Monday, January 21, 2013

" ကြက် " တစ်ကောင်က ပေးတဲ့ " သင်ခန်းစာ "


အမေ တစ်ယောက်ရဲ့ ဝပ်ကျင်းထဲက

သူတို့ အတူတူ သက်ဆင်းခဲ့ ကြတယ်...........။

ပိစိပိစိနဲ့ ဘာမှမသိသေးတဲ့ ဘဝက

အတူတူသွား အတူတူစားလို့

အချိန်တန်လို့ အရွယ်ရောက်

အမှီးအတောင် အစုံပေါက်မှ

မာန အရာက ထောင်လွှားရင်း

မိသားစုကြားမှာ ဗိုလ်လုခြင်းတွေနဲ့...............။

ဦးခေါင်းခွံတွေ စုတ်ပြဲ

သွေးသံတွေ ရဲရဲထွက်ခဲ့လည်း

သူ့ရဲ့ ဗိုလ်လုပွဲ အတွင်း

ညီအကိုဆိုတာ မေ့ထားခြင်းတွေနဲ့..............။

သူ အားလုံးကို အောင်နိုင်တဲ့ တစ်နေ့

အတောင်ပံတွေကို တဖျတ်ဖျတ် ခတ်ရင်း ကြွေးကျော်

ငါမှ ငါနော်လို့

သူတော်တော် ပျော်နေတဲ့အချိန်

အစာငတ်နေတဲ့ ခွေးပိန်ပိန်အနား

သူ ဂရုမထားပဲ သွားမိစဉ်

ခွေးပိန်အိုရဲ့ ထအကိုက်

သူလည်း ရှောင်ချိန်မရလိုက်တော့

မရဏ ရဲ့ စက်ကွင်းမှာ

သူ့ အောင်နိုင်မှုဟာ ကျရှုံးခြင်းနဲ့..................။

ကြီးနိုင် ငယ်ညှင်းနဲ့ နိုင်ရာစား

ဘဝတွေ ကျင်လည်တာ များလာခဲ့ သမျှ

" ငါ "  ဆိုတဲ့

ကြွေးကျော်သံ ဆိုတာ

သောင်ပြင်ထက်က သဲအိမ်သာ

ဒီရေ အလာမှာတော့...................................။
 
 
ညီညီ (မြန်အောင်)
 
 


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here