မိုးရေမစိုဖို့ 
သစ်ရိပ်မှာခိုတဲ့
...
ပျိုမေ ……
လုပ်မနေပါနဲ့ တော့လေ
ဟောဟိုတောင်ရိုးမှာ
တိမ်ခိုးငယ်ဝေ………
စွေတော့မဲ့မိုးမလို့ 
ရွှဲချင်ရွှဲပါစေ……
ပြေကြစို့ လေ…
ဟိုတောင်တစ်ခွင်က
မိုးရိပ်မြင်ရရင်
ပြေးဖို့ ရာပြင်
မိုးရွာမှာအမှန်ပင်။
အဖွားပြောသလိုမျိုး
တောင်ရိုးကို……
တိမ်…ခါးချိုရင်
မိုးရွာမည်ပင်။
တိမ်ဖြူတွေဖြတ်သန်း
တောင်ထိပ်နခမ်းဆိုရင်တော့
လုပ်ငန်ခွင် ဝင်ပေတော့
လုံမခင်……
နေသာမှာ အမှန်ပင်။
သာယာအေးချမ်း
ထုံးတမ်းစဉ်စာ
သိထားပါမှ
သဟဇာတ
မျှမျှတတ
နေကြရမယ်…
လုံမငယ်…။
ဒီထက်သိလိုက
အဖွားကိုသာ
သွားမေးကြပေါ့
ငါတော့အိမ်ချင်ပီ။
တိမ်ဖြူလေးတွေ
ပြေးလွှားနေတဲ့
ပုပ္ပါးမြေရဲ့
အငွေအသက်ကို
ဘယ်လိုမေ့ရလဲ
အတွေးထဲလဲ
အိမ်ပဲပြန်ချင်တယ်
အို…… ပုပ္ပါးရယ်……။
သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@
0 မှတ်ချက်:
Post a Comment