Wednesday, December 26, 2012

သူငယ်ချင်း သို့.......


သူငယ်ချင်းရေ………
ဟိုဘက်ဒီဘက်
ကမ်းနှစ်ဖက်ကို ဆက်သွယ်ချင်ရင်
တံတားလေးထိုး
လှေလှော်ရသလို
တအားလည်းမတိုးပဲ
ခဏလေးနဲ့ ရောက်မယ်ဆိုတဲ့
အတွေးနဲ့လေ………
နင့်အချစ်ကိုရဖို့
တအားလည်းမတိုး
ဖြူစင်ခြင်းဆိုတဲ့ ကြိုးလေးနဲ့………
ငါ့မေတ္တာကို အသာဖယ်
နင်ပျော်ဖို့အတွက် စကားကြွယ်ရင်း
နင့်အတွေးတွေထဲ သာယာစေခဲ့တယ်……
နင့်အတွက်ဆိုတဲ့ ခံစားချက်နဲ့
ကဗျာတွေရေး အချိန်တွေပေးပြီး
တခါတလေ ငါ့အားငယ်စိတ်တွေ
ပျောက်ခဲ့သေးတယ်………
ဖွင့်ပြောဖို့ စဉ်းစားတိုင်း
ခင်မင်မှုတွေ ယိမ်းယိုင်မှာစိုးလို့
ခံစားချက်တွေမြိုသိပ်
တိတ်တိတ်လေးငိုခဲ့ဖူးတယ်………
အခုတော့……
နင့်ရဲ့ ဖြူစင်ခြင်းတွေအောက်
ငါ……အရှုံးတွေကောက်ယူရင်း
ငါ့အပြုံးတွေ ပျောက်ခဲ့တာ
ကြာပြီပေါ့ဟာ…………


လွမ်းဝေအောင်


.

1 မှတ်ချက်:

Anonymous said...

အခုတော့……
နင့်ရဲ့ ဖြူစင်ခြင်းတွေအောက်
ငါ……အရှုံးတွေကောက်ယူရင်း
ငါ့အပြုံးတွေ ပျောက်ခဲ့တာ
ကြာပြီပေါ့ဟာ…………

ကြိုက်တယ် ဒီစာသားလေးကို ကူးပီး ပေးလိုက်အုံးမယ်..း)

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here