Sunday, May 19, 2013

နှလုံးသားနဲ့  နားထောင်ပါသူငယ်ချင်း…………


နှလုံးသားနဲ့ နားထောင်ပါသူငယ်ချင်း…………

ခင်စရာကောင်းသော မြန်မာပြည်ရဲ့ အထာနဲ့ 

မင်္ဂလာပါသူငယ်ချင်း………

လူဆင်းရဲစာရင်းမှာ မင်းပါနေလို့ 

ကျောင်းနေဖို့ ကိစ္စ စိတ်ဓာတ်မကျပါနဲ့ သူငယ်ချင်း

တက်အနင်းခံရမဲ့ ဘဝဆိုပီးတော့ပေါ့။



လူလောကကြီးက…………

မလှတဲ့သူကိုတော့ ရုပ်ဆိုးသတဲ့ကွ!!!!

အတဲ့လူကိုကျတော့ လူရိုးတဲ့လေ…

ဆင်းရဲတဲ့လူမျိုးဆို သူခိုးလို့ ……

ဆိုနေကြတာ…… လူ့ သဘာဝပါကွာ။



တောက်ပြောင်တဲ့ လူတွေကြား

ကျောင်းတက်ဖို့  ဖိနပ်မရှိ……

ပက်ကျိလို ……… မင်းစိတ်ဓာတ်ကျ

ငါအိပ်လို့ ရတယ်များ မင်းထင်နေလား????

သန်းခေါင်ကျော် သည်အထိပေါ့။



မနက်ကျောင်းစအတက်………

ဖိနပ်နှစ်ဖက်ကို ခါးမှာထိုး…

မင်းနဲ့ အတူဒိုးမယ်ကွာ……

ဒီကမ္ဘာမှာ ဖိနပ်မပါဘဲ ကျောင်းလာတက်ရဲတာ

မင်းနဲ ငါ့ဆိုတာသိပီး မင်းအားရှိစေချင်လို့ ပါ

အမေဆူမှာ မစိုးခဲ့ပါဘူး…………

အမေဆွဲဆိတ်ပါစေကွာ မင်းစိတ်အားမငယ်ရင်

ငါကျေနပ်ပါတယ်။



အဲဒီကိစ္စ အမေသိပီး ငါနဖူးကို……

စူစူကြည့်ထူးထူးထိထိ မွှေးမွှေးပေးခဲ့တယ်

အဖေကတော့ သူ့ ရင်အုပ်မှာကပ်ထားပီး

ငါ့သားကြီးရယ်တဲ့……?????

ဒီစကားရဲ့ နောက်ကွယ်မှာ………

ဘာအဓိပ္ပာယ်ဆိုတာ ငါပဲသိတယ်သူငယ်ချင်း။

မင်းငါ့ထက်စာအများကြီး တော်ပါတယ်ကွာ



မျက်နှာငယ်စရာမလိုပါဘူး…………

အဆင်ပြေစွာ ကျင်လည်သူတွေအလယ်မှာ

ငါသူကြွယ်တစ်ယောက်သား မဟုတ်ငြားလည်း

ငါ့မုန့် ဖိုးကို မသုံးပဲဘေးဖယ်…………

စာအုပ်တွေဝယ်တာ မင်းအတွက်ပါ

ပညာအရောင်ထွန်းပီး…………

သမ္မတကြီး လင်ကွန်းလိုကြိုးစားပါ။



ဘယ်ကိုရောက်ရောက် မမေ့မပျောက်ပဲ

မင်းကိုသတိရစေချင်တာက………

ငါ့ကိုမဟုတ်ဘူးနော်…………

စာအုပ်ဖိနပ်စုတ်ပြတ်ပြတ်နဲ့ 

မိုးရေထဲမှာထီးဗလာနဲ့  ကျောင်းကိုဒိုးတဲ့

လူဆင်းရဲမျိုး မင်းလိုဘဝမျိုးတွေ

ငါတို့ ပြည်မှာ များကြီးရှိတာတွေ

ခေါင်မိုးမလုံ ချမ်းတုန်းလို့  စောင်မခြုံနိုင်တဲ့

ဆင်းရဲသူတွေရဲ့ ဘဝတွေကို ပါသူငယ်ချင်းရာ။

ညနက်ပီမို့ မျက်ရည် စို့ လျှက်ငါနှုတ်ဆက်ပါတယ်

နှလုံးသားနဲ့  နားထောင်ပါသူငယ်ချင်း…………

                     သိုက်ကြီး(ကျောက်ပန်းတောင်း)





1 မှတ်ချက်:

Android လုလင် said...

ဖြောင်း ဖြောင်း ဖြောင်း
နရင်းအုပ်တာ ဟုတ်ဝူးးနော်
တအားကြိုက်ဝါးယို့
တအားတီးလိုက်တာ
အရမ်းကြိုက်တယ် အရမ်းမိုက်တယ်ဗျာ
ဖြောင်း ဖြောင်း ဖြောင်း

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here