ရာသီစက်ဝိုင်း……
တစ်ပတ်လှည့်တဲ့အခါ
...
မိုးဥတုရယ် ……
ဆောင်းဥတုရယ်………
ခြောက်သွေ့ လွန်းတဲ့
နွေရယ်ဖြစ်လာတယ်။
အာကာဝဠာရဲ့
မိုးမြင့်ထက်မှာ
နတ်ခတ်ပွဲသဘင်
ကျင်းပတဲ့အခါ……
လင်းလိုက်တဲ့……
ကြယ်လေးတွေရယ်။
မင်းနဲ့ ငါ……
သူတို့ လို……
နီးကြဖို့ မလွယ်
ဝေးကြီးဝေးပီ……
ကျောင်းအရိပ်က
"ခင်ခက်ခက်ခိုင်"ရေ……။
ပျော်ရွှင်ကြည်နူး
နေ့ ရက်လေးတွေ……
အနမ်းပန်းလေးတွေ……
တွေးကြည့်လိုက်ရင်……
ရင်မှာမချိအောင်လေ……
ခုတော့လဲကွာ
မင်းနဲ့ ဒို့ ဟာ…
နှုတ်ဆက်ခွဲခွာ……
အဝေးဆုံးဝေးဆီ……
စည်းခြားသွာပြီ……
နှုတ်ဆက်လိုက်တယ်လေ…
ကျောင်းအရိပ်က……
"ခင်ခက်ခက်ခိုင်"ရေ……။
သံသရာရေစက်
ပနှက်ချတဲ့ခါ……
မင်းနဲ့ ဒို့ ဟာ…
ရိုးရှင်းခဲ့တာ……
မင်းလဲအသိပါ…
ခုဘဝတော့ကွာ…
ပြုံးပြလို့ သာ……
နှုတ်ဆက်ခဲ့ပီလေ……
ကျောင်းအရိပ်က
"ခင်ခက်ခက်ခိုင်" ရေ……။
သိုက်ကြီး(ကျောက်ပန်းတောင်း)kpgtheik@gmail.com
0 မှတ်ချက်:
Post a Comment