![]() |
Credit:google search |
စိမ်းစိုမှိုင်းပြရှု တိုင်းမ၀ သဘာဝအလှနဲ့ 
ကြည်လင်အေးချမ်း ရေစိမ့်စမ်းနဲ့ 
ရွှေဝါရောင်ဆန်း စကားဝါပန်းတွေရယ်......
သစ်သီးသစ်ဥ၊သစ်ဖုစုံလင် ဒို့ နယ်တစ်ခွင်ဝယ်
ထန်းလျှက်ပင်ခေါ် ထန်းပင်သော်မှမကျန်
ဝမ်းမှန်အေးစေဖို့  သင်္ဘောသီးအချို လဲ
အာဗြဲတို့ ခြံထဲမှာစိုက်ထားလေရဲ့...........
အပြောကြီးတယ်မထင်နဲ့  ငှက်ပျောသီးပင်တွေလဲ ၅ဧက
ချိုမြတဲ့ပင်ကျရည် ငါမသောက်ပေမဲ့
သူငယ်ချင်းတို့ တွက်ရှိတယ် အဘရဲ့ဆယ်ထဲမှာငါးဖမ်းချင်သေးလား
အလကားFree နော် ဇီးတော်သီးလည်းစားလို့ ရမယ်
အရီးတော်ကြီးအော်ရင်တော့ပြေးကြေ
နာရီပြန်၂ချက်တီးတော့ သရက်သီးလေးတွေစားကြတာပေါ့
ဝမ်းသွားရင်တော့ ငါ့အဆိုးမဆိုနဲ့ နော်
မိုးတွေညိုလာရင်တော့ ရွာတတ်တယ်
ကန်ပတ်လည်မှာခဏနား ငါ့အဖွားကကြက်သားချက်ထားလိမ့် မယ်
ညစာအတွက်ပေါ့။
လရောင်ထွက်တော့တစ်ရေးနိုး အိပ်ရေးဆိုးတဲ့ မင်းတို့ တွေ
ဘယ်လိုနေမယ်ငါမသိ မကြည့်ရဲတာတော့သေချာ၏
တခိခိနဲ့ ရယ်မိသေးတယ်.......
မနက်အတွက် ကောက်ညှင်းချက်ကို
အမေအဆင်သင့် လုပ်ထားနှင့်လေရဲ့ 
ညှော်တယ်လို့ တော့ မပြောလိုက်နဲ့ နော်
ဘူးသီးကြော်နေလို့ ဖြစ်မယ်.......
မင်းတို့ အပြန်ခရီး တည့်တည့်မှာ
အပျိုကြီးလှဲ့ လှဲ့ က မန်ကြီးသီးမှည့်
ပေးဖို့ စောင်နေလိမ့် မယ်.....
အဖေကလဲနှုတ်ဆက်လိုက်တယ်
နောက်လဲလာခဲ့ဦးပေါ့ကွယ်တဲ့....
အပြန်ခရီးမှာ မှန်လုံးကြီးနဲ့ လစ်ပေတော့
ချစ်ပေမဲ့ခွဲရတာ လူ့ သဘာဝပါသူငယ်ချင်းတို့ ရယ်။
အမြင့်ပေပေါင်း ၄၉၈၁ ပေ Popa မြေမှကြိုဆိုပါတယ်
သူငယ်ချင်းတို့ ရယ်.......
စိမ်းစိုလမ်းဆန်း တောမြိုင်စခန်းနဲ့ 
ရွှေဝါရောင်ဖြန်း စကားဝါပန်များရှိတဲ့
Popa မြေကို လာလယ်မယ်ဆို
ငါတို့ ကြိုနေမယ် သူငယ်ချင်းတို့ ရေ.......
သူငယ်ချင်းမိတ်ဆွေအား
လာလည်နိုင်ပါတယ်လို့ ..ခင်မင်လေးစားလျှက်......
kpgtheik@gmail.com
4 မှတ်ချက်:
ဖတ်ပြီးပြုံးမိပါတယ် မျက်စိထဲပေါ်လွင်နေအောင်ကိုရေးတတ်တယ်
ကျေးဇူးပါ အားပေးတဲ့အတွက်
ရွာကိုသတိ၇လို့ ရေးလိုက်မိတာ
အရမ်းကြိုက်သွားပြီဗျာ... ဖတ်ရင်းနဲ့ ရွာကိုတောင် သတိရလာပြီ.ဆက်ပြီး ရေးပါဦး .. အစ်ကို က ပါရမီရှိပါတယ်..
Post a Comment