွေအောက်
ငါ……အရှုံးတွေကောက်ယူရင်း
ငါ့အပြုံးတွေ ပျောက်ခဲ့တာ
ကြာပြီပေါ့ဟာ…………
လွမ်းဝေအောင်
.
ဒီနေ့ ဖတ်မိတာလေး ပြန်တင်ပေးပါ့မယ်နော် တကယ်ကြိုက်လို့ ပါ
စာဖတ်တာ အဝေးကြီးမသွားဖြစ်ဘူး ကိုယ့်ဆိုဒ်ထဲကို ပြန်မွှေဖတ်ဖြစ်တော့ ဒီဟာလေး
ပြန်တွေ့ တယ် သဘောကျလို့  နောက်တစ်နေရာ ပြောင်းသိမ်းရင် မျှဝေလိုက်ပါတယ်
ကိုယ်တင်ပြီး ကိုယ်ပြန်ရှာတာ အတော်မောသွားတယ် ...ဒုတိယအကြိမ် ဖတ်နိုင်ပါ၏
ကဗျာဆရာ အောင်မှုးဝေ ရေးပေးထားတာ၊ ရေးတာက 29-9-2011 တုန်းကပါ........။
အမောင်(သို့ မဟုတ်)သီချင်းဆိုနေတဲ့စာမျက်နှာ
စမ်းချောင်းကလေးရဲ့ရေစီးသံမှာ
ခြေဆေးမိတာအပြစ်လား
အေးမြမိသူစမ်းချောင်းလေးရဲ့အပြစ်လား
အမောင်.....ညီလေး..စွယ်စုံကျမ်း
မင်းကဇာတ်လမ်းနှစ်ခုရဲ့အလယ်ခေါင်မှာ
ရေစီးဟာမာယာတွေနဲ့အဆိပ်ပဲ
မိန်းမနဲ့ကမ္ဘာစစ်တူတယ်
အပြီးထိလှုပ်ရှားရသတဲ့
မပြီးရင်မင်းအမှားပေါ့....။
ဆရာမောင်ချောနွယ်ပြောဖူးတယ်
သူ့မိန်းမဟာသူ့ရန်သူပဲ..တဲ့
မင်းရန်သူရောဘယ်မှာလဲ
ရန်သူမရှိ  မိတ်ဆွေပဲရှိသလား
မင်းရန်သူကအမုန်းကိုအလံဖြူလွှင့်ခဲ့သလား
မိန်းမကိုဘုရားသခင်ဖန်ဆင်းတယ်ဆိုရင်
သူ့ဦးနှောက်မှာနှင်းတွေဝေနေလို့ပဲဖြစ်ရမယ်ပေါ့
ငါကဒီလိုတွေးနေချိန်မင်းကတော့
တစ်နယ်တစ်ကျေးမှာတိတ်တိတ်ကလေးမိုးတွေရွာလို့
အဝေးကွင်းမှာအသည်းကွဲပြီးပြီပေါ့ကွာ
ညီလေးဂစ်တာကြိုးပေါ်မှာဘာသီချင်းတွေဝှက်ထားလဲ
ဆက်လက်သီဆိုရန်/နားထောင်ရန်စာရင်းမှာရော
အစိမ်းရောင်ချယ်ရီသံတွေညံဦးမလာ
ပုဝါတစ်ကမ်းမဟုတ်တော့
မင်းသင်္ဘောဟာဆိပ်ကမ်းနဲ့ဝေးနေပြီ
ချစ်တာမရရင်..ရတာလေးကိုချစ်နေပါ
သူတို့ပတ်သက်သမျှရသလောက်ကလေးတွေ
ချစ်..ညီလေး...ချစ်ပါ
မင်းအလွမ်းကိုဘယ်ပန်းရနံ့ကမှတရားစွဲလို့မရဘူး
မိန်းမတွေဟာပန်းလိုပဲ  ညီလေး
ဘယ်သူနမ်းနမ်းနွမ်းတာပဲ
မင်းမခူးလည်းကြွေမှာပဲ
လရောင်ထိရင်ငိုတတ်တဲ့ကုမုဒြာလို
လှိုင်းခတ်သံကြားရင်ကြွေတဲ့မိန်းမတွေ
မင်းမှာအသည်းကွဲစာမျက်နှာနောက်တစ်ခုမှာရှိတယ်
ပြန်လည်ဆုံတွေ့ကြပါစို့..တဲ့
စတေကာကပ်ထားတဲ့အကျီ်နဲ့ ငါ့ညီအမောင်
မိန်းမတွေဟာမနေ့ကဆိုချင်နေတဲ့သီချင်း
ပြီးတော့မနက်ဖြန်သီဆိုချင်တဲ့သီချင်း
ဒီနေ့ ငါတို့အိပ်ကြမယ်
ကျပ်မပြည့်တဲ့ဘုရားသခင်ရဲ့အရိပ်မှာပေါ့
သူ့အမှားကမိန်းမတွေကိုဖန်ဆင်းခြင်းပဲလေ။    ။
အောင်မှုးဝေ
.
Tuesday, December 25, 2012
ဒါလည်း တစ်ချိန်တုန်းက နာမည်ကြီးပါပဲ အရမ်းတော်တာ ( မမကိုချစ်တယ် )
 ဒီသီချင်းလေးကတော့ အရမ်းသဘောကျလို့ ပါ တည်းဖြတ်တာလည်း တော်တယ်
သရုပ်ဆောင်လည်း  ကောင်းတယ် ။  တစ်လောတုန်းက နာမည်ကျော်ခဲ့ ဖူးတယ်
ဇာတ်ကားလေးကတော့ The Little Comedian  ထိုင်းဇာတ်ကားပါ တကယ်ကောင်းတယ်..။
ဒီလင့်မှာ ဇတ်လမ်းကြည့်ပါ - http://www.youtube.com/The Little Comedian 
.
Sunday, December 23, 2012
Dell OptiPlex GX520 အတွက် တစ်နေရာထဲမှာ အကုန်ရတဲ့ Driver တွေ
ပြန်လည်ဖောက်သယ်ချတာပါ။ မော်ဒယ်တူရင် ယူသုံးဖို့ နဲ့  နောက်ထပ်ကြုံလာရင်
ပြန်သုံးဖို့  မှတ်စုရေးတဲ့သဘောပါ ။ ၀င်းဒိုးတင်ရတာ မြန်ပြီး လိုအပ်တာတွေပြန်ထဲ့
ပြန်ရှာရတာ ကြာတယ် ။တစ်နေရာထဲနဲ့ Package တစ်ခုလုံး အဆင်ပြေသွားတယ်
Dell Driver တွေအားလုံး အဲ့ဆိုဒ်မှာကုန်အစုံရပါတယ် လိုအပ်ရင် သွားကြည့်လိုက်
တိုက်ဆိုင်လို့ သုံးချင်ရင် - http://www.dell.com-Dell Optiplex GX520
.
Saturday, December 22, 2012
နှလုံးသားထဲက သခင်
အတိတ်တစ္ဆေခြောက်တဲ့စာမျက်နှာမှာ
ဆူညံနေတဲ့ မျက်ရည်တွေ
ဗလံပွနေတဲ့အဓမ္မတွေ
အတုံးအရုန်း ကျဆုံးကုန်တဲ့ ကျက်သရေခေါင်းပေါင်းတွေ ။  ။
အ၀တ်တိုတို ခမောက်ဆောင်းထားတဲ့ နတ်ဆိုးတွေက
နေကျဲကျဲတောက်နေတဲ့ ငရုတ်ခပ်ပြီးသားနွေကန္တာနဲ့
အခိုးငွေ့သာသာ ကျန်တဲ့ ခပ်ယဲ့ယဲ့တဲအိမ်တွေပေါ်မှာ ခုန်ပေါက်လို့
စာနာမှုတွေပျောက်ဆုံးကုန်တဲ့ တောအုပ်ကြီးထဲ
အငမ်းမရမျိုချလိုက်တဲ့ အမှောင်ထုရဲ့နောက်မှာ
သောက တေးသံတွေ အသံစုံမြည်နေကြတယ်။
လက်ရုံးရည် အားကိုးပြီး
အဲဒီရေစီးတွေ ခုခံခဲ့ပေမယ့်
အသားထဲက လောက်ထွက်တဲ့ ညာဉ်ဆိုးတွေ
ဇာတ်တူသားကို ပြန်စားတဲ့ ခွေးဘီလူးတွေကြောင့်
တောဟာ တောနဲ့မတူပဲ
အဆံကျွတ်သွားတဲ့ ခရုခွံကမှ ကြည့်လို့ကောင်းနေသေးတယ်။
မောင်မင်း မောင်မင်းနဲ့ လူကလေးလို့ခေါ်တဲ့ တံတွေးခွက်တွေကြားမှာ
ဒေါင်းအလံထူချင်တဲ့ မျိုးချစ်တွေ
ဆန်ရှိပေမယ့် ထမင်းမစားခဲ့ရဘူး
ရေနံရှိပေမယ့် မီးမထွန်းခဲ့ရဘူး
ရွှေရှိပေမယ့် မ၀တ်ဆင်ခဲ့ရဘူး
သစ်တောတွေ ပေါများနေပေမယ့်
ကိုယ်ပိုင်အိမ်တောင် မဆောက်နိုင်ခဲ့ဘူး
ကိုယ့်မြေမှာ ပေါက်တဲ့ သယံဇာတတွေကို
သွေးစုပ်တတ်တဲ့ မာရ်နတ်တွေ ဖျက်ဆီးနေကြပေမယ့်
မျက်လုံးမှိတ်ပြီး အံကြိတ်နေရတဲ့ ဘဝ
ပိုပြီး ၀မ်းနည်းစရာကောင်းတာက
မြန်မာအမျိုးသမီးတွေ အဓမ္မသွေးဆောင် ဖျက်စီးခံရတာပဲ။
ဝိညာဉ်တွေ အော်ဟစ်ပြီး
အရိုးစုတွေ ကျိန်ဆဲနေတဲ့ အချိန်မှာ
မြန်မာတွေ ညဉ်းညူးနေပေမယ့်
ရာဇပလ္လင်ပေါ်က ခွေးဘုရင်တွေကတော့
လက်ထဲမှာ ယမကာ နဲ့ မပျက်ခဲ့ဘူး။
နောက်တော့
ကံကြမ္မာဟာ ကံကြမ္မာရဲ့ စေရာအတိုင်း
ဝင်ရိုးစွန်းအတိုင်းလျှောက်လှမ်းနေတဲ့ နေမင်းကြီးဟာ
ကမ္ဘာကို အကြိမ်များစွာ ပတ်ပြီးတဲ့နောက်
နေတစ်စင်းက မွေးဖွားလိုက်တယ်ပဲ ပြောပြော
နတ်သိကြားက ဖန်ဆင်းလိုက်တယ်ပဲ ပြောပြော
သူက--
နှလုံးရည်ကို အသုံးပြုပြီး
မြန်မာတွေကို ကယ်တင်ခဲ့တယ်
အာရှတိုက်ထဲက ကမ္ဘာ့အသိအမှတ်ပြု
အသက်အရွယ် အငယ်ဆုံး တော်လှန်ရေးခေါင်းဆောင်
ပြောတဲ့အတိုင်းလုပ်ပြီး ရဲရင့်ပြတ်သားတဲ့သူ
အချိန်အခါကိုကြည့်ပြီး
လက်ရုံးရည် ၊ နှလုံးရည်ကို အသုံးချတတ်တဲ့သူ
မြန်မာကို ချစ်လွန်းလို့ အလုပ်လုပ်နေပေမယ့်
အယောင်အဆောင်ကို မတွယ်တာတဲ့သူ
သူ့အကြောင်းကို ဆက်ပြောရရင်
ခင်ဗျားတို့ဦးနှောက်တွေ အရည်ပျော်သွားလိမ့်မယ်။
မသမာသူတွေ ပျော်မြူးနေတဲ့အချိန်မှာ
အဲဒီမသမာသူတွေရဲ့ စနက်ကြောင့်
ငါတို့ရဲ့ သခင်
ငါတို့ရဲ့ ဗိုလ်ချုပ်
ငါတို့ရဲ့ ဖခင်ကြီး
အခိုးအငွေ့တွေအဖြစ်ပြောင်းလဲသွားခဲ့တာ
သခင်ကိုယ်တော်မှိုင်းပြောသလို
ငါလည်း
ဒေါင်းအလံကို ပ၀ါအုပ်ပြီး သခင့်ကို သဂြီ င်္ုလ်ချင်တာပေါ့။
မြေကြီးပေါ်မှာ သခင်မရှိတော့ပေမယ့်
ပြည်သူတွေရဲ့ နှလုံးသားထဲမှာ သခင်အသက်ရှင်နေသေးတယ်။
ဟုတ်တယ်
သခင်အောင်ဆန်း အထင်အရှားရှိနေသေးတယ်။
လေးစားစွာဖြင့် ---------
မိန်နွေ--
.
(((နွားကျောင်းသားပေးစာ)))
သို့---------
အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက်
ဟူး-----နင့်နာမည်ခေါ်ရတာလည်း အမောဖောက်တတ်တဲ့ ငါ့အဒေါ်သာဖတ်ခိုင်းရင် လျှာထွက်၊ 
မျက်လုံးပြူးပြီး အမြုတ်တွေစီးရင်းသေသွားနိုင်တယ်။ နင်ကလည်း ကြံကြံဖန်ဖန် အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက်ရယ်လို့ ။ ငယ်ငယ်က ဂွက်ထော်ဆိုတဲ့ နာမည်ကပဲကောင်းပါတယ်ဟာ ။ 
ဂွတ်ထော်ဆိုတဲ့ နာမည်ကမှ မြန်မာဆန်တယ်။ အတိတ်ကိုလွမ်းစေတယ်။ ယဉ်ကျေးမှုကိုသတိရစေတယ်။ ပြီးတော့ ---ရောင်ထုံးတွေ ၊ဆံထုံးတွေကို ပြေးပြီးမြင်ယောင်စေတယ်။ ဟုတ်တယ်မဟုတ်လား ။ဒါနဲ့-။ နင်ပေးလိုက်တဲ့စာရဲ့အထက်က ( တီအို-တူး) ဆိုတဲ့အဓိပ္ပါယ်က ဘာကိုပြောတာလဲ။ နင့်ရဲ့စာကိုငါတစ်ယောက်တည်းဖတ်ဖို့မဟုတ်ဘူးလား။ 
တခြားဘယ်သူ့ကိုဖတ်စေချင်သေးတာလဲ။ တီအိုတူးဆိုတဲ့စာကိုဖတ်နေတဲ့အချိန်ပါပဲ ငါ့အမေက ငါ့ကို တံမျက်စည်းနဲ့လိုက်ရိုက်တယ်လေ။ ဘာလို့လဲဆိုတော့ နင်ရေးလိုက်တဲ့ တူးဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ငါမသိဘူး။ အမေက
မွှေခိုင်းလိုက်တဲ့ ထမင်းအိုးကတော့ တူးခြစ်သွားတာပဲ ။ ဟူးးးးးးးးးးးးး--ပြေးလိုက်ရတာ ရွာထိပ်က ကန်ဘောင်ရိုးအထိ။
ကန်ဘောင်ပေါ်မှာ ပတ်ပတ်လည်ပေါက်နေတဲ့ခရေပင်တွေလည်းမြင်ရော နင့်ကိုအရမ်းသတိရတာပဲ။ ငါ့ကိုယ်ငါ ပြေးလာရတာကို သတိမရတော့ဘူး။ ခရေပင်ပေါ်မှာ ဝေနေအောင်ပွင့်နေတဲ့ပန်းပွင့်လေးတွေက ငါ့ကိုလှောင်ပြသလို ခံစားရတော့ မဆီမဆိုင် အဲဒီခရေပွင့်တွေကို ခဲ (ဂဲ)နဲ့တောင် ပစ်ချခဲ့သေးတယ်။ နောက်မှ- ငါ့ရဲ့လုပ်ရပ်တွေ နင်သိသွားခဲ့ရင် ငါ့ကိုများအပြစ်တင်လေမလားလို့ ငါ့ကိုယ်ငါ ကြောက်နေမိတာ အလုပ်တစ်ခုလိုဖြစ်နေပြီ။
နင်ကကောဘယ်လိုလဲ --ငါတို့ကျေးတောရွာလေးကိုပစ်ခွါပြီးမြို့ကြီးပြကြီးကိုပြောင်းရွေ့သွားတာ  ခုဆိုရင် တစ်နှစ်တင်းတင်းတောင်ပြည့်တော့မယ်။ တစ်ခါတစ်လေ နွားကျောင်းရင်း အမှတ်မထင်တွေ့ရတတ်တဲ့ တောဇွန်ပွင့်တွေကတော့ ငါ့ကိုတိုင်ပြောကြတယ်။ ဂွတ်ထော သစ္စာမရှိဘူးတဲ့။ ငါကလည်း ပြန်ပြောလိုက်ပါတယ်။ ဇွန်ပွင့်လေးရယ် နင်က သစ္စာမရှိဘူးလောက်ပဲသိတာ သူကနင်ခေါ် ခေါ်နေတဲ့ ဂွတ်ထော်တောင်မဟုတ်တော့ဘူး၊ အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက် ဖြစ်နေပြီလို့ပေါ့။ ပြီးတော့ နင့်ပေးတဲ့လိပ်စာပါ တစ်ခါတည်းပြောလိုက်တယ်။ ဒဗလျှူ ဒဗလျှူ ဒဗလျှူ အောက်ကမြင့် အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက် အောက်ကမြင့်ကွန် လို့ပေါ့။ နင့်လိပ်စာလည်းကြားတော့ ဇွန်ပွင့်လေးခမျာ သနားပါရဲ့ ချက်ချင်းကို ညှိုးနွမ်းပြီး လေမယိမ်းပဲ လွင့်ကြွေသွားတယ်လေ။ နောက်ဆုံး စကားတစ်ခွန်းတောင်ပြောသွားသေးတယ်။ အော် ဖြစ်မှ ဖြစ်ရပလေ ဂွတ်ထော်ရယ်-တဲ့ ။ ။
နင်ကတော့ နင့်ကိုနင် ခေတ်မီပြီလို့ထင်နေပေမယ့် ငါကတော့ နင့်လိပ်စာအတိုင်းလိုက်ရှာရတာ ရွာက နွားပျောက်လို့လိုက်ရှာတာထက်ကို ပင်ပန်းတယ်။ ဟုတ်တယ်လေ ။ ရွာမှာဆိုရင် ထန်းတက်တဲ့ ဦးသာဘုကိုမေးကြည့်ရင် ဟိုဘက်ဒီဘက်ဆိုတာ သိနိုင်တယ်။ ခုတော့ နင့်လိပ်စာက ငါ့ကိုအရူးထောင်ထဲ ပို့လိုက်သလိုပဲ ။ ကွမ်းယာရောင်းတဲ့ ကုလားလေးကတောင်ပြောသေးတယ်။ ငါ ဒီမြို့မှာနေတာ ကြာပြီ။ ဒဗလျှူ ဒဗလျှူ ဒဗလျှူ အောက်ကမြင့် ဆိုတဲ့ လိပ်စာကို ငါမတွေ့ဖူးဘူးတဲ့။ မင်းလိုက်ရှာချင်ရင် ဟိုနားက ကဖေးဆိုင်ထဲမှာ လူတွေ အများကြီးရှိတယ်။ သူတို့ကိုမေးကြည့်တဲ့လေ ။ အင်း---ငါလည်း ဗိုက်က စာနေတာနဲ့တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားအောင် မုန့်လည်းစားရင်း ၊ လိပ်စာလည်းမေးရင်း ဆိုင်ထဲကိုဝင်ကြည့်လိုက်တယ် ။ အဲဒီကဖေးဆိုင်ရဲ့ထူးဆန်းချက်က ငါတွေ့ဘူးတဲ့ ဆိုင်တွေလို မဟုတ်ဘူး။ အဆင့်မြင့်တယ်လို့ပဲပြောရမလား ။ ပိတ်ထားတဲ့ တံခါးကလည်း မှန်တွေနဲ့ ကြည့်ရတာ တော်တော်ကျက်သရေရှိတယ်။ အင်္ဂလိပ်စာတွေကလည်းရေးထားသေး။  ငါက စာမဖတ်တတ်တော့ ဘာရေးထားမှန်းတော့ မသိဘူး။ တံခါးကလည်းတမျိုးလေးထူးဆန်းနေတယ်။ ဒီဘက်ဆွဲဖွင့်လို့လဲမရ။ ဟိုဘက်တွန်းဖွင့်လို့လဲမရ။  နောက်မှ အထဲက ကောင်လေးတစ်ယောက်က ဘေးကိုတွန်းဖွင့်ပေးတယ်။ ငါလည်းထူးဆန်းတာနဲ့ နှစ်ခါလောက် ဖွင့်လိုက် ပိတ်လိုက် လုပ်ကြည့်မိတယ်။ အဲဒီမှာ ကောင်လေးတစ်ယောက်က ငါ့ကိုမေးတယ်။ အစ်ကိုထိုင်မလားတဲ့ ။ ငါလည်း ထိုင်မယ်လို့ ချိုစိမ့်တစ်ခွက် ၊ ပလာတာတစ်ပွဲချပေးလို့ပြောတော့ အဲဒီကောင်လေးက ငါ့ကိုမျက်လုံးပြူးပြီးကြည့်တယ်။ ဟေ့ကောင် ပလာတာကုန်နေလို့လား၊ ဒါဆို အီကြာကွေးချကွာလို့ ပြောတော့ အဲဒီကောင်လေးက အစ်ကိုတဲ့ ဒီဆိုင်က လက်ဖက်ရည်ဆိုင်မဟုတ်ဘူးတဲ့ ။ အင်တာနက်ဆိုင် ပါတဲ့။ ငါလည်းသူပြောတာ မယုံလို့ ဆိုင်ထဲကို တစ်ချက်ဝှေ့ကြည့်လိုက်တယ်။ ချောချောလှလှ ကောင်မလေးတွေ၊  ရုပ်ဆိုးဆိုးနဲ့ ငနဲတွေက ငါ့ကိုကြည့်ပြီးပြုံးစိစိလုပ်နေကြတယ်။ ငါလည်းရှက်တာနဲ့ ဆိုင်ထဲကနေ ၀ုန်းကနဲ ထပြေးလာခဲ့တယ်။ ဟူးးးးးးးးးးးးးး
တော်ပါသေးရဲ့ တောသား သိက္ခာကျတော့မလို့။ ငါလည်းမကျေနပ်တာနဲ့ ဆိုင်ကယ်ဘီးဖာတဲ့သူကိုမေးကြည့်တယ်။ သူပြောတာက အင်တာနက်ဆိုတာ ကိုယ်ရှာချင်တာရှာလို့ရတယ်တဲ့။ အဲဒီအဖြေကို ငါအရမ်းသဘောကျတာ။ ဘာလို့လည်းဆိုတော့ ကိုယ်ရှာချင်တာရှာလို့ရတယ်ဆိုရင် နင့်ကိုလည်းရှာလို့ရတယ်ပေါ့။ အဲဒီလို အတွေးဝင်ပြီး ခုနကဆိုင်ထဲကို ပြန်သွားခဲ့တယ်။အထဲရောက်တော့ ခုနကကောင်လေးပါပဲ အစ်ကိုဘာအလိုရှိလို့လဲတဲ့ ။ ငါလည်းတစ်ခွန်းတည်းပြောလိုက်တယ် ။ အင်တာနက်တစ်ပွဲပေးပါလို့။ ငါလည်းဖြေလိုက်ရော ဆိုင်ထဲကလူတွေအကုန်လုံး ငါ့ကိုကြည့်ပြီး ၀ါးကနဲပွဲကျသွားတယ်။ ဘာကိုကြည့်ပြီးရယ်တာလဲမသိဘူး ကောင်လေးက နောက်တစ်ခါထပ်ပြောတော့ ရှက်လိုက်တာဟာ။ ရယ်သံတွေက ပိုလို့တောင် တိုးလာသေးတယ်။ သူပြောတာက အစ်ကိုတဲ့ အင်တာနက်တစ်ပွဲရယ်လို့မရှိဘူးတဲ့။ အင်တာနက်ဆိုတာ စားစရာမဟုတ်ဘူး တဲ့ ။ ငါလည်း နင့်ကိုမတွေ့ရလည်းနေရော့ဟယ်ဆိုပြီး ဆိုင်ထဲကနေ ဒုတိယမ္ပိ ဆိုင်ထဲက ပြန်ထွက်လာခဲ့တယ်။ ၇ှက်တာပေါ့နော်။ နင့်ကိုမရှာတော့ဘူးလို့ စိတ်ကိုဒုန်းဒုန်းချပြီး ရွာကိုပြန်လာခဲ့တယ်။ လမ်းမှာ ကားရပ်တော့ မုန့်ဝေတဲ့သူတွေအများကြီး၊ ချဉ်ပေါင်းယူမလား၊ ရေယူမလား၊ ကောက်ညှင်းကျည်တောက်ယူမလားနဲ့ ၀ိုင်းမေးနေလိုက်ကြတာ။ အွန်း--လူလေးတွေက သနားကမားလေးတွေဆိုပေမယ့် စေတနာတွေ ကောင်းလိုက်ကြတာ ။ ခရီးသည်တွေကို ခုလိုမုန့်ဝေတာ ငါမတွေ့ဖူးဘူး။ မြို့မရောက်ဖူးတာလည်းပါမှာပေါ့။ ငါလည်းဗိုက်စာတာနဲ့ မုန့်တွေတစ်မျိုးပြီးတစ်မျိုး
ယူလိုက်တယ်။ လိုက်ဝေတဲ့သူတွေကလည်း ပြုံးလို့ ။ မုန့်ဝေတာကို ကြည်နူးနေတာနဲ့တူတယ်။ ကားလည်းထွက်ခါနီးတော့ သူတို့က ဘာပြောတယ်မှတ်လဲ။ အစ်ကို ပိုက်ဆံမပေးရသေးဘူးလေ တဲ့။ ငါကတောသားပေမယ့် အဲဒီလောက်တော့ ဘယ်အပါ့မလဲ။ ဟုတ်တယ်လေ။ သူတို့အစကပြောက မုန့်ယူမလားတဲ့။ လိုက်ပေးနေတာ။ ခုမှ ပိုက်ဆံတောင်းတာ ။ မပေးနိုင်ဘူးလို့ပြောလိုက်တော့ ဟိုတိုင်မယ်လိုဒီတိုင်မယ်လိုနဲ့။ ငါ့အဖြစ်ကိုကြည့်ပြီး လူတွေဟားနေလိုက်ကြတာ။ ငါလည်းရှက်စိတ်တွေ မွှန်လာတာနဲ့ သူတို့မုန့်တွေကို ပြန်ပေးလိုက်တယ်။ သူတို့လည်းဒေါသထွက်နေပုံရတယ်။ ဒီအကြောင်းတွေကို ငါနွားကျောင်းရင်းနင့်ဆီကိုရေးလိုက်တာ ။ နောက်တစ်ခါ နင့်ဆီကို မလာတော့ပါဘူး။ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။
တော်ပြီ
ပုံ/ သာအေး
လေးစားစွာဖြင့် --မိန်နွေ
.
ဓာတ်ပုံကို ဒီဖိုင်းလန်းလန်းလေး ပြင်ချင်ရင် ဒီနည်းကိုသုံး ( မြန် -ကောင်း-လွယ်)
ဒီဟာလေးက  ဓာတ်ပုံဒီဇိုင်းဆန်းဆန်းပြင်ဖို့   ဘောင်လှလှလေးတွေ  သုံးဖို့ အတွက်
လုပ်ရတာလည်း လွယ်တယ် ဒီဇိုင်းတွေလည်း အများကြီး..တကယ့် ဖလမ်းဖလမ်း...။
လုပ်ချင်ရင် ဒီလင့်မှာ- http://www.funnywow.com/
.
Friday, December 21, 2012
ကွန်ပျုတာအတွက် Anti Virus ဆော့ဝဲကောင်းလေး Symantec Endpoint
 ဆော့ဝဲတင်ဖို့ လုပ်နေတုန်း အထဲက Key Generator တွေ  Path တွေ သတ်ပစ်လို့ 
ဒုက္ခရောက်ပြီ ဓာတ်ပုံနဲ့ ဒီဇိုင်းလုပ်တဲ့ ဆော့ဝဲတင်ဖို့  တင်ပေးဖို့   စတစ်ထိုးလိုက်တာ
အခုတော့ ဆီပုံး ဆုံးပြီ ၊ဒီလို သတ်တာမျိုးကတော့ အတော်များများ သတ်ကြပါတယ်
ကောင်းလားတော့ မသိပါ ၊ဌာနတိုင်းက ကွန်ပျုတာတွေအကုန်လုံး အခု ဒီဆော့ဝဲကို
ထည့်ထားတယ် ဖိုင်ဆိုဒ်ကတော့ ကြီးတယ် အင်တာနက်အတွက်ပါ သတ်ပေးတော့
မဆိုးတော့မဆိုးဘူး သုံးချင်တဲ့သူ သုံးဖို့  အမှတ်တရ ကောက်တင်လိုက်ပါသည်.....။
Spy နဲ့  Malwere ပါတဲ့ဆိုဒ်တွေကိုတော့ Network Protection က Block ပါတယ်
စက်ထဲဝင်တဲ့ IP တွေလည်း ပြပေးတယ် စိတ်ဝင်စားဖို့ တော့ ကောင်းနေပါ၏.......။
စမ်းချင်သူတွေ အောက်ကလင့်မှာယူလိုက်ကြပါလေ..........................................။
ဒီလင့်မှာ Download ယူပါ - Symantec AntiVirus ( 32 bit )
ဒီလင့်မှာ Download ယူပါ - Symantec AntiVirus ( 64 bit )
မူရင်လင့်မှာ အကုန်ရပါတယ် - http://www.symantec.com
.
Thursday, December 13, 2012
Facebook wall စာမျက်နှာမှာ သူများစာလာရေးမရအောင် ပိတ်ထားနည်း
ဒီနည်းကတော့ အသုံးလိုနေတဲ့ သူတစ်ယောက်မေးတာနဲ့  ကောက်တင်လိုက်တာပါ
ရန်ဖြစ်ထားတဲ့အတွက်  သူ့ ဆီမှာ  လာလာဆဲကြ ၊ ပုံတွေတင်ကြ ၊  ဖြစ်နေလို့ ပါတဲ့။
အမှန်ဆို  ရေးတဲ့သူ  သူငယ်ချင်းစာရင်းက  ထုတ်ပလိုက်လည်း နားအေးနေပါတယ်
သို့ သော်  သူရဲ့ စာမျက်နှာကို  ဘယ်သူမှ  ဘာမှရေးမရ  တင်မရအောင် လုပ်ပေးပါ
ပြောလာတာနဲ့    ဒီနည်းလေးကို   တင်လိုက်ပါတယ် ။  ဘယ်သူမှ  ဘာမှ လာမတင်
လာမရေးအောင်လုပ်ချင်ရင် ဒီနည်းနဲ့ လုပ်ပါ......................................................။
အင်္ဂလိပ်လိုစာတွေကို Facebook => Help က ကူးယူပြတာပါ
How do I stop people from posting on my timeline?
To prevent your friends from posting to your timeline:
  1. Open the account dropdown menu in the top right corner of Facebook and click Privacy Settings
  2. Find the Timeline and Tagging section and click Edit Settings
  3. From the dropdown menu next to Who can post on your timeline choose No One
.
Tuesday, December 11, 2012
အင်တာနက်သုံးနေသူတွေအားလုံး ဘာပဲလိုချင်လိုချင် ဒီနည်းလေးကိုသုံး
ဒီနည်းလေးကတော့ အင်တာနက်သုံးတဲ့သူ အတော်များများသုံးနေတဲ့ နည်းတစ်ခုပါ
ရှာတဲ့နည်းလေးကို အနည်းငယ်သိသလောက်ရေးပြပါမယ်..............................
စာအုပ် ရှာဖွေနည်း
စာအုပ်နာမည်ရေးရှာပါ ။ အဆင်မပြေရင် စာရေးသူနာမည်နဲ့ လိုက်ရှာပါ
သီချင်းရှာဖွေနည်း
သီချင်းနာမည်ရေးရှာပါ ။ အဆင်မပြေရင် အဆိုတော်နာမည်နဲ့ ရှာပါ ။ နောက်ထပ်
သေချာအောင် စီးရီးနာမည်တွေနဲ့ ဆက်လက်ရှာဖွေကြည့်ပါ..........................။
ဇာတ်လမ်းရှာဖွေနည်း
ဇာတ်လမ်းနာမည်နဲ့ ရေးပြီးရှာပါ ။ မင်းသားမင်းသမီးနာမည်နဲ့ ရေးပြီးရှာပါ
ဆော့ဝဲရှာနည်း
လိုချင်တဲ့ဆော့ဝဲနာမည်ကို အင်္ဂလိပ်လိုရေးပါ ။ ဥပမာရေးပြပါမယ်
Internet Download Manager with path
Internet Download Manager with Crack
Internet Download Manager with Serieal Key
Internet Download Manager with Key gen
ဘာလို့  Path , Crack , Serieal Key , Key gen တွေထည့်ရလည်းဆိုရင်
Full Version ဖြစ်အောင်လို့ ပါ ။ ဒါမှအပြည့်အ၀ သုံးလို့ ရမှာ မဟုတ်ရင်
သူ့ ဆော့ဝဲပေါ်မူတည်ပြီး ရက်ကွာခြားပါလိမ့်မယ်..........................။
ကွန်ပျုတာ ပြဿနာတက်လာလျှင် ဖြေရှင်းနည်းရှာရန်
ရှာရမယ့်နည်းကတော့ သိပ်မများပါဘူး ။ အကောင်းဆုံးကတော့ အင်္ဂလိပ်လိုရေးပါ
ဒီနေရာမှာ အင်္ဂလိပ်လို တအားသိစရာ မလိုပါဘူး ။ကိုယ်ဖြစ်တဲ့ပြဿနာကို သိဖို့ ပါ
ကွန်ပျုတာမှာ ပြဿနာတက်လျှင် Error Message , Error number တွေပါတယ်
အဲ့တာလေးတွေ သေချာမှတ်ထားဖို့ ပါ ရေးပုံရေးနည်းကတော့..
How to solve........................( နောက်က Error Message စာကိုထည့်ပါ)
How to fix............................( နောက်က Error Number ရိုက် ကိုထည့်ပါ )
အဆင်လည်းပြေသလို သဘာဝလည်းကျပါတယ် ။  ဘယ်လိုနည်းပညာရှင်တွေမဆို
ဒီနည်းလမ်းကို တစ်နည်းမဟုတ် တစ်နည်းသုံးကြပါလိမ့်မယ် ဆော့ဝဲအတော်များများ
နိုင်ငံခြားကရေးပြီး သုံးနေတဲ့ဆော့ဝဲအကြီးတွေ ရယူဖို့ နိုင်ငံခြားပညာရှင်ဆိုဒ်တွေကို
လေ့လာကြရတာပါ ။ ကျနော်ကိုယ်တိုင်ထုတ်တဲ့ဆော့ဝဲ  ဘာတစ်ခုမှ မရှိသေးပါဘူး
ဆော့ဝဲကောင်းကောင်းရဖို့  နိုင်ငံခြားဆိုဒ်တွေ  လေ့လာဖို့ လိုပါတယ် ။လိုချင်တဲ့ဟာ
ယူတာ  အင်္ဂလိပ်စာတတ်ဖို့ မလိုပါဘူး ။  ဆော့ဝဲရလာပြီဆိုရင် ကိုယ်တိုင်သုံးကြည့်
စမ်းသပ်ကြည့် အဆင်ပြေတယ်ဆို ပြန်တင်ပေးတာပါ။ အခုနောက်ပိုင်း သိပ်ပြီးမယူ
မသုံးဖြစ်တော့ပါဘူး အချိန်မရတာနဲ့ အတိုအထွာလောက်ပဲ ရေးတင်ဖြစ်တော့တယ်
အဲ့ကြောင့် လိုချင်တဲ့ဆော့ဝဲ  လိုချင်တဲ့အရာမှန်သမျှ  ဒီနည်းလမ်းကိုသုံးကြည့်နိုင်ဖို့ 
အကြံပြု ရေးသားတင်ပြ မျှဝေလိုက်ပါကြောင်း............................................။
.
Youtube နဲ့  Facebook ကVideo ကြည့်မရ Flash Player ပြဿနာဖြစ်ရင်
မော်ဇီလာကနေ ဗီဒီယိုတွေ မပွင့်တော့ရင် ဒီဆော့ဝဲလေးထည့်ကြည့်လိုက်ပါ ပြီးရင်
မော်ဇီလာကို ပြန်ပိတ်ပြီးပြန်ဖွင့်လိုက်ပါ အဆင်ပြေပါလိမ့်မယ်.........................။
ဒီလင့်မှာ Download ယူပါ - Adobe Flash Player Laest Version
.
Monday, December 10, 2012
Youtube က Download ထားတဲ့ သီချင်းကို ဖုန်းထဲမှာပဲ MP3 ပြောင်းနည်း
ဒီဟာလေးက ဖုန်းထဲမှာတင် သီချင်းတွေ MP3-MP4 ပြောင်းချင်တဲ့အခါ ကောင်း၏
ကွန်ပျုတာကို သုံးစရာမလိုတော့ဘူး ။ဖုန်းထဲမှာပဲ အဆင်ပြေစွာ ပြောင်းနိုင်ပါတယ်
လိုအပ်သူများ သုံးချင်သူများ Google Play ကယူလိုက်ပါနော.........................။
ဒီလင့်မှာယူပါ -Mp3-Mp4 Media Converter for Android Phone
.
ပြောင်းလည်းသွားသော သူငယ်ချင်းသို့
ကျေးဇူးပါပဲ ဆိုတဲ့အပြုံးလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ....။
ကူညီပါ ဆိုတဲ့စကားလေးတစ်လုံးနဲ့
ညာခိုင်းခံရပေါင်းလည်း များခဲ့ပါပြီ...........။
ခဏလေးပါ ဆိုတဲ့ငှားရမ်းမှုတွေကြောင့်
ဆုံးရှုံးခဲ့ရပေါင်းလည်း များခဲ့ပါပြီ................။
မနက်ဖြန်ခါ ဆိုတဲ့ချိန်းဆိုမှုတွေကို
စောင့်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ.............။
ပြန်လာခဲ့မယ် ဆိုတဲ့မျှော်လင့်ချက်တွေပေးပြီး
ဝေးခဲ့ရပေါင်းလည်း များခဲ့ပါပြီ.........။
စိတ်ချယုံကြည်ပါ ဆိုတဲ့ကတိတွေပေးပြီး
ရူးချင်ယောင်ဆောင်နေလို့ခံခဲ့ရပေါင်းလည်း များခဲ့ပါပြီ......။
သည်းခံပါ ဆိုတဲ့တောင်းပန်မှုတွေကို
ခွင့်လွှတ်ရပေါင်းလည်း များခဲ့ပါပြီ............................။
ဒီလိုနဲ့ပေါ့ သူငယ်ချင်း
သူမတူတဲ့ သံယောဇဉ်မျိုး
ငါ့ရင်ကို ခိုဝင်တိုးခဲ့တော့
ထားခဲ့မိတာ သူငယ်ချင်း
တကယ့်ကို ဖြူစင်ခြင်းတွေနဲ့................။
သူမတူတဲ့ ခင်မင်မှုမျိုး
ငါ့ရင်ကို ခိုဝင်တိုးခဲ့တော့
ခင်ခဲ့မိပါတယ် သူငယ်ချင်း
ငါ့မှာ ဟန်ဆောင်ခြင်းတွေ မရှိဘူး.............။
ခုတော့ သူငယ်ချင်း
လမ်းမှာတွေ့ရင်တောင်
မသိချင်ယောင် ဆောင်နေခဲ့ရတဲ့
ပစ္စုပ္ပန်ရဲ့ နေ့ရက်မျိုးကို
ငါတကယ် မတွေးမိခဲ့တာ အမှန်ပါ
နင်ဘယ်လို ပြောင်းလည်း ပြောင်းလည်း
ငါ့ရဲ့ သံယောဇဉ်က မပြောင်းလည်း ခဲ့ပါဘူး
အချိန်တွေ ဘယ်လို ပြောင်းလည်း သွားစမ်း
ငါ့ရဲ့ ခင်မင်မှုက မဟောင်းနွမ်းခဲ့ပါဘူး.............။
ငါတို့တွေရဲ့ ဘဝ
တစ်ခဏ ဆိုတာကို သိကြရင်
မာန်မာနတွေကို ခြေရာဖျောက်
အနာဂတ် ဆိုတဲ့ လမ်းတစ်လျှောက်မှာ
ခေါ်ခြင်း... ပြောခြင်း... နှုတ်ဆက်ခြင်းနဲ့
အတိတ်က ပျော်ရွှင်ခြင်းတွေ
ပြန်ရချင်တယ် သူငယ်ချင်း.......................။
ယု( မြန်အောင် )
Thursday, December 6, 2012
Miscrosoft Security Essencial သုံးသူများအတွက် Virus ခဏပိတ်နည်း
ဒီနည်းလေးကို ရေးရတာကတော့  ဆော့ဝဲတွေ  အင်စတောလုပ်တဲ့အခါမှာ ပြဿနာ
ဖြစ်တတ်လို့ ပါ ။ ဒါကြောင့်  ဒီဆော့ဝဲကိုသုံးရင် ပိတ်တတ်ဖို့ သိရပါမယ် ။ ဘာလို့ လဲ
ဆိုရင် Internet Download Manager ဆော့ဝဲထည့်တဲ့အခါ Path  ဖိုင်ပါနေပါတယ်
နောက်တစ်ခု Flash Song လုပ်တဲ့ Swish max 4 ထည့်တဲ့အခါ မှာလည်းပါပါတယ်
Path ဖိုင်ကိုအသုံးပြုဖို့ အတွက်  Virus ဆော့ဝဲကို  ခဏပိတ်ရပါမယ် ။ မပိတ်ပေးရင်
Path ဖိုင်ကို Virus ထင်ပြီး Alarm မည်ပြီး ဖျက်ပစ်တတ်ပါတယ် ဒါဆိုရင် ဆော့ဝဲကို
အပြည့်သုံးဖို့ ပြုလုပ်ရခက်ပါတယ်။ နောက်တစ်ခု Window Genuine ဖြစ်တဲ့အခါမှာ
Active ဖြစ်ဖို့ ဆော့ဝဲထည့်ရင် ခဏပိတ်ထားရပါမယ် ။  ဒါကြောင့် ပိတ်နည်းလေးကို
ရေးတင်လိုက်ပါတယ် မပိတ်ပဲ လုပ်ရင်  ပြဿနာတွေတက်ပီး မရဘူး ပြောကြလို့ ပါ
ဒါကြောင့် Anti Virus ခဏပိတ်ထားပါဆိုရင် ဒီနည်းကိုပြေးသာမြင်လိုက်ပါ...........။
.
Wednesday, December 5, 2012
အလှဆင်လိုသူများအတွက် ကြယ်တွေ လတွေ လိပ်ပြာတွေ အသည်းတွေ....
ဒါကတော့ ဘလော့ အလှဆင်လိုသူတွေ သုံးဖို့ ပါ ကုဒ်တွေများလို့ လိုချင်တဲ့သူတွေ
မူရင်းလင့်မှာ  သွားယူထည့်နော်။ ဒီဇိုင်းတွေ  အသည်းရောင်စုံ  ကြယ်ရောင်စုံတွေ
အများကြီးရှိပါတယ် ။ထည့်တာကတော့ Add a gadget = JAVA HTML ကထည့်ပါ
နမူနာအနေနဲ့  ဒီဇိုင်း အနည်းငယ်ကူးတင်ပြတာပါ မူရင်းမှာ ထပ်ကြည့်ပေးပါ......။
Falling emoticon-object-086-01 : Falling emoticon object
<a href="http://24work.blogspot.com" target="_blank" title="Blogger Widgets"><img src="http://safir85.ucoz.com/24work-blogspot/cursor-24work-10.png" border="0" alt="Blogger Widgets" style="position:absolute; top: 0px; right: 0px;" /></a><script type="text/javascript" src="http://safir85.ucoz.com/bdlab-blogspot/24work/snow/emoticon-object-086-01.txt" />
</script>
Falling butterfly ani 1 : Falling butterfly ani
<a href="http://24work.blogspot.com" target="_blank" title="Blogger Widgets"><img src="http://safir85.ucoz.com/24work-blogspot/cursor-24work-10.png" border="0" alt="Blogger Widgets" style="position:absolute; top: 0px; right: 0px;" /></a><script type="text/javascript" src="http://safir85.ucoz.com/bdlab-blogspot/24work/snow/butterfly-1-dance.txt" />
</script>
Falling colored cross : Falling colored cross
<a href="http://24work.blogspot.com" target="_blank" title="Blogger Widgets"><img src="http://safir85.ucoz.com/24work-blogspot/cursor-24work-10.png" border="0" alt="Blogger Widgets" style="position:absolute; top: 0px; right: 0px;" /></a><script type="text/javascript" src="http://safir85.ucoz.com/bdlab-blogspot/24work/snow/Falling_colored_cross.txt" />
</script>
Falling colored flake : Falling colored flake
<a href="http://24work.blogspot.com" target="_blank" title="Blogger Widgets"><img src="http://safir85.ucoz.com/24work-blogspot/cursor-24work-10.png" border="0" alt="Blogger Widgets" style="position:absolute; top: 0px; right: 0px;" /></a><script type="text/javascript" src="http://safir85.ucoz.com/bdlab-blogspot/24work/snow/Falling_colored_flake.txt" />
</script>
Falling Colored Stars : Falling Colored Stars
<a href="http://24work.blogspot.com" target="_blank" title="Blogger Widgets"><img src="http://safir85.ucoz.com/24work-blogspot/cursor-24work-10.png" border="0" alt="Blogger Widgets" style="position:absolute; top: 0px; right: 0px;" /></a><script type="text/javascript" src="http://safir85.ucoz.com/bdlab-blogspot/24work/snow/ColoredStars.txt" />
</script>
ထပ်လိုချင်သေးရင် မူရင်းလင့်ကယူပါ - http://bdlab.blogspot.com 
ထပ်လိုချင်သေးရင် မူရင်းလင့်ကယူပါ-  http://24works.blogspot.com.
ဘလော့လိပ်စာရဲ့ ဘေးက Favicon Icon ကို မိမိ နှစ်သက်ရာပုံ ပြောင်းနည်း
ဒီနည်းလေးက အရမ်းလွယ်ကူပါတယ် အခြေခံပညာသင်လေးတွေအတွက် တင်ပေးရ
တာပါ ။ ဒီမှာတင်လိုက်တော့ မေးထဲကဖြေရတာ သက်သာသွားပြီ လုပ်ကြည့်လိုက်ပါ
အရမ်းလွယ်ပါတယ် ကိုယ်ကြိုက်တဲ့ ပုံကိုတင်ပြီး ကုဒ်ယူပါကျလာတဲ့ကုဒ်တွေကိုတော့
Edit Html ကိုဝင်ပါ  ]]></b:skin>   ကို ရှာပါ (Ctrl + F နှိပ်ပြီး ရှာပါ) တွေ့ ပြီဆိုရင်
အဲ့ကုဒ်ရဲ့  အောက်တည့်တည့်မှာ Upload တင်လို့ ရလာတဲ့ လင့်ထည့်ပြီး တန်းပလိပ်
ကို Save လိုက်ပါ..တခြားနည်းတွေထက် ဒီနည်းက လွယ်ကူဆုံးဖြစ်ပါတယ်..........။
ဒီလင့်မှာ လုပ်ပါ  - http://www.iconj.com/favicon_hosting.php
ဒီမှာအစုံထပ်လေ့လာပါ - http://web-site-tutorial.blogspot.com/
ဒီနည်းကရေးပီးသား၊ ဘလော့ဂါအသစ်လေးတွေရှာရခက်နေတယ်ပြောလို့ တင်တာ
လုပ်ကြည့်လို့ အဆင်မပြေရင် zwmnna@gmail.com သို့ ဆက်သွယ်နိုင်ပါကြောင်း.။
.
Tuesday, December 4, 2012
ပန်းခူးချင်တဲ့လက်.....................
နှင်းဆီနီ တစ်ပွင့်နဲ့ အစ
ဘဝမှာ ကျိန်စာ ရလိမ့်မယ်လို့
ငါ.... မတွေးခဲ့ မိဘူး  ခိုင်...............။
ငါ ပေးခဲ့တဲ့ ပန်းကလေး
နင် စွန့်ပစ်ပြီး ထွက်ပြေးသွားတာ
အနာဂတ်မှာ ငါတို့ဝေးဖို့
နိမိတ်တွေ ပေးခဲ့တာလားပဲလား  ခိုင်............။
ဂုဏ်ဓနကို တန်ဖိုးထားတဲ့
နင့် မိသားစုရဲ့ ကြားမှာ
ငါ့ သံယောဇဉ်တွေများ
ကျဆုံးသွားဖို့ ကောင်းခဲ့တာ..............။
ရင်ထဲက စကားတွေကို မြိုသိပ်
နင့်အနားက တိတ်တဆိတ် ထွက်ရင်း
(၅) နှစ်ဆိုတဲ့ ကာလအတွင်းမှာ
အရာရာ ပြောင်းလဲသွားကြပေမယ့်
မပြောင်းလဲတဲ့ အရာတစ်ခုက
နင့်ကို သတိရမှုတွေပဲ  ခိုင်.............။
အတွေးတွေထဲကို နင်ဝင်လာတိုင်း
ငါ အကြိမ်ကြိမ် နှင်ထုတ်ခဲ့တယ်
အိပ်မက်တွေထဲကို နင်ဝင်လာတိုင်း
ငါ အခါခါ လန့်နိုးခဲ့တယ်
မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အသိက
ငါ့ နှလုံးသားကို ဒဏ်ရာ အကြိမ်ကြိမ် ရစေခဲ့ပြီပေါ့.............။
အိပ်မက်နဲ့ ညက
သဘာဝလို့ ပြောကြရင်
ငါ ဆိုတဲ့ ဘဝကလည်း
ကျိန်စာတွေ သင့်နေအုံး မှာပဲလား  ခိုင်..................။
သံသရာရဲ့ ဘဝတစ်ကွေ့
ငါတို့ ပြန်ဆုံ တွေ့ကြရင်
သူစိမ်းတွေလို နေနိုင်ဖို့ အရေး
ငါ............
ခွန်အားသစ်တို့ မွေးရအုံးမယ်  ခိုင်................။
ညီညီ ( မြန်အောင် )
.
Monday, December 3, 2012
ဖုန်းထဲကနေ မလေးရှာထီ စင်္ကပူထီ မြန်မာအောင်ဘာလေထီ တိုက်ဖို့ ဆော့ဝဲ
တစ်ခုက မြန်မာထီတိုက်ဖို့ ပါ ။ ထီပေါက်စဉ်ရှာစရာမလိုတော့ဘူး ဖုန်းထဲကနေပြီး
ကိုယ်ထိုးတဲ့ ဂဏန်းထည့်ပီး စစ်ဆေးနိုင်ပါပြီ အဲ့တာက မြန်မာက လူတွေ အတွက်
နောက်တစ်ခုကတော့ မလေးရှားနဲ့  စင်္ကပူက လူတွေအတွက် တိုတို တိုက်ချင်ရင်
အလွယ်တိုက်လို့ ရပါတယ် ။ ဖုန်းမှာ အလွယ်တိုက်ဖို့ ဒီဆော့ဝဲ ထည့်ထားလိုက်ပါ
ဒီလင့်မှာ Download ယူပါ - မြန်မာအောင်ဘာလေ ထီပေါက်စဉ်
ဒီလင့်မှာ Download ယူပါ - မြန်မာအောင်ဘာလေ ထီပေါက်စဉ်
ဒီလင့်မှာ Download ယူပါ - Malaysia and Singapore 4D and TOTO
Sunday, December 2, 2012
မသိရင်ခက်တယ် သိတော့လည်း လွယ်တယ် ဒါပေမယ့် သိထားသင့်တဲ့ပညာ
ဒီနည်းလေးက ကွန်ပျုတာ အခြေခံသမားတွေအတွက် သိထားသင့်တဲ့ ပညာလေးပါ
ဒီထဲမှာ လေ့လာရမှာ အချက်သုံးချက်ရှိပါတယ် ။တစ်ခုချင်းစီကို အသေးစိတ် ကလိ
အခုဖြစ်တာက Start  ကိုနှိပ်တာနဲ့  အရင်ကလို ဘာမှမပေါ်တော့တာကို ပြန်ပေါ်ဖို့ 
လုပ်တဲ့နည်းပါ ပုံမှာ ပြထားသလို အမှန်ချစ်လိုက်တာနဲ့ ပြဿနာက အဆင်ပြေပါပြီ
Start ( Window logo ) ပေါ်မှာ Right Click ထောက်ပါ
Properties ကိုနှိပ် ပြီး အပေါ်က ၃ခုကို ကလိကြည့်ပါ
.
Dell အမှတ်တံဆိတ် ကွန်ပျုတာ သုံးသူအတွက် လိုအပ်သော Drivers ရှာရန်
ဝင်းဒိုးတင်ပီးရင် လိုအပ်တာကို အဲ့ဆိုဒ်မှာသွားရှာပါ - http://supportdell.net/
.
Saturday, December 1, 2012
တစ်နေရာထဲမှာ အစုံရလိုက်တဲ့ Aspire E1-471 Computer Driver 32 & 64
ကွန်ပျုတာတစ်လုံး ၀င်းဒိုးပြန်တင်ပေးနေတာ လိုအပ်တဲ့ ဟာတွေကို တစ်နေရာထဲ
ရနေတဲ့ လင့်တစ်ခုရလို့  မျှဝေလိုက်ပါတယ် လိုအပ်သူ တိုက်ဆိုင်သူများ  ယူလိုက်
Acer Aspire E1-471 အတွက် Driver Package တစ်ခုလုံး တစ်နေရာထဲမှာဆွဲပါ
ဝင်းဒိုးပြန်တင်တာမြန်ပေမယ့် Driver နဲ့ ဆော့ဝဲတွေ ပြန်ထည့်ရတာ ကြာတယ်...။
ဒီလင့်မှာ သွားယူပါ - http://driver-windows.net/Acer-aspire-e1-471
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here