အချစ်ဦး လို့သိရချိန်ဝယ်...
အရမ်းပျော်ရွင်မိတယ်..
နင့်ကိုသိတ်ချစ်မိလို့လေ..
အချစ်ကိုစတင်တွေ့ရှိချိန်မှာ...
အချစ်ဦးဆိုတဲ့ နင်နဲ့တွေ့ဆုံခဲ့ရခြင်းဟာ..
ငါ့အတွက်ဆုလာဒ်တစ်ခုပေါ့...
ထာဝရ အချစ်ဆုံး....အချစ်ဦး...
ငါတို့ရဲ့ တွေ့ဆုံခြင်းဟာ...
ချောမွေ့ခြင်းကင်းမဲ့တယ်နော်..
နင့်ရဲ့ညိုညင်မှု့အားလုံးကို..
ငါ ပြံးပြုံးလေးနဲ့ ရင်ဆိုင်ခဲ့တယ်..
နင့်ကိုအရမ်းချစ်လို့နော်....
ဝေးကွာမှု့ခဏလေးမှ မရှိစေချင်ဘူး...
တစ်စက္ကန့်လေးမှ မမေ့ချင်ဘူး..
မိုးကောင်းကင်ကြီးကိုမော့ကြည့်ြ
ငါတိုးတိုးလေး အကြီမ်ကြီမ်ဆုတောင်းနေမိတယ်....
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ....
နင့်မျက်နှာလေးကို ကြည့်ပြီး....
ငါ နင့်ကိုအရမ်းချစ်တယ်လို့ ..
ပြောခွင့်ရချင်တယ်....
ဒါပေမဲ့...
ဘယ်သောအခါမှ....
ပြောခွင့်...ဆုံစည်းနိုင်ခွင့် ရှိမှာမဟုတ်ဘူး....
နင်နဲ့ ငါ့ကို...
တံတိုင်းကြီးနဲ့ ခြားထားတယ်...
ဘ၀ရဲ့ သင်ခန်းစာ...မေ့ထားလို့မရတဲ့အရာ
နင့်ရဲ့ဘ၀ထဲကို ငါမလာနိင်ဘူး..
ငါ့ဘ၀ထဲကိုလဲ မခေါ်ရက်ဘူး....
ကျေကွဲစွာနဲ့......ရင်ထဲမှာ...
ထာဝရ သိမ်းထားတော့မယ်....
နင် ဟာ ငါ့ရဲ့ အချစ်ဦး ဆိုတာ....
တွေ့ဆုံခြင်းနဲ့ ဝေးကွာခြင်းဟာ...
ငါ့အတွက် တစ်ထပ်ထဲပါဘဲ...
ဘယ်အရာတွေကို အပြစ်တင်ရမှာလဲ...
ကံကြမ္မာလား....
အရင်ဘ၀ကဆုတောင်းတွေလား....
ဆုံစည်းခွင့် မရှိပေမဲ့....
အမှတ်ရခွင့် နှတ်ဆက်ခွင့်..ရှိပါတယ်လေ...
ပျော်ရွင်ဖွယ် ဘ၀များ ပိုင်ဆိုင်နိုင်ပါစေ....အချစ်ဦ
4 မှတ်ချက်:
သြော် စနိုးမှာလည်း အချစ်ဦးတွေတောင် ၇ှိနေပြီကို
အေးပေါ့လေ ကမ္ဘာဦးထဲးကအချစ်နဲ့တည်ထောင်လာတာဆိုတော့
အချစ်နဲ့ဘယ်သူမှ ကင်ဝေးမှာမပာုတ်ပါဘူးလေ အင်းးး ကဗျာလေးက
စိတ်မေကောင်းစရာပဲ ဆုတောင်းပေးမယ်နော် ကံကောင်းပါစေလို့
သြော် စနိုးမှာလည်း အချစ်ဦးတွေတောင် ၇ှိနေပြီကို
အေးပေါ့လေ ကမ္ဘာဦးထဲးကအချစ်နဲ့တည်ထောင်လာတာဆိုတော့
အချစ်နဲ့ဘယ်သူမှ ကင်းဝေးမှာမပာုတ်ပါဘူးလေ အင်းးး ကဗျာလေးက
စိတ်မကောင်းစရာပဲ ဆုတောင်းပေးမယ်နော် ကံကောင်းပါစေလို့
တံတိုင်း
Post a Comment