Sunday, March 3, 2013

အဖေ

4-1-1992 ရက်နေ့
လူ့လောကထဲကို ရောက်လာခဲ့တဲ့ ကျမ
အဖေ ဝမ်းမြောက်စွာနဲ့ကြိုဆိုခဲ့တယ်
ကျေးဇူးတင်ပါတယ် အဖေ
12-6-1997ရက်နေ့
အဖေနဲ့ရှင်ကွဲ ကွဲရတယ်
ဘာတခုမှနားမလည်ခဲ့ဘူး
အဖေပျောက်သွားတယ်လို့ဘဲ
ထင်မှတ်နေမိတယ်
တကယ်တော့
အဖေ ကျမဘဝထဲက မပျောက်ခဲ့ဘူးနော်
ကျမ ကမတွေ့တာပါ
ဘာကိုမမှတ်မိခဲ့ပေမဲ့
အဖေ ချီပိုးခဲ့တာကိုတော့
အမှတ်ရနေမိတယ်
အဖေ့ ကိုကျမသိတ်ချစ်ပါတယ်
တူတူမနေခဲ့ရပေမဲ့ 
အမြဲအမှတ်ရနေပါတယ်
14-9-1999ရက်နေ့
အဖေ လူ့လောကကြီးထဲက အပြီး
ထွက်ခွာသွားပြီတဲ့
ကျမ ရဲ့နားတွေကို မယုံကြည်နိုင်ခဲ့ဘူး
ခန္တာကိုယ်တစ်ခုလုံး
လေထဲဝဲပျံသလို ခံစားရတယ်
ဘာတခုမှမမြင်နိုင်တော့ဘူး
အလိုမကျမှု့တွေနဲ့ဘဲ
ကျမဆက်လက်ရှင်သန်နေခဲ့မိတယ်
လူတွေရှေ့မှာ အမြဲခက်ထန်စနေခဲ့ပြီး
ကွယ်ရာမှာဝမ်းနည်းခဲ့ရပါတယ်
အဖေ ဖြစ်စေခြင်မှာ မဟုတ်ဘူးနော်
အဖေ့ကိုဘာတခုမှ
မပေးဆပ်နိုင်ခဲ့ဘူး
ငါးနှစ်တာလေး အတူနေခဲ့ပြီး
သေဆုံးချိန်လေးကို
မမြင်ခဲ့ရဘူး
မည်သူတစ်ဦးတစ်ယောက်ကိုမှ
ကျမလိုမဖြစ်စေချင်ဘူး
မိစုံ ဖစုံဘဝနဲ့
ပျော်ရွင်စွာ အတူနေစေချင်ပါတယ်
အတူနေခဲ့ရချိန်ဟာ တိုတောင်းလွန်းပေမဲ့
အဖေ ဟာ
ကျမရဲ့ ကမ္ဘာကြီးပါ


တေးတေး




0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here