ကျွန်တော်ပျော်ပါတယ်
ဖျားနာတဲ့အခါ တနေရာစီဝေးလို့
သူမကျွန်တော့်အနားမှာ
မပြုစုပေးနိုင်ပေမယ့်……
အမြဲစိုးရိမ်တကြီးဂရုစိုက်ပေးတဲ
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
ကျွန်တော်ကလေးတယောက်လို
စိတ်ဆိုးတိုင်း သဝန်တွေတိုတိုင်း
အမြဲသည်းခံနားလည်ပြီး
ချော့မော့ပြောတတ်တဲ့
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
တမြေစီဝေးနေပေမယ့်
ကျွန်တော့်မေတ္တာကိုယုံပြီး
ကျွန်တော့်သစ္စာကိုတန်ဖိုးထားတဲ့
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
ကျွန်တော့်ဘဝကို
အရာရာပြည့်စုံအောင်ဖန်တီးမပေးေ
အရာရာအတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့
ချစ်သူတယောက်ကျွန်တော့်အတွက်
ရှိနေပေးတဲ့အတွက်
ကံကြမ္မာကိုကျေးဇူးတင်တယ်……
ကျွန်တော့်ဘဝမှာ
ကျွန်တော့်ကိုပျော်ရွှင်အောင်ထား
ကျွန်တော့်ချစ်သူလေးကိုတန်ဖိုး
သူ့ကိုပျော်ရွှင်စေဖို့မှအပ
အခြားမရှိပြီလေ………
လွှမ်းဝေအောင် (ရေနံချောင်း)
Labels:
လွမ်းဝေအောင် ရေးတဲ့ ကဗျာ
ဖြစ်ပုံကဒီလို....
အမေအိုတစ်ယောက်
လမ်းတကာလျှောက်လို့ အော်
အကြော် ပူပူလေးးးးးးးးတဲ့လေ။
ငါငေးကြည့်နေတုန်း
ခါးကုန်းစနဲ့  အမေအိုအရွယ်
သူသယ်လာတဲ့ အကြော်ဗန်း
ကျနော်လှမ်းကြည့် နေတုန်း...
ရုတ်တရက်နဲ့  လဲမယ်လုပ်
"ဟဲ့ပလုပ်တုပ် အရင်းပြုတ်တော့မလို့ " ဆိုပဲ
လျှောက်လည်လို့  အော်ရောင်း...
ခြေတောက်မညောင်းဘူးလား အမေအိုရယ်...လို့ 
တွေးလို့ မဆုံးသေး ကျနော့်ဘေးက
သစ်ရိပ်လေးမှာခိုနား ဘုရား ဘုရား ဘုရား...တဲ့ ။
ကိုယ်မိဘနဲ့ နှိုင်းယှဉ်
သနားစိတ်နဲ့ မြင်ကြည့်တော့
ရင်မှာတကယ်နင့်မိပါတယ်...
ငါဟာလူငယ်ဆိုပေမဲ့....
ခံစားတတ်တဲ့ နှလုံးသား
စာနာတတ်တဲ့ စိတ်ထားကို
မိဘတွေ ဆရာတွေသင်ပေးထားလို့ 
အပြည့်အ၀ ရှိပါတယ်။
မလှမ်းမကန်းမို့  ချွေးစို့ တာကအစ
ငါမြင်ရတော့ ငါ့စိတ်ကထိန်းမရ
ငါ့ရောဂါ ထခဲ့ရပြန်ပီလေ...
(အကြော်ဝယ်မလို့ ပါအမေ...)
ဒီလိုနဲ့ စကားစ အကြော်ဗန်းကိုကူချပေးတော့
အေးမြတဲ့အပြုံးလေးနဲ့  မေးခွန်းလေးက
(ငါ့သားလေးက ဘယ်ကလဲတဲ့).....
ကျောက်ပန်းတောင်နယ်သား
(popa)တောင်ခြေ နားက
တောသားပါအမေ.....ဒီအဖြေတွက်
ပြုံးမဲ့မဲ့နဲ့  ဘယ်လောက်ဖိုးထည့်ရမလဲဆိုတော့
၅ထောင်တန် တစ်ရွက်ကိုရွေး
၂ထောင်ဖိုးပေးပါအမေပေါ့.....
ပိုသည့်ထောင်တန်၃ရွက်
အမေ့တွက်ကန်တော့ခဲ့ပါစေလို့ ပြော ပီး
ကျောကြီးပေးထွက်လာခဲ့ပေမဲ့
အတွေးကတော့ အမေအိုနားမှာကျန်ခဲ့လေရဲ့။
မေးချင်တာပေါ့အမေအိုရယ်
တစ်ကိုယ်တည်းပဲလား..???
သားသမီးတွေကပြန် မကြည့်လို့ လား..???
သမီးသားတွေများမရှိလို့ လား..???
လားပေါင်းများစွာပေါ့လေ... ဒါပေမဲ့
ကျနော်တတ်နိုင်တာက.....
အမေအိုကျန်းမာပါစေ......ဆိုတာပါပဲ ။
အိုအဆွေတို့ .........
ခုနေ...အပြင်းပြေသောက်တော့မဲ့
(cigarette) စီးကရက်နဲ့ .....
(coffee) ကော်ဖီ တစ်ခွက်ဖိုးကို
ပြန်ထည့်ထားပီး သေချာစဉ်းစားပါ
ဆင်းရဲသားနဲ့  အမေအိုလို
ကိုယ့်ထက်နွမ်းပါးသူကို
စာနာတတ်တဲ့ အသည်းနဲ့ 
ကြင်နာ သနားစိတ်ထားလို့ 
နွမ်းပါး အားငယ်သူများတွက်
ထမင်းတစ်ပွဲဖြစ်ပါစေသား........ ။
အမေအိုနေရာ....
ငါတို့  မင်းတို့ အမေသာဆို
အဲဒီအကြော်ဗန်း ငါတို့ ထမ်းလို့ 
အကြော် အကြော်လို့  အော်ရဲရမယ်....
တာဝန်ကျေတဲ့သား/ သ္မီးဖြစ်ချင်ရင်ပေါ့။
ကံအကြောင်းမသာလို့ ...
မိဘနှစ်ဖြာ မရှိကြတော့ပါသော်
မိတ်ဆွေများလည်း ကိုယ်၏မိဘ
ရောက်ရာဘ၀ သာယာချမ်းမြ.
အမျှ အမျှ အမျှ ပေးနိုင်ဖို့ ....
တတ်နိုင်သမျှ ကုသိုလ်လုပ်ကြလို့ 
သား/သ္မီးကောင်း ပီသကြပါစေ။
ခရီးဝေးသွားစရာကြုံ ရင်တောင်
သား/သ္မီးတွက် နံနက်စာပြင်ထားပီးမှ
ခရီးဝေးကိုထွက်သွားတတ်ကြတာ
ငါတို့ အားလုံးရဲ့မိဘတွေပါ...
တာဝန်ကျေကြပါလို့ ရှိနေစဉ်မှာ။
ခုမြင်ယောင်လာတာ အမေ့မျက်နှာလေး
ဘ၀အရေးတွက် သတ္တိတွေမွေးပီး
ဟိုအဝေးကြီးမှာ ဝေးကွာနေကြရေ ပမဲ့......
အမေ့လုံချည်လေး လျှော်ပေးခွင့်မရတာ
နှစ်အတော်ကြာပီနော်.......
ရှိနေစဉ်မှာ တာဝန်မှန်သမျှ
ကျေအောင်ဆပ်ခွင့် ရပါရစေ အမေ...
ဟိုးအဝေးက ငွေရှာပေးရုံမျှနဲ့ တော့
အားမရပါဘူးအမေ.....
မကျန်းမာတဲ့အခါ...
အချိတဲ့အပြုံး အားငယ်တဲ့မျက်လုံးနဲ့ 
သား/သ္မီးကို တမ်းတမိမှာ
နားလည်ပါတယ်အမေ.....
ကျနော်တို့ လည်း ဒီလိုအဝေးမှာ
မကျန်းမာတဲ့အခါ တမ်းတမိတာ မိဘကိုပါ။
ပြန်လာချင်တာပေါ့အမေရယ်
ကျနော့်အိမ်ပြန်ချိန်ဟာ
၎ လသာလိုတော့တာမို့ 
အမေပျော်ပါစေလို့ ဆုတောင်းရင်း
ခုလိုညမှာ အမေ့ကမ္ဘာ
သာယာချမ်းမြလျှက် အိမ်မက်လှလှ
မက်ပါစေအမေ.......
သိုက်ကြီး(ကျောက်ပန်းတောင်း)kpg theik@gmail.com
Labels:
သိုက်ကြီး( က.ပ.တ )၏ကဗျာများ
နေ့ ထူးနေ့ မြတ်
အမှောင်အတိနှင့် ဒီကမ္ဘာကို
ပေးဆပ်ခြင်းများစွာနှင့်
ဝင်ရောက်လာသူတစ်ဦး။
လိုလေသမျှ တတိုင်းရလျှက်
ကြွယ်ဝပြည့်စုံ စည်းစိမ်စုံနှင့်
ကျောက်သံနီလာ ချွေရံ မောင်းမ
၁၀ သိန်းမက လိုသမျှရနိုင်ပါသော်လည်း။
အားလုံးကိုပယ်ခွာ သတ္တဝါအားလုံးတွက်ငှာ
စွန့် ပယ်ခွာလျှက် အမှန်လမ်းစဉ်
မြတ်ကျင့်စဉ်ကို ဆရာမပါ
ကိုယ်တိုင်သာပင် တောမြိုင်တန်းမှာ
အေးချမ်းစွာ ရှာဖွေခဲ့သူတစ်ဦး။
ထိုသူမြတ်ကား………
ငြင်းပယ်လို့ မရ အမှန်လမ်းကိုပြသည့်
အမှန်းတရားသခင် ဘုရားရှင်ခေါ်
မြတ်စွာဗုဒ္ဓ ဂေါဓ္ဓမဘုရားပင်တည်း။
အရှင်မြတ်ဘုရား၏ နေ့ ထူးမြတ်အား
ဦးထိပ်မှာတင် စိတ်ကြည်လင်စွာဖြင့်
ဘာသာတရား လေးစားသောအားဖြင့်
ဤ နေ့ မြတ်အား အမှုးထား၍
ဘုရာတပည့်တော် ရှိခိုးပူဇော်
ကန်တော့အပ်ပါသည်။
ဗုဒ္ဓနေ့ ထူးနေ့ မြတ်မှာ
သတ္တဝါမှန်သမျှ အမှားအမှန်
အသိဥာဏ်ကို ကောင်းစွာ
ရရှိကြပါစေ…………
သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@
Labels:
သိုက်ကြီး( က.ပ.တ )၏ကဗျာများ
Android ဖုန်းအတွက် အလန်းဇယား Wallpaper လေးများ-4
Download - Screenv2.5.4.apk
=================================================
Download - Alien Shapes FULL v1.5.apk
=================================================
Download - aquarium3d_6JnKrvrj.apk
================================================
Download - parrotlove_wKwYoRcj.apk
Labels:
Phone အတွက် Wallpaper
အလွမ်းဒဏ်ရာအတွက် ဥပက္ခာ
ချစ်သူ……
မင်းဘဝသာယာဖို့ဆိုရင်
ငါ့ဘဝကိုချနင်း
ထင်းထင်းမြင်နိုင်တဲ့
မင်းမျှော်လင့်ချက်ဆီကို
ငါရောက်အောင်ပို့ပေးလိုက်မယ်……
ငါ့ရင်ကွဲလည်းကွဲပါစေတော့
ငါ့အသည်းထဲနင်ရှိနေတာပဲ……
ရယ်သံမဲ့တဲ့ဒီဘဝထဲ
ငယ်သံပါအောင်တော့ အော်မငိုချင်ဘူး……
ငါ့အချစ်ကပေးဆပ်ဖို့သက်သက်
ကျန်တာဘာအတွက်မှမလိုဘူး……
နင်ပေးခဲ့တဲ့နှလုံးသားအတွက်အနာ
ငါ့အတွက်တော့အမှတ်တရတွေအပြည့်နဲ
ငါ့စိတ်ထဲမှာနာကျည်းမိပေမယ့်
ငါ့အတွေးထဲတော့
နင့်ပုံရိပ်တွေစိုးမိုးနေတုန်း…
ငါ့နားထဲတော့
နင့်အသံလွင်လွင်လေးတွေ
ခုထိပြန့်လွင့်နေတုန်း……
သြော်……
ငါခုထိ နင့်ကိုချစ်နေတုန်း……
မမုန်းရက်ပါဘူး
ချစ်တောင့်ချစ်ခဲ ငါ့အသည်းမှာ
နင့်အတွက်နေရာ
ထာဝရပေးထားတော့မယ်……
အခုတော့……
နှလုံးသားရဲ့ငိုကြွေးသံတွေ……
အလွမ်းဒဏ်ရာရဲ့ဝေဒနာတွေ……
အထီးကျန်ခြင်းရဲ့ပြုစားမှူတွေ……
အားလုံး အားလုံးပါပဲလေ……
ငါ့ရင်ထဲမှာ သိမ်းထားလိုက်ပါ့မယ်……
ငါ့ဝေဒနာတွေအတွက်
ခံစားရခက်နေပေမယ့်……
တနေ့နေ့တော့
ငါ့ခံစားချက်တွေကို
ဥပက္ခာပြုနိုင်လာမှာပါ……
လွှမ်းဝေအောင်
Labels:
လွမ်းဝေအောင် ရေးတဲ့ ကဗျာ
နှလုံးသားနဲ့  နားထောင်ပါသူငယ်ချင်း…………
နှလုံးသားနဲ့ နားထောင်ပါသူငယ်ချင်း…………
ခင်စရာကောင်းသော မြန်မာပြည်ရဲ့ အထာနဲ့ 
မင်္ဂလာပါသူငယ်ချင်း………
လူဆင်းရဲစာရင်းမှာ မင်းပါနေလို့ 
ကျောင်းနေဖို့ ကိစ္စ စိတ်ဓာတ်မကျပါနဲ့ သူငယ်ချင်း
တက်အနင်းခံရမဲ့ ဘဝဆိုပီးတော့ပေါ့။
လူလောကကြီးက…………
မလှတဲ့သူကိုတော့ ရုပ်ဆိုးသတဲ့ကွ!!!!
အတဲ့လူကိုကျတော့ လူရိုးတဲ့လေ…
ဆင်းရဲတဲ့လူမျိုးဆို သူခိုးလို့ ……
ဆိုနေကြတာ…… လူ့ သဘာဝပါကွာ။
တောက်ပြောင်တဲ့ လူတွေကြား
ကျောင်းတက်ဖို့  ဖိနပ်မရှိ……
ပက်ကျိလို ……… မင်းစိတ်ဓာတ်ကျ
ငါအိပ်လို့ ရတယ်များ မင်းထင်နေလား????
သန်းခေါင်ကျော် သည်အထိပေါ့။
မနက်ကျောင်းစအတက်………
ဖိနပ်နှစ်ဖက်ကို ခါးမှာထိုး…
မင်းနဲ့ အတူဒိုးမယ်ကွာ……
ဒီကမ္ဘာမှာ ဖိနပ်မပါဘဲ ကျောင်းလာတက်ရဲတာ
မင်းနဲ ငါ့ဆိုတာသိပီး မင်းအားရှိစေချင်လို့ ပါ
အမေဆူမှာ မစိုးခဲ့ပါဘူး…………
အမေဆွဲဆိတ်ပါစေကွာ မင်းစိတ်အားမငယ်ရင်
ငါကျေနပ်ပါတယ်။
အဲဒီကိစ္စ အမေသိပီး ငါနဖူးကို……
စူစူကြည့်ထူးထူးထိထိ မွှေးမွှေးပေးခဲ့တယ်
အဖေကတော့ သူ့ ရင်အုပ်မှာကပ်ထားပီး
ငါ့သားကြီးရယ်တဲ့……?????
ဒီစကားရဲ့ နောက်ကွယ်မှာ………
ဘာအဓိပ္ပာယ်ဆိုတာ ငါပဲသိတယ်သူငယ်ချင်း။
မင်းငါ့ထက်စာအများကြီး တော်ပါတယ်ကွာ
မျက်နှာငယ်စရာမလိုပါဘူး…………
အဆင်ပြေစွာ ကျင်လည်သူတွေအလယ်မှာ
ငါသူကြွယ်တစ်ယောက်သား မဟုတ်ငြားလည်း
ငါ့မုန့် ဖိုးကို မသုံးပဲဘေးဖယ်…………
စာအုပ်တွေဝယ်တာ မင်းအတွက်ပါ
ပညာအရောင်ထွန်းပီး…………
သမ္မတကြီး လင်ကွန်းလိုကြိုးစားပါ။
ဘယ်ကိုရောက်ရောက် မမေ့မပျောက်ပဲ
မင်းကိုသတိရစေချင်တာက………
ငါ့ကိုမဟုတ်ဘူးနော်…………
စာအုပ်ဖိနပ်စုတ်ပြတ်ပြတ်နဲ့ 
မိုးရေထဲမှာထီးဗလာနဲ့  ကျောင်းကိုဒိုးတဲ့
လူဆင်းရဲမျိုး မင်းလိုဘဝမျိုးတွေ
ငါတို့ ပြည်မှာ များကြီးရှိတာတွေ
ခေါင်မိုးမလုံ ချမ်းတုန်းလို့  စောင်မခြုံနိုင်တဲ့
ဆင်းရဲသူတွေရဲ့ ဘဝတွေကို ပါသူငယ်ချင်းရာ။
ညနက်ပီမို့ မျက်ရည် စို့ လျှက်ငါနှုတ်ဆက်ပါတယ်
နှလုံးသားနဲ့  နားထောင်ပါသူငယ်ချင်း…………
သိုက်ကြီး(ကျောက်ပန်းတောင်း)
Labels:
သိုက်ကြီး( က.ပ.တ )၏ကဗျာများ
Android ဖုန်းအတွက် အရမ်းလှတဲ့ ပုံအရှင် Wallpaper အလန်းဇယားများ ၁၂ မျိုး
အောက်ပါ လင့်မှ နှစ်သက်ရာစတိုင်ကိုကြည့်၍ Downloadဆွဲလိုက်ပါ
Labels:
Phone အတွက် Wallpaper
Android ဖုန်းအတွက် အလန်းဇယား Wallpaper လှလှလေးများ - 5မျိုး
Download - KoiFreeLiveWallpaper_v1.5.apk
=======================================
Download - Cracked Screen 1.0.6_7.apk
======================================
Download - Blue Skies Free 2.21_23.apk
=====================================
Download - Paperland_Pro_Live_Wallpaper_v1.5.apk
========================================
Download - Twisted Colors.apk
Labels:
Phone အတွက် Wallpaper
" အလွမ်းများနဲ့ လူ "
ရေခဲစိမ်အသားတွေ စားပြီး
အေးစက်စက် မျက်နှာထားတွေ ကြားမှာ
ကျင်လည်တာ ကြာလာခဲ့သမျှ
ငါ... ကိုယ်တိုင်လဲ
အေးစက်စက် နေတတ်ခဲ့ပြီ...........။
ဘဝမှာ ခံနိုင်ရည်ရဖို့
ဒဏ်ရာတို့ကိုလည်း မြတ်နိုးတတ်ခဲ့ပြီ
ဘဝမှာ အောင်မြင်မှု ရဖို့
အချိန်တို့ကိုလည်း တန်ဖိုးထားတတ်ခဲ့ပြီ....။
မြန်မာပြည် နေစဉ်တုန်းက
မင်း.. နိုင်ငံခြားသွား
ဘာလုပ်စားမလဲလို့ မေးကြတိုင်း
ခိုင်းတာလုပ် ကြွေးတာစား
သေချာပြောလို့မှ မရတဲ့ဘဝတွေကြားမှာ
အရှက်တရားဆိုတာ ဘေးချိတ်ထားလို့
မာနဆိုတာလည်း အောက်ဆုံးရအောင် ချထားတယ်.....။
အနေကြာခဲ့တာ လေး ငါး နှစ်
မြန်မာပြည်ပြန်မယ် ပြောဖြစ်မှ
အရင်မေးခွန်းဟောင်း ထပ်ကြလာတယ်
မြန်မာပြည် ပြန်သွား
မင်း... ဘာလုပ်စားမလဲတဲ့......။
သူငယ်ချင်းရေ
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်လို့
ပိုက်ဆံရဖို့ အားထုတ်ချင်တယ်
သေချင်လဲသေ ငါ့မွေးမြေမှာပေါ့.....။
နံနက်ခင်းတိုင်းမှာ ဆိုရင်လဲ
ရွာဦးကျောင်းက ဆွမ်းလောင်းခွင့် အမြဲပေးတဲ့
ဦးဇဉ်း လေးလဲ အိုပြီ
ခရီးထွက်လာ ကာစမှာ
နုပျိုနေကြတဲ့ အမိ အဖ ဆိုတာလည်း
ဇရာရဲ့ ဆွဲအချမှာ
အရွယ်တွေ ကြနေကြပြီလေ
ပလီပလာ တီတီတာတာနဲ့
ငါ့ ပတ်ဝန်းကျင်က ကလေးတွေများ
ခုဆို ငါ့ကို မေ့နေမလားပေါ့......။
ဆိုက်ကားဆရာ တစ်ယောက်က
တရားပွဲ အတွက် အလှူဒါနအဖြစ်
ခေါက်တုံ့ခေါက်ပြန် ဆွဲရစ်နေတယ်ဆိုတာ ဖတ်ရတိုင်း
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
taxi သမားတစ်ယောက်က
သံဃာတော်များအတွက် သီးသန့်အဖြစ်
ကုသိုလ်ပြုရစ်နေကြတယ် ဆိုတိုင်းလဲ
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
စားသောက်ဆိုင် အများက
သံဃာတော် များအတွက် အခမဲ့
ဆွမ်းလှူသွားတာတွေ ဖတ်ရတိုင်းလဲ
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
ဆံသ သမားတစ်ယောက်က
မိဘမဲ့ ကလေးကျောင်းကိုသွား
အခမဲ့ ဆံသပေးကြတယ် ကြားတိုင်းလဲ
ငါ အားကျ ဂုဏ်ယူ တတ်ခဲ့တာ.......။
ဒီမှာဖွဲ့တဲ့ ငါတို့ ပရဟိတ အသင်းဆိုတာ
ငွေကြေးနဲ့ ကူညီယုံမှတပါး
ဘာများပို လုပ်နိုင်ကြမှာလဲ....?
သူတပါးအလုပ်မှာ အချိန်ပြည့်
နေရောင်ဆိုတာ ရှာမတွေ့ ခဲ့တာကြာလာသမျှ
အပူလှိုင်းနဲ့
မုန်တိုင်းတွေကို လွမ်းနေမိတာ ငါပါ......။
ညီညီ(မြန်အောင်)
Labels:
ညီညီ(မြန်အောင်)၏ကဗျာများ
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
-
►
2011
(255)
- February (1)
- March (29)
- April (27)
- May (41)
- June (15)
- July (8)
- August (11)
- September (33)
- October (26)
- November (36)
- December (28)
-
►
2012
(234)
- January (26)
- February (35)
- March (27)
- April (16)
- May (22)
- June (15)
- July (1)
- September (27)
- October (19)
- November (18)
- December (28)
-
▼
2013
(399)
- January (21)
- February (17)
- March (11)
- April (64)
- May (62)
- June (23)
- July (82)
- August (47)
- September (24)
- October (18)
- November (17)
- December (13)
-
►
2014
(327)
- January (25)
- February (11)
- March (30)
- April (40)
- May (76)
- June (78)
- July (40)
- August (8)
- September (7)
- October (5)
- November (1)
- December (6)

-
Download - All in one booster for Android
-
ဖုန်းမှာ ဘက်ထရီအကုန်မြန်နေသူများ ဒီဆော့ဝဲလေးကို ထည့်ထားလိုက်ပေတော့ လိုအပ်တာမှန်သမျှ ဒီဆော့ဝဲလေးက ချိန်ဆလုပ်ဆောင်သွားတာ အဆင်ပြေတယ် ...
-
လုပ်ပုံ လုပ်နည်းကတော့ ပုံတွေကြည့်လိုက် တစ်ဆင့်ချင်းလုပ်ကြည့်ပါ Lock ကျရင် ပြန်ယူနည်းက 3မျိုးလောက် ရှိတယ် တစ်နည်းမရတစ်ခုစီ စမ်းလုပ်မယ...

-
၂၀၀၄ရဲ့ ဒီဇင်ဘာ... ခမ်းခြောက်ခြင်းအိပ်မက်မြစ်တို့  မြစ်ဖျားခံရာ တက်မစုံ လက်တစ်စုံနဲ့  လှော်ခတ်ရင်း.... လ မလင်း...
-
ဒီကားကလည်း အောင်မြင်တဲ့ကားပါ မိုင်တိုင် 76 ဆိုတာ ဆင်ဆာထိလို့  ကားပေါ်မှာပါလာတယ်လို့  ပြောင်းလိုက်ရပေမယ့် လူတိုင်းဟာ ဒီကားကို မိုင်တိုင်7...
-
၁။ ခန္ဓာငါးပါးသူသတ်ယောကျာင်္း ၁၇-၉-၂၀၀၄ မိဂဒါဝုန် ၂။ အနုရာဓဥပမာပြ ဒိဌိဖြ...
-
ယခု Smart Zawgyi Pro (Android version) ရဲ့ အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။ -Android version အားလုံးမှ...
-
အခုတလော Iphone တွေကိုလိမ်ပြီးရောင်းနေတယ်ဆိုတဲ့ သတင်းက တော်တော်ဆိုးရွားစွာ ကြားနေကြရမှာပါ။ လာရောင်းတိုင်းလဲ ၀ယ်လိုက်မိကြတဲ့သူတွေတော်တော်...
-
Download - All in one booster for Android
-
ပရိတ်ကြီး ၁၁ သုတ် ၊ ပဌန်းတရားတော်များ၊မေတ္တာပို့ အမျှဝေ ဂုဏ်တော်ကွန်ခြာများကို apk တစ်ခု အနေနဲ့ဖွဲ့စည်းထားပါတယ် ဖုန်...
-
စာရေးဆရာ အစုံပါတယ် ဇာဂနာတို ၊ ကိုကိုကြီးတို့  အခုနောက်ပိုင်း ဆရာလင်းသိုက် ဟိုးအရင်ကဆို ဦးသုခ ၊ နန္ဒာသိန်းဇံ၊ ဒေါက်တာမတင်ဝင်း ၊ လယ်တွ...
-
Samsung Galaxy Note 4 SM-N910C ဖုန်းတွေအတွက် Android Version 4.4.4 Kitkat Latest Firmware လိုချင်တယ်ဆိုပြီးတောင်း လာ လို့ တင်ပေးလိုက်တာ...
-
ဒီဆော့ဝဲကတော့ ဖုန်းတစ်ခုလုံးကို မြန်မာစာနဲ့ ပေါ်စေတာမလို့ မိုက်တယ် မြန်မာစာမမှန်တာ အပြည့်မပေါ်တာ ဖတ်မရတာ မဖြစ်တော့ပဲ အားလုံးကို Myanmar...
