အမှောင်အတိနှင့် ဒီကမ္ဘာကို
ပေးဆပ်ခြင်းများစွာနှင့်
ဝင်ရောက်လာသူတစ်ဦး။
လိုလေသမျှ တတိုင်းရလျှက်
ကြွယ်ဝပြည့်စုံ စည်းစိမ်စုံနှင့်
ကျောက်သံနီလာ ချွေရံ မောင်းမ
၁၀ သိန်းမက လိုသမျှရနိုင်ပါသော်လည်း။
အားလုံးကိုပယ်ခွာ သတ္တဝါအားလုံးတွက်ငှာ
စွန့် ပယ်ခွာလျှက် အမှန်လမ်းစဉ်
မြတ်ကျင့်စဉ်ကို ဆရာမပါ
ကိုယ်တိုင်သာပင် တောမြိုင်တန်းမှာ
အေးချမ်းစွာ ရှာဖွေခဲ့သူတစ်ဦး။
ထိုသူမြတ်ကား………
ငြင်းပယ်လို့ မရ အမှန်လမ်းကိုပြသည့်
အမှန်းတရားသခင် ဘုရားရှင်ခေါ်
မြတ်စွာဗုဒ္ဓ ဂေါဓ္ဓမဘုရားပင်တည်း။
အရှင်မြတ်ဘုရား၏ နေ့ ထူးမြတ်အား
ဦးထိပ်မှာတင် စိတ်ကြည်လင်စွာဖြင့်
ဘာသာတရား လေးစားသောအားဖြင့်
ဤ နေ့ မြတ်အား အမှုးထား၍
ဘုရာတပည့်တော် ရှိခိုးပူဇော်
ကန်တော့အပ်ပါသည်။
ဗုဒ္ဓနေ့ ထူးနေ့ မြတ်မှာ
သတ္တဝါမှန်သမျှ အမှားအမှန်
အသိဥာဏ်ကို ကောင်းစွာ
ရရှိကြပါစေ…………
သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@
0 မှတ်ချက်:
Post a Comment